သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သီရိလင်္ကာသမ္မတအိမ်ထဲ ဆန္ဒပြသူတွေဝင်ရောက်


SRI LANKA-CRISIS/
SRI LANKA-CRISIS/

နိုင်ငံရေးအကြပ်အတည်းတွေ ဖြစ်နေတဲ့ သီရိလင်္ကာနိုင်ငံမှာ ဒီကနေ့စနေနေ့မှာပဲ ထောင်ပေါင်းများစွာသော ဆန္ဒပြသူတွေက သမ္မတကို ရာထူးကနှုတ်ထွက်ပေးဖို့တောင်းဆိုကြပြီး၊ သမ္မတအိမ်တော်ဝင်းအတွင်း ချိုးဖျက်ဝင်ရောက်ခဲ့ကြပါတယ်။ ဆန္ဒပြသူတွေ သမ္မတအိမ်တော်ကို စုဝေးလာနေချိန်မှာ သမ္မတကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

အကြီးမားဆုံး ဆန္ဒပြပွဲတခုဖြစ်ပြီး ထောင်ပေါင်းများစွာသော ဆန္ဒပြသူတွေဟာ သီရိလင်္ကာနိုင်ငံ အနယ်နယ်အရပ်ရပ်ကနေ ရထားတွေ ကားတွေနဲ့ မြို့တော်ကိုလံဘိုကို ရောက်ရှိလာကြတာပါ။ စီးပွားရေးအကြပ်တည်းကို ပြေလည်အောင် ဖြေရှင်းမပေးနိုင်တဲ့အတွက် သမ္မတ Gotabaya Rajapaksa ကို နှုတ်ထွက်ပေးဖို့ တောင်းဆိုကြပါတယ်။

သမ္မတကို စစ်တပ်က လုံခြုံရေးပေးထားပြီး။ သမ္မတအဖြစ် ဆက်လက်ရှိနေတယ်လို့ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။ တချိန်ထဲမှာဘဲ သမ္မတ ရာဂျာပါကစာ နှုတ်ထွက်ရင် သမ္မတ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားတဲ့ ဝန်ကြီးချုပ် Ranil Wickremesinghe က အရေးပေါ် အစိုးရဝန်ကြီးများ အစည်းအဝေး ခေါ်ယူခဲ့ပါတယ်။

ဆန္ဒပြသူတွေက လူမှုကွန်ယက်ပေါ်မှာ ဖေါ်ပြခဲ့တဲ့ ဗွီဒီယိုတွေမှာ ဆန္ဒပြသူတွေဟာ သမ္မတနန်းတော်အတွင်း ဝင်ရောက်ခဲ့ကြပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေက သေနတ်တွေ ကိုလေထဲ ပစ်ဖေါက်ခဲ့ပြီး၊ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်လူစုခွဲခဲ့ပါတယ်။ မျက်ရည်ယိုဗုံးထိ မှန်ခဲ့တဲ့အတွက် လူ (၁၄) ဦးဆေးရုံမှာ ကုသမှုခံယူနေရတယ်လို့ မြို့တော်ကိုလံဘိုမှာရှိတဲ့ အဓိကဆေးရုံကြီးတာဝန်ရှိသူတွေက ပြောပါတယ်။

သီရိလင်္ကာနိုင်ငံမှာ စီးပွားရေးကျဆင်းပြီး အထွေထွေအကြပ်အတည်း ရင်ဆိုင်နေရတဲ့ အတွက် ဒီနှစ်ဆန်းပိုင်းကတည်းကစတင်ပြီး သမ္မတ Gotabaya Rajapaksa အစိုးရနှုတ် ထွက်ပေးဖို့ တောင်းဆိုဆန္ဒပြနေကြတာပါ။

===Unicode===






XS
SM
MD
LG