သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သီရိလကၤာဆႏၵျပသူေတြ သမၼတ အိမ္ေတာ္ကို ဆက္လက္သိမ္းပိုက္


Protesters gather in and around the premisses of prime minister's official residence a day after it was stormed in Colombo, Sri Lanka, July 10, 2022.

သီရိလကၤာသမၼတနဲ႔ ဝန္ႀကီးခ်ဳပ္တို႔ ရာထူးက ႏုတ္ထြက္တဲ့ အခ်ိန္ထိ ၿမိဳ႕ေတာ္ကိုလံဘိုမွာရွိတဲ့ သမၼတအိမ္ေတာ္နဲ႔ ဝန္ႀကီးခ်ဳပ္ ေနအိမ္ေတြကို ဆက္လက္သိမ္းပိုက္ထားမယ္လို႔ ဆႏၵျပသူေတြက တနဂၤေႏြေန႔မွာ ေျပာဆိုလိုက္ပါတယ္။ စေနေန႔တုန္းက ကိုလံဘိုၿမိဳ႕ေတာ္မွာရွိတဲ့ သမၼတအိမ္ေတာ္ကို ေထာင္နဲ႔ခ်ီတဲ့ ဆႏၵျပသူေတြ ဝင္ေရာက္စီးနင္းခဲ့ၾကၿပီး၊ ဝန္ႀကီးခ်ဳပ္အိမ္ကို မီးရႈိ႕ခဲ့ၾကပါတယ္။

သမၼတ Gotabaya Rajapaksa နဲ႔ ဝန္ႀကီးခ်ဳပ္ Ranil Wickremesinghe တို႔က ရာထူးက ႏုတ္ထြက္ဖို႔ သေဘာတူထားပါတယ္။ အာဏာလႊဲေျပာင္းမႈ အဆင္ေျပ ေခ်ာေမြ႔ေစေရး အတြက္ ဇူလိုင္လ ၁၃ ရက္ေန႔မွာ ရာထူးကဆင္းေပးမွာ ျဖစ္ေၾကာင္း သမၼတက လႊတ္ေတာ္ ဥကၠဌကို ေျပာဆိုထားပါတယ္။ ဒါေပမယ့္ ဆႏၵျပသူေတြကေတာ့ ခ်က္ခ်င္း ႏုတ္ထြက္ေပးဖို႔ ေတာင္းဆိုေနၾကတာပါ။

တခ်ိန္တည္းမွာဘဲ အတိုက္အခံ ႏိုင္ငံေရးပါတီေတြ အစိုးရသစ္တရပ္ ထူေထာင္ဖို႔ ေတြ႔ဆုံၾကမွာ ျဖစ္ပါတယ္။ အဆိုး႐ြားဆုံး ႏိုင္ငံေရး၊ စီးပြါးေရး အၾကပ္အတည္းေတြ လနဲ႔ခ်ီ ႀကဳံခဲ့ရၿပီးတဲ့ေနာက္ သီရိလကၤာမွာ လူထုၾကား မေက်နပ္မႈေတြနဲ႔ ဆႏၵျပပြဲေတြ ေပၚေပါက္ခဲ့ပါတယ္။ ပါလီမန္မွာ ေနရာအမ်ားစုအတြက္ လိုအပ္တဲ့ အဖြဲ႔ဝင္ ၁၁၃ ဦးကို အတိုက္အခံအဖြဲ႔ အစည္းေတြက အလြယ္တကူ စုစည္းႏိုင္တယ္လို႔လည္း အတိုက္အခံ လႊတ္ေတာ္အမတ္တစ္ဦးက ေျပာပါတယ္။

အတိုက္အခံပါတီေတြ ေတြ႔ဆုံေဆြးေႏြးၿပီးရင္ အစိုးရသစ္ဖြဲ႔စည္းဖို႔နဲ႔ သမၼတ Gotabaya Rajapaksa ရာထူးက ႏႈတ္ထြက္ဖို႔ သူတို႔က ဆက္ၿပီးေတာင္းဆိုသြားမွာ ျဖစ္ပါတယ္။ အတိုက္အခံပါတီေတြ အားလုံးေတြ႔ဆုံသေဘာတူညီမႈေတြ တနဂၤေႏြေန႔မွာရမယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။ ဝန္ႀကီးခ်ဳပ္ Ranil Wickremesinghe ကေတာ့ အစိုးရသစ္ တက္လာၿပီးတာနဲ႔ သူ႔ရာထူးက ႏုတ္ထြက္မယ္လို႔ ေျပာပါတယ္။

==== Unicode =====

သီရိလင်္ကာသမ္မတနဲ့ ဝန်ကြီးချုပ်တို့ ရာထူးက နုတ်ထွက်တဲ့ အချိန်ထိ မြို့တော်ကိုလံဘိုမှာရှိတဲ့ သမ္မတအိမ်တော်နဲ့ ဝန်ကြီးချုပ် နေအိမ်တွေကို ဆက်လက်သိမ်းပိုက်ထားမယ်လို့ ဆန္ဒပြသူတွေက တနင်္ဂနွေနေ့မှာ ပြောဆိုလိုက်ပါတယ်။ စနေနေ့တုန်းက ကိုလံဘိုမြို့တော်မှာရှိတဲ့ သမ္မတအိမ်တော်ကို ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေ ဝင်ရောက်စီးနင်းခဲ့ကြပြီး၊ ဝန်ကြီးချုပ်အိမ်ကို မီးရှို့ခဲ့ကြပါတယ်။

သမ္မတ Gotabaya Rajapaksa နဲ့ ဝန်ကြီးချုပ် Ranil Wickremesinghe တို့က ရာထူးက နုတ်ထွက်ဖို့ သဘောတူထားပါတယ်။ အာဏာလွှဲပြောင်းမှု အဆင်ပြေ ချောမွေ့စေရေး အတွက် ဇူလိုင်လ ၁၃ ရက်နေ့မှာ ရာထူးကဆင်းပေးမှာ ဖြစ်ကြောင်း သမ္မတက လွှတ်တော် ဥက္ကဌကို ပြောဆိုထားပါတယ်။ ဒါပေမယ့် ဆန္ဒပြသူတွေကတော့ ချက်ချင်း နုတ်ထွက်ပေးဖို့ တောင်းဆိုနေကြတာပါ။

တချိန်တည်းမှာဘဲ အတိုက်အခံ နိုင်ငံရေးပါတီတွေ အစိုးရသစ်တရပ် ထူထောင်ဖို့ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။ အဆိုးရွားဆုံး နိုင်ငံရေး၊ စီးပွါးရေး အကြပ်အတည်းတွေ လနဲ့ချီ ကြုံခဲ့ရပြီးတဲ့နောက် သီရိလင်္ကာမှာ လူထုကြား မကျေနပ်မှုတွေနဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ပါလီမန်မှာ နေရာအများစုအတွက် လိုအပ်တဲ့ အဖွဲ့ဝင် ၁၁၃ ဦးကို အတိုက်အခံအဖွဲ့ အစည်းတွေက အလွယ်တကူ စုစည်းနိုင်တယ်လို့လည်း အတိုက်အခံ လွှတ်တော်အမတ်တစ်ဦးက ပြောပါတယ်။

အတိုက်အခံပါတီတွေ တွေ့ဆုံဆွေးနွေးပြီးရင် အစိုးရသစ်ဖွဲ့စည်းဖို့နဲ့ သမ္မတ Gotabaya Rajapaksa ရာထူးက နှုတ်ထွက်ဖို့ သူတို့က ဆက်ပြီးတောင်းဆိုသွားမှာ ဖြစ်ပါတယ်။ အတိုက်အခံပါတီတွေ အားလုံးတွေ့ဆုံသဘောတူညီမှုတွေ တနင်္ဂနွေနေ့မှာရမယ်လို့ မျှော်လင့်ထားပါတယ်။ ဝန်ကြီးချုပ် Ranil Wickremesinghe ကတော့ အစိုးရသစ် တက်လာပြီးတာနဲ့ သူ့ရာထူးက နုတ်ထွက်မယ်လို့ ပြောပါတယ်။

XS
SM
MD
LG