သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သေႏၶသားဖ်က္ခ်ခြင့္ ျပန္ရေရး ႀကိဳးပမ္းၾကဖို႔ သမၼတဘိုင္ဒန္ တိုက္တြန္း


Supreme Court Abortion

အေမရိကန္ တရား႐ုံးခ်ဳပ္ ဆုံးျဖတ္ခ်က္ေၾကာင့္ အနည္းဆုံး ျပည္နယ္ (၁၃) ခု မွာ သေႏၶသားဖ်က္ခ်ခြင့္ တားျမစ္တဲ့ဥပေဒကို အသက္သြင္းႏိုင္ဖို႔ ရွိေနပါတယ္။

ဖြဲ႕စည္းပုံဆိုင္ရာ အမ်ိဳးသမီးအခြင့္အေရးအျဖစ္ ႏွစ္ေပါင္း ၅၀ နီးပါး ေပးအပ္ခဲ့တဲ့ ဒီအခြင့္အေရးအရ ကိုယ္ဝန္ (၃) လ မေက်ာ္ခင္ သေႏၶသားဖ်က္ခ်ခြင့္ ရွိခဲ့ရာကေန အခုေတာ့ တားျမစ္ခံရဖို႔ ျဖစ္လာတာပါ။

သမိုင္းဝင္ Roe vs. Wade စီရင္ထုံးနဲ႔ ကိုယ္ဝန္ဖ်က္ခ်ခြင့္ေပးလာခဲ့တာကို ကြန္ဆာေဗးတစ္ တရားသူႀကီးေတြ ႀကီးစိုးလာတဲ့ တရား႐ုံးခ်ဳပ္က မေန႔က မပယ္ဖ်က္ခင္ကတည္းက ျပည္နယ္တခ်ိဳ႕မွာ အခုလိုတားျမစ္မႈ အသက္သြင္းႏိုင္တဲ့ ဥပေဒတခ်ိဳ႕ကို ႏွစ္ေတြနဲ႔ခ်ီ ခ်မွတ္ထားတာ ရွိသလို၊ သိပ္မၾကာခင္ကမွ ခ်မွတ္လာတဲ့ ျပည္နယ္ေတြလည္း ရွိပါတယ္။

ဒါေၾကာင့္ တခ်ိဳ႕ျပည္နယ္ေတြအေနနဲ႔ သူတို႔ရဲ႕ ဒီသေႏၶသားတားျမစ္မႈ ဥပေဒေတြကို ခ်က္ခ်င္း အသက္သြင္းလိုက္လို႔ရသလို၊ တျခားျပည္နယ္ေတြကလည္း မၾကာခင္ လိုက္လုပ္လာႏိုင္ပါတယ္။

အခု တရား႐ုံးခ်ဳပ္ဆုံးျဖတ္ခ်က္ေၾကာင့္ သေႏၶသားဖ်က္ခ်ခြင့္တားျမစ္ဖို႔ လက္ေတြ႕အသက္သြင္းႏိုင္တဲ့ ဥပေဒ ရွိထားၿပီးသား ျပည္နယ္ေတြကေတာ့ Arkansas ၊ Idaho ၊ Kentucky ၊ Louisiana ၊ Mississippi ၊ Missouri ၊ ေျမာက္ Dakota ၊ Oklahoma ၊ ေတာင္ Dakota ၊ Tennessee ၊ Texas ၊ Utah နဲ႔ Wyoming ျပည္နယ္ေတြ ျဖစ္ပါတယ္။

လက္ရွိ အေမရိကန္သမၼတ အပါအဝင္ ကမာၻ႔ေခါင္းေဆာင္မ်ားစြာက အခု တရား႐ုံးခ်ဳပ္ဆုံးျဖတ္ခ်က္ကို ဆန႔္က်င္ေနခ်ိန္မွာ၊ သမၼတေဟာင္း Donald Trump ကေတာ့ ႀကိဳဆိုလိုက္ၿပီး၊ သူ႔လက္ထက္မွာ ခန႔္အပ္ႏိုင္ခံတဲ့ တရားသူႀကီးတခ်ိဳ႕ရဲ႕ ေထာက္ခံမႈနဲ႔ ဆုံးျဖတ္ႏိုင္ခဲ့တာေၾကာင့္ ေအာင္ျမင္မႈအျဖစ္ ေျပာခဲ့ပါတယ္။

=== Unicode ====

အမေရိကန် တရားရုံးချုပ် ဆုံးဖြတ်ချက်ကြောင့် အနည်းဆုံး ပြည်နယ် (၁၃) ခု မှာ သန္ဓေသားဖျက်ချခွင့် တားမြစ်တဲ့ဥပဒေကို အသက်သွင်းနိုင်ဖို့ ရှိနေပါတယ်။

ဖွဲ့စည်းပုံဆိုင်ရာ အမျိုးသမီးအခွင့်အရေးအဖြစ် နှစ်ပေါင်း ၅၀ နီးပါး ပေးအပ်ခဲ့တဲ့ ဒီအခွင့်အရေးအရ ကိုယ်ဝန် (၃) လ မကျော်ခင် သန္ဓေသားဖျက်ချခွင့် ရှိခဲ့ရာကနေ အခုတော့ တားမြစ်ခံရဖို့ ဖြစ်လာတာပါ။

သမိုင်းဝင် Roe vs. Wade စီရင်ထုံးနဲ့ ကိုယ်ဝန်ဖျက်ချခွင့်ပေးလာခဲ့တာကို ကွန်ဆာဗေးတစ် တရားသူကြီးတွေ ကြီးစိုးလာတဲ့ တရားရုံးချုပ်က မနေ့က မပယ်ဖျက်ခင်ကတည်းက ပြည်နယ်တချို့မှာ အခုလိုတားမြစ်မှု အသက်သွင်းနိုင်တဲ့ ဥပဒေတချို့ကို နှစ်တွေနဲ့ချီ ချမှတ်ထားတာ ရှိသလို၊ သိပ်မကြာခင်ကမှ ချမှတ်လာတဲ့ ပြည်နယ်တွေလည်း ရှိပါတယ်။

ဒါကြောင့် တချို့ပြည်နယ်တွေအနေနဲ့ သူတို့ရဲ့ ဒီသန္ဓေသားတားမြစ်မှု ဥပဒေတွေကို ချက်ချင်း အသက်သွင်းလိုက်လို့ရသလို၊ တခြားပြည်နယ်တွေကလည်း မကြာခင် လိုက်လုပ်လာနိုင်ပါတယ်။

အခု တရားရုံးချုပ်ဆုံးဖြတ်ချက်ကြောင့် သန္ဓေသားဖျက်ချခွင့်တားမြစ်ဖို့ လက်တွေ့အသက်သွင်းနိုင်တဲ့ ဥပဒေ ရှိထားပြီးသား ပြည်နယ်တွေကတော့ Arkansas ၊ Idaho ၊ Kentucky ၊ Louisiana ၊ Mississippi ၊ Missouri ၊ မြောက် Dakota ၊ Oklahoma ၊ တောင် Dakota ၊ Tennessee ၊ Texas ၊ Utah နဲ့ Wyoming ပြည်နယ်တွေ ဖြစ်ပါတယ်။

လက်ရှိ အမေရိကန်သမ္မတ အပါအဝင် ကမ္ဘာ့ခေါင်းဆောင်များစွာက အခု တရားရုံးချုပ်ဆုံးဖြတ်ချက်ကို ဆန့်ကျင်နေချိန်မှာ၊ သမ္မတဟောင်း Donald Trump ကတော့ ကြိုဆိုလိုက်ပြီး၊ သူ့လက်ထက်မှာ ခန့်အပ်နိုင်ခံတဲ့ တရားသူကြီးတချို့ရဲ့ ထောက်ခံမှုနဲ့ ဆုံးဖြတ်နိုင်ခဲ့တာကြောင့် အောင်မြင်မှုအဖြစ် ပြောခဲ့ပါတယ်။

XS
SM
MD
LG