သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျပည္ပ ဝင္ေရာက္မယ့္သူေတြအတြက္ ကိုဗစ္စည္းမ်ဥ္းသစ္ထုတ္ျပန္


ျမန္မာႏိုင္ငံမွာ ကိုဗစ္မ်ိဳးစိတ္ကြဲသစ္ေတြ႔အၿပီး၊ ျပည္ပကဝင္လာသူေတြအေပၚ စည္းမ်ဥ္းသစ္ က်န္းမာေရးဝန္ႀကီးဌာနက ဒီေန႔ထုတ္လိုက္ပါတယ္။

Omicron မ်ိဳးစိတ္ကြဲသစ္ BA.4 နဲ႔ BA.5 ေတြ႔အၿပီး ၃ ပတ္အၾကာမွာ ျပည္ပကေလေၾကာင္းနဲ႔ ဝင္လာသူေတြအေနနဲ႔ တနလၤာေန႔က စၿပီး၊ မဝင္ခင္ ႏွစ္ပတ္ေက်ာ္မွာ ကာကြယ္ေဆးအျပည့္ထိုးထားၿပီးဖို႔နဲ႔ ႏွစ္ရက္မတိုင္ခင္မွာ ကိုဗစ္မရွိေၾကာင္း ေဆးစစ္ခ်က္ျပရပါေတာ့မယ္။

တကမာၻလုံးမွာသုံးေနတဲ့ ကာကြယ္ေဆးမ်ိဳးစုံကို အသိအမွတ္ျပဳစာရင္းထဲမွာ ေဖာ္ျပထားၿပီး၊ ေဆးစစ္ခ်က္အတြက္လည္း ဓာတ္ခြဲခန္းစစ္ RT-PCR အျပင္၊ ကိုယ္တိုင္စစ္ႏိုင္တဲ့ အျမန္စစ္ကရိယာ RDT နဲ႔ စစ္တာလည္း ၾသဂုတ္ (၁) ရက္စမဲ့ ဒီစည္းမ်ဥ္းသစ္မွာ အႀကဳံးဝင္ပါတယ္။

ဒါေပမဲ့ ကာကြယ္ေဆးထိုးထားတာနဲ႔ ကိုဗစ္ကင္းေဆးစစ္ခ်က္ေတြမျပႏိုင္တဲ့ ျမန္မာႏိုင္ငံသားေတြကိုေတာ့ ကယ္ဆယ္ေရးေလယာဥ္ေတြနဲ႔ ဝင္ခြင့္ျပဳထားၿပီး၊ (၇) ရက္ အသြားအလာကန႔္ထားကာ၊ ႏွစ္ႀကိမ္ေဆးစစ္မယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ေနာက္ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒါ့အျပင္ ႏိုင္ငံျခားသားေတြအတြက္ေတာ့ ျမန္မာ့အာမခံလုပ္ငန္းက ကိုဗစ္-19 ဆိုင္ရာ က်န္းမာေရးအာမခံ ဝယ္ထားတာ ျပဖို႔ထပ္လိုၿပီး၊ ႐ိုး႐ိုးေလယာဥ္နဲ႔ဝင္လာသူအားလုံး ျမန္မာျပည္အေရာက္မွာ က်ပ္ ၁၅၀၀၀ ေပးကာ အျမန္စစ္ကရိယာ RDT နည္းနဲ႔ စစ္တာ ခံယူရမွာပါ။

အားလုံးအတြက္ ေဆးစစ္တာမွာ ကိုဗစ္ပိုးေတြ႕လွ်င္၊ ဒါမွမဟုတ္ အဖ်ားနဲ႔ ကိုဗစ္သံသယလကၡဏာေတြ႕လွ်င္ေတာ့ လိုရာဆက္သြားခြင့္မရဘဲ၊ သီးသန႔္ခြဲထားမဲ့ ေဆး႐ုံ (သို႔မဟုတ္) ဟိုတယ္မွာ သြားေနရမွာျဖစ္ၿပီး ကုန္က်စရိတ္ေပးေဆာင္ရမွာျဖစ္ပါတယ္။

တခ်ိန္ထဲမွာပဲ နယ္စပ္ဂိတ္ေတြကေန ဝင္မဲ့သူေတြအေနနဲ႔လည္း၊ အလားတူ စည္းမ်ဥ္းေတြကိုလိုက္နာဖို႔ ဒီေန႔ပဲ ဆက္ထုတ္ျပန္ခဲ့ပါေသးတယ္။

===Unicode ====

မြန်မာနိုင်ငံမှာ ကိုဗစ်မျိုးစိတ်ကွဲသစ်တွေ့အပြီး၊ ပြည်ပကဝင်လာသူတွေအပေါ် စည်းမျဉ်းသစ် ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့ထုတ်လိုက်ပါတယ်။

Omicron မျိုးစိတ်ကွဲသစ် BA.4 နဲ့ BA.5 တွေ့အပြီး ၃ ပတ်အကြာမှာ ပြည်ပကလေကြောင်းနဲ့ ဝင်လာသူတွေအနေနဲ့ တနင်္လာနေ့က စပြီး၊ မဝင်ခင် နှစ်ပတ်ကျော်မှာ ကာကွယ်ဆေးအပြည့်ထိုးထားပြီးဖို့နဲ့ နှစ်ရက်မတိုင်ခင်မှာ ကိုဗစ်မရှိကြောင်း ဆေးစစ်ချက်ပြရပါတော့မယ်။

တကမ္ဘာလုံးမှာသုံးနေတဲ့ ကာကွယ်ဆေးမျိုးစုံကို အသိအမှတ်ပြုစာရင်းထဲမှာ ဖော်ပြထားပြီး၊ ဆေးစစ်ချက်အတွက်လည်း ဓာတ်ခွဲခန်းစစ် RT-PCR အပြင်၊ ကိုယ်တိုင်စစ်နိုင်တဲ့ အမြန်စစ်ကရိယာ RDT နဲ့ စစ်တာလည်း သြဂုတ် (၁) ရက်စမဲ့ ဒီစည်းမျဉ်းသစ်မှာ အကြုံးဝင်ပါတယ်။

ဒါပေမဲ့ ကာကွယ်ဆေးထိုးထားတာနဲ့ ကိုဗစ်ကင်းဆေးစစ်ချက်တွေမပြနိုင်တဲ့ မြန်မာနိုင်ငံသားတွေကိုတော့ ကယ်ဆယ်ရေးလေယာဉ်တွေနဲ့ ဝင်ခွင့်ပြုထားပြီး၊ (၇) ရက် အသွားအလာကန့်ထားကာ၊ နှစ်ကြိမ်ဆေးစစ်မယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ နောက်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် နိုင်ငံခြားသားတွေအတွက်တော့ မြန်မာ့အာမခံလုပ်ငန်းက ကိုဗစ်-19 ဆိုင်ရာ ကျန်းမာရေးအာမခံ ဝယ်ထားတာ ပြဖို့ထပ်လိုပြီး၊ ရိုးရိုးလေယာဉ်နဲ့ဝင်လာသူအားလုံး မြန်မာပြည်အရောက်မှာ ကျပ် ၁၅၀၀၀ ပေးကာ အမြန်စစ်ကရိယာ RDT နည်းနဲ့ စစ်တာ ခံယူရမှာပါ။

အားလုံးအတွက် ဆေးစစ်တာမှာ ကိုဗစ်ပိုးတွေ့လျှင်၊ ဒါမှမဟုတ် အဖျားနဲ့ ကိုဗစ်သံသယလက္ခဏာတွေ့လျှင်တော့ လိုရာဆက်သွားခွင့်မရဘဲ၊ သီးသန့်ခွဲထားမဲ့ ဆေးရုံ (သို့မဟုတ်) ဟိုတယ်မှာ သွားနေရမှာဖြစ်ပြီး ကုန်ကျစရိတ်ပေးဆောင်ရမှာဖြစ်ပါတယ်။

တချိန်ထဲမှာပဲ နယ်စပ်ဂိတ်တွေကနေ ဝင်မဲ့သူတွေအနေနဲ့လည်း၊ အလားတူ စည်းမျဉ်းတွေကိုလိုက်နာဖို့ ဒီနေ့ပဲ ဆက်ထုတ်ပြန်ခဲ့ပါသေးတယ်။

XS
SM
MD
LG