သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Serena Williams တင္းနစ္မယ္ဘဝ က အၿပီးတိုင္ အနားယူ


Serena Williams, of the United States, makes a heart sign to fans after losing to Ajla Tomljanovic, of Austrailia, during the third round of the US Open tennis championships, Sept. 2, 2022, in New York.

ကမာၻေက်ာ္ အေမရိကန္တင္းနစ္ခ်န္ပီယံ Serena Williams ဟာ မေန႔က သူ႔အတြက္ ေနာက္ဆုံးပြဲစဥ္ ကစားအၿပီးမွာပဲ တင္းနစ္ေလာကကေန အၿပီးတိုင္ အနားယူ ႏုတ္ဆက္သြားခဲ့ပါတယ္။ ယူအက္စ္အိုပင္း (US Open) ၿပိဳင္ပြဲ၊ တတိယအဆင့္ပြဲစဥ္မွာ မေန႔က ၾသစေၾတးလ် တင္းနစ္ကစားမယ္ Ajla Tomljanovic ကို ရႈံးနိမ့္ခဲ့ၿပီးတဲ့ေနာက္ သူ႔ရဲ႕ပရိသတ္ေတြကို ေက်းဇူးတင္စကားေျပာၿပီး ႏႈတ္ဆက္သြားခဲ့ပါတယ္။

ဒီပြဲကေတာ့ သူ႔အတြက္ ေနာက္ဆုံးကစားခဲ့တဲ့ အမ်ိဳးသမီးတဦးခ်င္း တင္းနစ္ၿပိဳင္ပြဲ ျဖစ္ၿပီးအမ်ိဳးသမီး တင္းနစ္ကစားသမားေတြထဲ အဆင့္ ၄၆ ရွိတဲ့ ၾသစေၾတးလ်ကစားမယ္ Tomljanovic ရဲ႕ ျပင္းျပင္းထန္ထန္ ထိုးႏွက္အႏိုင္ယူတာကို ခံလိုက္ရတာပါ။ ေနာက္ဆုံးပြဲမွာ ရႈံးခဲ့ေပမဲ့လို႔လည္း သူဟာ Grand Slam ဆု ၂၃ ႀကိမ္ အႏိုင္ရထားသူ ျဖစ္သလို၊ ကမာၻ႔အေကာင္းဆုံး အမ်ိဳးသမီးတင္းနစ္ ခ်န္ပီယံတေယာက္အျဖစ္ ေအာင္ျမင္မႈမ်ားစြာ ဆြတ္ခူးခဲ့တဲ့သူပါ။

ဒီလထဲမွာပဲ ၄၁ ႏွစ္ျပည့္ေတာ့မယ့္ Serena Williams က တင္းနစ္ေလာကကထြက္ၿပီး စီးပြားေရးကို အာ႐ုံစိုက္မယ့္အေၾကာင္းနဲ႔ ေနာက္ထပ္ ကေလးတေယာက္ ထပ္ယူမယ့္ အေၾကာင္းလည္း ၿပီးခဲ့တဲ့လကတည္းက အသိေပးခဲ့ပါတယ္။ Serena Williams ဟာ Grand Slam တဦးခ်င္း ေၾကးစားၿပိဳင္ပြဲေတြမွာ အမ်ိဳးသမီးေတြထဲမွာေရာ၊ အမ်ိဳးသားေတြထဲမွာပါ ခ်န္ပီယံဆု ၂၃ ဆု အမ်ားဆုံး ရရွိထားသူ ျဖစ္ပါတယ္။ ဆု ၂၄ ဆုနဲ႔ သူ႔ထက္ပို ရဖူးသူအျဖစ္ စံခ်ိန္တင္ခဲ့ဖူးတဲ့ တင္းနစ္အားကစားမယ္ Margaret Court ရွိခဲ့ေပမဲ့၊ သူေကတာ့ အေပ်ာ္တမ္းပြဲစဥ္ေတြမွာ အမ်ားစုအႏိုင္ရခဲ့တာ ျဖစ္ပါတယ္။

===Unicode ====

ကမ္ဘာကျော် အမေရိကန်တင်းနစ်ချန်ပီယံ Serena Williams ဟာ မနေ့က သူ့အတွက် နောက်ဆုံးပွဲစဉ် ကစားအပြီးမှာပဲ တင်းနစ်လောကကနေ အပြီးတိုင် အနားယူ နုတ်ဆက်သွားခဲ့ပါတယ်။ ယူအက်စ်အိုပင်း (US Open) ပြိုင်ပွဲ၊ တတိယအဆင့်ပွဲစဉ်မှာ မနေ့က သြစတြေးလျ တင်းနစ်ကစားမယ် Ajla Tomljanovic ကို ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် သူ့ရဲ့ပရိသတ်တွေကို ကျေးဇူးတင်စကားပြောပြီး နှုတ်ဆက်သွားခဲ့ပါတယ်။

ဒီပွဲကတော့ သူ့အတွက် နောက်ဆုံးကစားခဲ့တဲ့ အမျိုးသမီးတဦးချင်း တင်းနစ်ပြိုင်ပွဲ ဖြစ်ပြီးအမျိုးသမီး တင်းနစ်ကစားသမားတွေထဲ အဆင့် ၄၆ ရှိတဲ့ သြစတြေးလျကစားမယ် Tomljanovic ရဲ့ ပြင်းပြင်းထန်ထန် ထိုးနှက်အနိုင်ယူတာကို ခံလိုက်ရတာပါ။ နောက်ဆုံးပွဲမှာ ရှုံးခဲ့ပေမဲ့လို့လည်း သူဟာ Grand Slam ဆု ၂၃ ကြိမ် အနိုင်ရထားသူ ဖြစ်သလို၊ ကမ္ဘာ့အကောင်းဆုံး အမျိုးသမီးတင်းနစ် ချန်ပီယံတယောက်အဖြစ် အောင်မြင်မှုများစွာ ဆွတ်ခူးခဲ့တဲ့သူပါ။

ဒီလထဲမှာပဲ ၄၁ နှစ်ပြည့်တော့မယ့် Serena Williams က တင်းနစ်လောကကထွက်ပြီး စီးပွားရေးကို အာရုံစိုက်မယ့်အကြောင်းနဲ့ နောက်ထပ် ကလေးတယောက် ထပ်ယူမယ့် အကြောင်းလည်း ပြီးခဲ့တဲ့လကတည်းက အသိပေးခဲ့ပါတယ်။ Serena Williams ဟာ Grand Slam တဦးချင်း ကြေးစားပြိုင်ပွဲတွေမှာ အမျိုးသမီးတွေထဲမှာရော၊ အမျိုးသားတွေထဲမှာပါ ချန်ပီယံဆု ၂၃ ဆု အများဆုံး ရရှိထားသူ ဖြစ်ပါတယ်။ ဆု ၂၄ ဆုနဲ့ သူ့ထက်ပို ရဖူးသူအဖြစ် စံချိန်တင်ခဲ့ဖူးတဲ့ တင်းနစ်အားကစားမယ် Margaret Court ရှိခဲ့ပေမဲ့၊ သူကေတာ့ အပျော်တမ်းပွဲစဉ်တွေမှာ အများစုအနိုင်ရခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG