သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဒီပဲယင္း လက္ယက္ကုန္းမွာ အစုလိုက္သတ္ခံရမႈ ကန႔္ကြက္ေၾကာင္း ကိုရီးယားနဲ႔ ျမန္မာေတြ စုေပါင္းဆႏၵျပ


ျမန္မာနဲ႔ကိုရီယား ႏိုင္ငံသားမ်ား ျမန္မာစစ္သံ႐ုံးနဲ႔ ျမန္မာသံ႐ုံးေရွ႕မွာ ဆႏၵျပ (ဓါတ္ပံု - ျမန္မာ့ဒီမိုကေရစီအင္အားစုမ်ား - ကိုရီးယား)

စစ္ကိုင္းတိုင္း ဒီပဲယင္းၿမိဳ႕နယ္ လက္ယက္ကုန္းေက်း႐ြာမွာ ေဒသခံေတြ ဖြင့္လွစ္ထားတဲ့ ကိုယ္ထူကိုယ္ထ စာသင္ေက်ာင္းတစ္ေက်ာင္းကို စစ္ေကာင္စီေလေၾကာင္းကေန ဗုံးႀကဲတိုက္ခိုက္ခဲ့တဲ့အတြက္ ကေလးသူငယ္ေတြ အစုလိုက္အၿပဳံလိုက္ ေသဆုံးခဲ့မူအေပၚ ေတာင္ရီယားႏိုင္ငံဆိုလ္းၿမိဳ႕မွာ ျမန္မာနဲ႔ကိုရီယား ႏိုင္ငံသား ၅၀၀ ေလာက္ ျမန္မာစစ္သံ႐ုံးနဲ႔ ျမန္မာသံ႐ုံးေရွ႕မွာ ကန႔္ကြက္ဆႏၵျပခဲ့ပါတယ္။ ဒီသတင္းကို ဗြီအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္

စစ္ကိုင္းတိုင္း ဒီပဲယင္းၿမိဳ႕နယ္ လက္ယက္ကုန္းေက်း႐ြာမွာ ေဒသခံေတြ ဖြင့္လွစ္ထားတဲ့ ကိုယ္ထူကိုယ္ထ စာသင္ေက်ာင္းတစ္ေက်ာင္းကို စစ္ေကာင္စီက စက္တင္ဘာလ (၁၆) ရက္ေန႔က ေလေၾကာင္းကေန ဗုံးႀကဲတိုက္ခိုက္ခဲ့တဲ့အတြက္ ကေလးသူငယ္ေတြ ေသဆုံးမူ႔ျဖစ္ခဲ့တာပါ။ အျပစ္မဲ့ကေလးသူငယ္ေတြကို အစုအၿပဳံလိုက္ သတ္ျဖတ္ခဲ့တာကို ကန႔္ကြက္ရႈံခ်တဲ့အေၾကာင္း ကိုရီးယားႏိုင္ငံသားေတြေကာ ျမန္မာႏိုင္ငံသားေတြပါ စက္တင္ဘာလ (၂၅) ရက္ေန႔က ဆႏၵထုတ္ေဖာ္ခဲ့ၾကတာပါ။

အမ်ိဳသားညီၫြတ္ေရးအစိုးရ ကိုရီးယားႏိုင္ငံဆိုင္ရာကိုယ္စားလွယ္ ဦးရန္ႏိုင္ထြန္းက အခုလို ေျပာပါတယ္။

"လူငယ္ေတြ ကေလးသူငယ္ေတြ ကို စစ္ေကာင္စီကေန မညႇာမတာ ရက္ရက္စက္စက္ ရဟတ္ယာဥ္နဲ႔ ဗုံးႀကဲတိုက္ခိုက္ခဲ့တဲ့အတြက္ လုပ္ရပ္ကို က်ေနာ္တို႔ ကန႔္ကြက္ရႈတ္ခ်တယ္ဆိုတာ ကိုရီးယားႏိုင္ငံက က်ေနာ္တို႔ ျမန္မာႏိုင္ငံသားေတြ ကိုရီးယားႏိုင္ငံသားေတြ ကိုရီးယားအစိုးရ မဟုတ္တဲ့အဖြဲ႔အစည္းေတြ ပူးေပါင္းၿပီး အခုလို ဆႏၵျပေနၾကတာ ျဖစ္ပါတယ္။ စစ္သံ႐ုံးေရွ႕မွာ ဆႏၵျပပါတယ္။ စစ္သံ႐ုံးတံခါးေပါက္ေရွ႕မွာပဲ သတင္းစာရွင္းလင္းပြဲ လုပ္ခဲ့ပါတယ္။ စစ္ေကာင္စီသံ႐ုံးကို ကိုရီးယားေျမေပၚမွာ အလိုမရွိဘူး။ အျမန္ဆုံးထြက္သြားဖို႔ ကိုရီးယားျပည္သူျပည္သားေတြက ေတာင္းဆိုသြားမယ္ဆိုတာေတြကို ေျပာခဲ့ပါတယ္။"

ဆႏၵျပပြဲမွာ ဦးေဆာင္ပါဝင္သူတဦးျဖစ္တဲ့ ျမန္မာ့ဒီမိုကေရစီကြန္ယက္ရဲ႕ဥကၠ႒ ကိုရီးယားႏိုင္ငံသား ေဂ်ာင္ေဘာင္လဲ့ ကေတာ့ ကိုရီးယားဘာသာစကားနဲ႔ အခုလိုေျပာသြားပါတယ္။

"သတ္ျဖတ္ေနတာေတြဟာ လူအခြင့္ေရးခ်ိဳးေဖာက္တာ လူသားမဆန္တဲ့ လုပ္ရပ္ျဖစ္လို႔ က်ေနာ္ကမာၻႀကီးေျမႀကီးမွာ ဒီလိုလုပ္ရပ္မ်ိဳး လုံးဝမရွိသင့္ပါဘူး။"

ျမန္မာစစ္တပ္ဟာ ျပည္သူကို အကာကြယ္ေပးဖို႔ လိုအပ္တယ္လို႔လည္း ဥကၠ႒ ေဂ်ာင္ေဘာင္လဲ့က အခုလို ေျပာပါတယ္။

"စစ္တပ္ဆိုတာ ျပည္သူေတြရဲ႕အသက္အိုအိမ္းစည္းစိမ္ေတြကို ကာကြယ္ေပးရမယ့္ တာဝန္ ရိွပါတယ္။ ဒါေပမဲ့ စစ္တပ္ကေတာ့ ျပည္သူေတြကို သတ္ျဖတ္ေနတဲ့အတြက္ အင္မတန္ယုတ္မာတာ ဆိုးသြမ္းတဲ့သူေတြ ျဖစ္ပါတယ္။"

ကိုရီးယားျပည္သူေတြဟာ ျမန္မာျပည္သူေတြနဲ႔အတူ အတူရွိေနမယ္လို႔လဲ ေဂ်ာင္ေဘာင္လဲ့က ဆက္ေျပာျပပါတယ္။

"ကိုရီးယားျပည္သူေတြဟာ ျမန္မာ့ဒီမိုကေရစီကို အတူတကြ အားေပးသြားပါမယ္။ ေထာက္ခံသြားပါမယ္။ အတူတကြပဲ ျမန္မာ့ဒီမိုကေရစီ ရရွိတဲ့အထိ တိုက္ပြဲဝင္သြားပါမယ္။ ျမန္မာႏိုင္ငံသားေတြ အားတင္းထားပါ။ အားမေလ်ာ့ဘဲ ဒီမိုကေရစီရရွိတဲ့အထိ တိုက္ပြဲဝင္သြားၾကပါ။"

ျမန္မာျပည္မွာစစ္တပ္က အာဏာသိမ္းၿပီးတဲ့ေနာက္ ျမန္မာအေရးကို ကိုရီးယားအစိုးရနဲ႔ ကိုရီးယားႏိုင္ငံသားေတြက ေထာက္ခံအားေပးမူေတြ ရွိခဲ့ၿပီး၊ ကိုရီးယားဘုန္းေတာ္ႀကီးေတြကလည္း အခုလို ကေလးသူငယ္ေတြကို ေလေၾကာင္းကေန ဗုံးႀကဲသတ္ျဖတ္မူနဲ႔ ပတ္သက္ၿပီး၊ ၿပီးခဲ့တဲ့ရက္ကပဲ ျမန္မာသံ႐ုံးေရွ႕မွာ ကန႔္ကြက္ဆႏၵထုတ္ေဖာ္ခဲ့ပါတယ္။

ျမန္မာစစ္တပ္ရဲ႕ ေလေၾကာင္း တိုက္ခိုက္မႈမွာ ကေလးငယ္ (၁၁) ဦးအပါအဝင္၊ လူ (၁၃) ဦး ေသဆုံးခဲ့တဲ့အၾကာင္း၊ ကုလသမဂၢအဖြဲ႔အစည္းေတြနဲ႔ လူ႔အခြင့္အေရး အဖြဲ႔ေတြက သတင္းထုတ္ျပန္ထားေပမယ့္ စစ္ေကာင္စီဘက္ကေတာ့ မဟုတ္ဘူးလို႔ ျငင္းဆိုထားပါတယ္ရွင္။

=== Unicode ===

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာမှာ ဒေသခံတွေ ဖွင့်လှစ်ထားတဲ့ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတစ်ကျောင်းကို စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကလေးသူငယ်တွေ အစုလိုက်အပြုံလိုက် သေဆုံးခဲ့မူအပေါ် တောင်ရီယားနိုင်ငံဆိုလ်းမြို့မှာ မြန်မာနဲ့ကိုရီယား နိုင်ငံသား ၅၀၀ လောက် မြန်မာစစ်သံရုံးနဲ့ မြန်မာသံရုံးရှေ့မှာ ကန့်ကွက်ဆန္ဒပြခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာမှာ ဒေသခံတွေ ဖွင့်လှစ်ထားတဲ့ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတစ်ကျောင်းကို စစ်ကောင်စီက စက်တင်ဘာလ (၁၆) ရက်နေ့က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကလေးသူငယ်တွေ သေဆုံးမူ့ဖြစ်ခဲ့တာပါ။ အပြစ်မဲ့ကလေးသူငယ်တွေကို အစုအပြုံလိုက် သတ်ဖြတ်ခဲ့တာကို ကန့်ကွက်ရှုံချတဲ့အကြောင်း ကိုရီးယားနိုင်ငံသားတွေကော မြန်မာနိုင်ငံသားတွေပါ စက်တင်ဘာလ (၂၅) ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

အမျိုသားညီညွတ်ရေးအစိုးရ ကိုရီးယားနိုင်ငံဆိုင်ရာကိုယ်စားလှယ် ဦးရန်နိုင်ထွန်းက အခုလို ပြောပါတယ်။

"လူငယ်တွေ ကလေးသူငယ်တွေ ကို စစ်ကောင်စီကနေ မညှာမတာ ရက်ရက်စက်စက် ရဟတ်ယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် လုပ်ရပ်ကို ကျနော်တို့ ကန့်ကွက်ရှုတ်ချတယ်ဆိုတာ ကိုရီးယားနိုင်ငံက ကျနော်တို့ မြန်မာနိုင်ငံသားတွေ ကိုရီးယားနိုင်ငံသားတွေ ကိုရီးယားအစိုးရ မဟုတ်တဲ့အဖွဲ့အစည်းတွေ ပူးပေါင်းပြီး အခုလို ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။ စစ်သံရုံးရှေ့မှာ ဆန္ဒပြပါတယ်။ စစ်သံရုံးတံခါးပေါက်ရှေ့မှာပဲ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။ စစ်ကောင်စီသံရုံးကို ကိုရီးယားမြေပေါ်မှာ အလိုမရှိဘူး။ အမြန်ဆုံးထွက်သွားဖို့ ကိုရီးယားပြည်သူပြည်သားတွေက တောင်းဆိုသွားမယ်ဆိုတာတွေကို ပြောခဲ့ပါတယ်။"

ဆန္ဒပြပွဲမှာ ဦးဆောင်ပါဝင်သူတဦးဖြစ်တဲ့ မြန်မာ့ဒီမိုကရေစီကွန်ယက်ရဲ့ဥက္ကဋ္ဌ ကိုရီးယားနိုင်ငံသား ဂျောင်ဘောင်လဲ့ ကတော့ ကိုရီးယားဘာသာစကားနဲ့ အခုလိုပြောသွားပါတယ်။

"သတ်ဖြတ်နေတာတွေဟာ လူအခွင့်ရေးချိုးဖောက်တာ လူသားမဆန်တဲ့ လုပ်ရပ်ဖြစ်လို့ ကျနော်ကမ္ဘာကြီးမြေကြီးမှာ ဒီလိုလုပ်ရပ်မျိုး လုံးဝမရှိသင့်ပါဘူး။"

မြန်မာစစ်တပ်ဟာ ပြည်သူကို အကာကွယ်ပေးဖို့ လိုအပ်တယ်လို့လည်း ဥက္ကဋ္ဌ ဂျောင်ဘောင်လဲ့က အခုလို ပြောပါတယ်။

"စစ်တပ်ဆိုတာ ပြည်သူတွေရဲ့အသက်အိုအိမ်းစည်းစိမ်တွေကို ကာကွယ်ပေးရမယ့် တာဝန် ရှိပါတယ်။ ဒါပေမဲ့ စစ်တပ်ကတော့ ပြည်သူတွေကို သတ်ဖြတ်နေတဲ့အတွက် အင်မတန်ယုတ်မာတာ ဆိုးသွမ်းတဲ့သူတွေ ဖြစ်ပါတယ်။"

ကိုရီးယားပြည်သူတွေဟာ မြန်မာပြည်သူတွေနဲ့အတူ အတူရှိနေမယ်လို့လဲ ဂျောင်ဘောင်လဲ့က ဆက်ပြောပြပါတယ်။

"ကိုရီးယားပြည်သူတွေဟာ မြန်မာ့ဒီမိုကရေစီကို အတူတကွ အားပေးသွားပါမယ်။ ထောက်ခံသွားပါမယ်။ အတူတကွပဲ မြန်မာ့ဒီမိုကရေစီ ရရှိတဲ့အထိ တိုက်ပွဲဝင်သွားပါမယ်။ မြန်မာနိုင်ငံသားတွေ အားတင်းထားပါ။ အားမလျော့ဘဲ ဒီမိုကရေစီရရှိတဲ့အထိ တိုက်ပွဲဝင်သွားကြပါ။"

မြန်မာပြည်မှာစစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် မြန်မာအရေးကို ကိုရီးယားအစိုးရနဲ့ ကိုရီးယားနိုင်ငံသားတွေက ထောက်ခံအားပေးမူတွေ ရှိခဲ့ပြီး၊ ကိုရီးယားဘုန်းတော်ကြီးတွေကလည်း အခုလို ကလေးသူငယ်တွေကို လေကြောင်းကနေ ဗုံးကြဲသတ်ဖြတ်မူနဲ့ ပတ်သက်ပြီး၊ ပြီးခဲ့တဲ့ရက်ကပဲ မြန်မာသံရုံးရှေ့မှာ ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

မြန်မာစစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုမှာ ကလေးငယ် (၁၁) ဦးအပါအဝင်၊ လူ (၁၃) ဦး သေဆုံးခဲ့တဲ့အကြာင်း၊ ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက သတင်းထုတ်ပြန်ထားပေမယ့် စစ်ကောင်စီဘက်ကတော့ မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်ရှင်။

XS
SM
MD
LG