သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာေနရပ္ျပန္ေရး ကူညီေပးဖို႔ ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္ ထပ္မံပန္ၾကား


Prime Minister of Bangladesh Sheikh Hasina addresses the 77th session of the United Nations General Assembly at U.N. headquarters, Friday, Sept. 23, 2022. (AP Photo/Jason DeCrow)

ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ သန္းနဲ႔ခ်ီ ခိုလုံေနၾကတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ အေရးျပႆနာဟာ ႏိုင္ငံလုံၿခဳံေရးအတြက္ ၿခိမ္းေျခာက္မႈ ျဖစ္လာေနတာမို႔ ဒီဒုကၡသည္ေတြ ေနရပ္ျပန္ပို႔ႏိုင္ေရး ကုလသမဂၢက ကူညီေပးဖို႔ ဘဂၤလားေဒ့ရွ္ ဝန္ႀကီးခ်ဳပ္ Sheikh Hasina က ကုလသမဂၢမွာ ေသာၾကာေန႔က ထပ္မံတိုက္တြန္း ေျပာဆိုပါတယ္။

“ဒုကၡသည္ေနရပ္ ျပန္ပို႔ေရးကိစၥ ျမန္မာႏိုင္ငံနဲ႔ သေဘာတူညီခ်က္ေတြ ရယူထားတာ ရွိသလို၊ ကုလသမဂၢပါ ပါဝင္တဲ့ သုံးပြင့္ဆိုင္ ေဆြးေႏြးညႇိႏႈိင္းမႈေတြ အမ်ားအျပား လုပ္ခဲ့ၿပီးေပမဲ့၊ အခုခ်ိန္ထိ ႐ိုဟင္ဂ်ာဒုကၡသည္ တဦးတေယာက္မွ ေနရပ္ျပန္ပို႔ႏိုင္တာ မရွိေသးပါဘူး” လို႔ မေန႔က ကုလသမဂၢ အေထြေထြညီလာခံ မိန႔္ခြန္းမွာ ဘဂၤလားေဒ့ရွ္ ဝန္ႀကီးခ်ဳပ္က ေျပာသြားတာပါ။ ဒုကၡသည္ေတြ ေနရပ္ျပန္ပို႔တဲ့ နည္းနဲ႔သာ ဒီျပႆနာကို ေျဖရွင္းႏိုင္မွာ ျဖစ္ေပမဲ့လို႔ သူတို႔ကို အတင္းအက်ပ္ ေနရပ္ျပန္ပို႔တာမ်ိဳးေတာ့ လုပ္မွာမဟုတ္တဲ့အေၾကာင္းလည္း ဝန္ႀကီးခ်ဳပ္ Sheikh Hasina က ေျပာပါတယ္။

၂၀၁၇ ခုႏွစ္၊ လြန္ခဲ့တဲ့ (၅) ႏွစ္ေက်ာ္က ရခိုင္ျပည္နယ္ေျမာက္ပိုင္း ပဋိပကၡေတြမွာ ျမန္မာစစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းမႈေတြအတြင္း ေက်း႐ြာေတြ မီးရႈိ႕ဖ်က္ဆီးခံရတာ၊ ဖမ္းဆီးသတ္ျဖတ္တာေတြေၾကာင့္ ႐ိုဟင္ဂ်ာအမ်ားစု ပါဝင္တဲ့ ဒုကၡသည္ေတြ သိန္းနဲ႔ခ်ီ ေနရပ္စြန႔္ခြာ ထြက္ေျပးခဲ့ၾကရတာပါ။

ဒီျဖစ္ရပ္နဲ႔ ပတ္သက္လို႔ ဒါဟာ လူသားထုအေပၚ က်ဴးလြန္တဲ့ ရာဇဝတ္မႈ၊ လူမ်ိဳးတုံးသတ္ျဖတ္မႈ က်ဴးလြန္ရာ ေရာက္တယ္ဆိုၿပီး လူ႔အခြင့္အေရးအဖြဲ႔ေတြက ျပစ္တင္ ရႈတ္ခ်သလို၊ ဂမ္းဘီးယားႏိုင္ငံကလည္း ႏိုင္ငံတကာတရား႐ုံး ICJ မွာ ျမန္မာႏိုင္ငံကို အမႈဖြင့္ တိုင္ၾကားထားပါတယ္။ ျမန္မာဘက္က ႐ိုဟင္ဂ်ာဆိုတဲ့ အသုံးအႏႈန္းကို လက္မခံေပမဲ့လို႔ ဒီအမႈနဲ႔ပတ္သက္ၿပီး ICJ မွာ အမႈရင္ဆိုင္ေနရၿပီး ဂမ္းဘီးယားဘက္က စြပ္စြဲသလို လူမ်ိဳးတုံး သတ္ျဖတ္မႈ က်ဴးလြန္တာ မရွိတဲ့အေၾကာင္း ျငင္းဆိုထားပါတယ္။

=== Unicode ===

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သန်းနဲ့ချီ ခိုလုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည် အရေးပြဿနာဟာ နိုင်ငံလုံခြုံရေးအတွက် ခြိမ်းခြောက်မှု ဖြစ်လာနေတာမို့ ဒီဒုက္ခသည်တွေ နေရပ်ပြန်ပို့နိုင်ရေး ကုလသမဂ္ဂက ကူညီပေးဖို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina က ကုလသမဂ္ဂမှာ သောကြာနေ့က ထပ်မံတိုက်တွန်း ပြောဆိုပါတယ်။

“ဒုက္ခသည်နေရပ် ပြန်ပို့ရေးကိစ္စ မြန်မာနိုင်ငံနဲ့ သဘောတူညီချက်တွေ ရယူထားတာ ရှိသလို၊ ကုလသမဂ္ဂပါ ပါဝင်တဲ့ သုံးပွင့်ဆိုင် ဆွေးနွေးညှိနှိုင်းမှုတွေ အများအပြား လုပ်ခဲ့ပြီးပေမဲ့၊ အခုချိန်ထိ ရိုဟင်ဂျာဒုက္ခသည် တဦးတယောက်မှ နေရပ်ပြန်ပို့နိုင်တာ မရှိသေးပါဘူး” လို့ မနေ့က ကုလသမဂ္ဂ အထွေထွေညီလာခံ မိန့်ခွန်းမှာ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က ပြောသွားတာပါ။ ဒုက္ခသည်တွေ နေရပ်ပြန်ပို့တဲ့ နည်းနဲ့သာ ဒီပြဿနာကို ဖြေရှင်းနိုင်မှာ ဖြစ်ပေမဲ့လို့ သူတို့ကို အတင်းအကျပ် နေရပ်ပြန်ပို့တာမျိုးတော့ လုပ်မှာမဟုတ်တဲ့အကြောင်းလည်း ဝန်ကြီးချုပ် Sheikh Hasina က ပြောပါတယ်။

၂၀၁၇ ခုနှစ်၊ လွန်ခဲ့တဲ့ (၅) နှစ်ကျော်က ရခိုင်ပြည်နယ်မြောက်ပိုင်း ပဋိပက္ခတွေမှာ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း ကျေးရွာတွေ မီးရှို့ဖျက်ဆီးခံရတာ၊ ဖမ်းဆီးသတ်ဖြတ်တာတွေကြောင့် ရိုဟင်ဂျာအများစု ပါဝင်တဲ့ ဒုက္ခသည်တွေ သိန်းနဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတာပါ။

ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ဒါဟာ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ရာ ရောက်တယ်ဆိုပြီး လူ့အခွင့်အရေးအဖွဲ့တွေက ပြစ်တင် ရှုတ်ချသလို၊ ဂမ်းဘီးယားနိုင်ငံကလည်း နိုင်ငံတကာတရားရုံး ICJ မှာ မြန်မာနိုင်ငံကို အမှုဖွင့် တိုင်ကြားထားပါတယ်။ မြန်မာဘက်က ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပေမဲ့လို့ ဒီအမှုနဲ့ပတ်သက်ပြီး ICJ မှာ အမှုရင်ဆိုင်နေရပြီး ဂမ်းဘီးယားဘက်က စွပ်စွဲသလို လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်တာ မရှိတဲ့အကြောင်း ငြင်းဆိုထားပါတယ်။

XS
SM
MD
LG