သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်မှာ ရိုဟင်ဂျာသောင်းနဲ့ချီပြီး နေရပ်ပြန်ပို့ရေး ဆန္ဒပြတောင်းဆို


မြန်မာနိုင်ငံကို ပြန်ပို့ပေးရေးအတွက် ရိုဟင်ဂျာလူမျိုးတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တနင်္ဂနွေနေ့က သောင်းချီ ဆန္ဒပြခဲ့ကြပါတယ်။
မြန်မာနိုင်ငံကို ပြန်ပို့ပေးရေးအတွက် ရိုဟင်ဂျာလူမျိုးတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တနင်္ဂနွေနေ့က သောင်းချီ ဆန္ဒပြခဲ့ကြပါတယ်။

မြန်မာနိုင်ငံကို ပြန်ပို့ပေးရေးအတွက် ရိုဟင်ဂျာလူမျိုးတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တနင်္ဂနွေနေ့က သောင်းချီ ဆန္ဒပြခဲ့ကြပါတယ်။ ၂၀၁၉ ခုနှစ်က လူတစ်သိန်းလောက် ဆန္ဒပြပြီးကတည်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အခုလို လူစုလူဝေးလုပ်တာကို ပိတ်ပင်ခဲ့ပါတယ်။ ဒါပေမဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ တနင်္လာနေ့မှာ ကျရောက်မယ့် ကမ္ဘာ့ဒုက္ခသည်များနေ့ အကြိုအဖြစ် ဒုက္ခသည်စခန်း အနှံ့အပြားမှာ အိမ်ပြန်ရေးလှုပ်ရှားမှုအဖြစ် တစ်ချိန်တည်းမှာ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

“ဒုက္ခသည်စခန်းတွေမှာ ကျွန်တော်တို့ မနေချင်ပါဘူး။ ဒုက္ခသည်ဘဝက မလွယ်ပါဘူး။ ငရဲပါ။ လုံလောက်ပါပြီ။ အိမ်ပြန်ကြပါစို့” လို့ ရိုဟင်ဂျာ ရပ်ရွာအသိုက်အဝန်း ခေါင်းဆောင် Sayed Ullah က ဒီနေ့ လှုပ်ရှားစုရုံးပွဲမှာ ပြောပါတယ်။

လွန်ခဲ့တဲ့အပတ် နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန အတွင်းဝန်များ ရဲ့ အစည်းအဝေး အပြီးမှာ အခုလှုပ်ရှားမှုက ဖြစ်လာခဲ့တာပါ။ အဲဒီ အစည်းအဝေးမှာ ရိုဟင်ဂျာတွေကို ဒီနှစ်အတွင်းမှာ လက်ခံဖို့ မြန်မာကို တိုက်တွန်းခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက AFP သတင်းဌာနကို ပြောပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်က စစ်ဆင်နွှဲခဲ့တဲ့အတွက်ကြောင့် ရိုဟင်ဂျာတွေဟာ ဘင်္ဂလာ့းဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့ကြရတာပါ။ ကုလသမဂ္ဂက ဖွဲ့စည်းပေးလိုက်တဲ့ သီးခြားလွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့က မြန်မာစစ်တပ်အပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်တစ်ရပ်လုံးအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စုံစမ်းစစ်ဆေးအရေးယူဖို့ တင်ပြခဲ့ပါတယ်။

===Unicode====





XS
SM
MD
LG