သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆော်ဒီရေနံကုမ္ပဏီ အမြတ်ငွေ ၂ ဆနီးပါးတိုး


FILE - Saudi Aramco engineers and journalists look at the Hawiyah Natural Gas Liquids Recovery Plant
FILE - Saudi Aramco engineers and journalists look at the Hawiyah Natural Gas Liquids Recovery Plant

ရေနံဈေးတွေတက်တာ၊ ရောင်းရတဲ့ပမာဏ ပိုများခဲ့တာနဲ့ ရေနံသန့်စင်ရေးစက်ရုံတွေကရတဲ့ အမြတ်အစွန်းငွေက ပိုမိုကြီးမားတာတွေကြောင့် ဆော်ဒီအာရေးဗီးယားက နိုင်ငံပိုင် ရေနံကုမ္ပဏီ Aramco က အခုနှစ် ဒုတိယ ၃ လပတ်မှာ ရရှိတဲ့ အမြတ်ငွေဟာ ၉၀% ရှိတယ်လို့ ဆိုပါတယ်။ ဒါဟာ ကြိုတင်ခန့်မှန်းထားတာထက် အများကြီးကျော်လွန်နေတာပါ။

ရေတိုအနာဂတ် စီးပွားရေးခန့်မှန်းချက်တွေအရ ရေနံဝယ်ယူလိုမှုအား ကျနိုင်တယ်လို့ ခန့်မှန်းထားပေမယ့် လက်ရှိ ဆယ်စုနှစ်အတွင်း ရေနံ ဝယ်ယူလိုအား ကောင်းနေဦးမယ်လို့ ကုမ္ပဏီအနေနဲ့ ခန့်မှန်းကြောင်း ကုမ္ပဏီအကြီးအကဲ Amin Nasser က ရသုံး ခန့်မှန်းခြေ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မနှစ် ဒီအချိန်မှာ အမြတ်ငွေ ဒေါ်လာ ၂၅.၄၃ ဘီလီယံ ရှိခဲ့ရာက အခုနှစ် ဇွန်လ ၃၀ ရက်နေ့မှာ ကုန်ဆုံးသွားတဲ့ ၃ လပတ်မှာ ကုမ္ပဏီရဲ့ အမြတ်ငွေဟာ ၄၈.၃၉ ဘီလီယံ ရှိခဲ့တယ်လို့ ဆိုပါတယ်။

သုတေသီ ၁၅ ဦးက အမြတ်ငွေ ဒေါ်လာ ၄၆.၁ ဘီလီယံရှိမယ်လို့ ကြိုတင် ခန့်မှန်းထားတာထက် ကျော်လွန်ပြီး အမြတ်ငွေ ပိုရရှိခဲ့တာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ သီတင်းပတ် အနည်းငယ်အတွင်း အမြတ်အစွန်းငွေ ခန့်မှန်းထားတာထက် ပိုပြီးရရှိခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့တဲ့ တခြား ရေနံကုမ္ပဏီတွေနည်းတူ ဆော်ဒီအာရေးဗီးယားနိုင်ငံပိုင် ရေနံကုမ္ပဏီကလည်း အမြတ်ငွေ ပိုရရှိခဲ့တာ ဖြစ်ပါတယ်။

==== Unicode ====






XS
SM
MD
LG