သီရိလင်္ကာရဲ့ လူထုလှုပ်ရှားမှုဟာ တနင်္ဂနွေနေ့မှာ ရက် ၁၀၀ ပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။ သမ္မတတစ်ယောက် ထွက်သွားခဲ့ရပြီး၊ ယခုအခါမှာ သမ္မတအသစ်အပေါ် စောင့်ကြည့်နေကြပါပြီ။ တိုင်းပြည်ရဲ့ စီးပွါးရေး အကျပ်အတည်းကတော့ ဆက်လက်ကြုံနေရဆဲဖြစ်ပါတယ်။
ဆန္ဒပြသူတွေက သမ္မတအိမ်တော်ကို ဝင်ရောက်ခဲ့ပြီးတဲ့နောက် သမ္မတ Gotabaya Rajapaksa ထွက်ပြေးခဲ့ရပြီး၊ ကြာသပတေးနေ့က သမ္မတအဖြစ်က အနားယူခဲ့ရပါတယ်။ လူများစုဗုဒ္ဓဘာသာဝင်တွေ၊ လူနည်းစု တမီးလ်နဲ့ မွတ်ဆလင်တွေကြားမှာ လူမျိုးရေးအရ ကွဲပြားလေ့ရှိကြပေမဲ့ အစိုးရဆန့်ကျင်လှုပ်ရှားမှုတွေမှာတော့ တညီတညွတ်ထဲ ဆန္ဒပြသူတွေဟာ ဖေ့စ်ဘွတ်ခ်၊ တွစ်တာနဲ့ တစ်တော့ လူမှုစာမျက်နှာတွေကနေ စည်းရုံး လှုပ်ရှားခဲ့ကြတာပါ။ စီးပွါးရေး ကျပ်တည်းလာတာကြောင့် လူနည်းစု မွတ်ဆလင် တမီးလ်တွေဟာ လူများစု Sinhalese တွေနဲ့ စည်းလုံးခဲ့ကြပြီး၊ တချိန်က အာဏာကြီးခဲ့တဲ့ Rajapaksa မျိုးနွယ်စုကို ဖြုတ်ချနိုင်ခဲ့ကြပါတယ်။
သီရိလင်္ကာ ဖွဲ့စည်းပုံအရ၊ ဝန်ကြီးချုပ်ဟာ အလိုအလျောက် ယာယီသမ္မတ ဖြစ်လာရပြီး မစ္စတာ ရာနီး ဝစ်ကရီမီဆင်ဂေး Ranil Wickremesinghe ကို လာမယ့်အပတ်မှာ လွှတ်တော်က အတည်ပြုလိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။ သိရိလင်္ကာပါလီမန်မှာ အမတ်နေရာ ၂၂၅ နေရာ ရှိတဲ့ အနက် Rajapaksas ရဲ့ SLPP party က အမတ်နေရာ ၁၀၀ ကျော် ရရှိထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ ရာဇပတ်စ မျိုးနွယ်စုရဲ့ မဟာမိတ် ဖြစ်တာကြောင့် ဆန္ဒပြသူတွေက မကြိုက်ကြပါဘူး။ သမ္မတအိမ်တော်ကို ဝင်စီးတဲ့ အချိန်မှာ ဆန္ဒပြသူတွေဟာ သူ့ရဲ့ ကိုယ်ပိုင် အိမ်ကိုလည်း မီးရှို့ခဲ့ကြတာပါ။
“မစ္စတာ ရာနီး ဝစ်ကရီမီဆင်ဂေး Ranil Wickremesinghe ကို ပစ်မှတ်ထား လှုပ်ရှားဖို့ လှုပ်ရှားကြတဲ့ အုပ်စုတွေ ကြားမှာ ဆွေးနွေးနေကြတယ်” လို့ ဆန္ဒပြသူတွေ ရဲ့ ပြောရေးဆိုခွင့်ရှိသူက အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။
=== Unicode ====
“မစ်စတာ ရာနီး ဝဈကရီမီဆငျဂေး Ranil Wickremesinghe ကို ပဈမှတျထား လှုပျရှားဖို့ လှုပျရှားကွတဲ့ အုပျစုတှေ ကွားမှာ ဆှေးနှေးနကွေတယျ” လို့ ဆန်ဒပွသူတှေ ရဲ့ ပွောရေးဆိုခှင့ျရှိသူက အအေကျဖျပီ သတငျးဌာနကို ပွောပါတယျ။