သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေအာ္စလိုၿမိဳ႕ပစ္ခတ္မႈ လူႏွစ္ဦးေသဆုံး ၁၄ ေယာက္ ဒဏ္ရာရ


Norway

ေနာ္ေဝႏိုင္ငံ ေအာ္စလိုၿမိဳ႕မွာ လူႏွစ္ဦး ေသဆုံးၿပီး ၁၄ ေယာက္ ဒဏ္ရာရခဲ့တဲ့ ညလုံးေပါက္ ပစ္ခတ္မႈဟာ အၾကမ္းဖက္ဝါဒစြဲ တိုက္ခိုက္မႈ ျဖစ္ႏိုင္ၿပီး စုံစမ္းစစ္ေဆးမႈေတြေတာ့ ဆက္လုပ္ေနတဲ့အေၾကာင္း ေနာ္ေဝရဲတပ္ဖြဲ႔က ေျပာပါတယ္။ ပစ္ခတ္မႈအၿပီး ဖမ္းဆီးလိုက္တဲ့သူဟာ အီရန္ႏြယ္ဖြား ေနာ္ေဝႏိုင္ငံသားျဖစ္ၿပီး သူ႔အေၾကာင္းကို ရဲတပ္ဖြဲ႔က အရင္ကတည္းက သိထားတာေတြ ရွိေပမဲ့၊ ရာဇဝတ္ျပစ္မႈ ႀကီးႀကီးမားမားေတာ့ မရွိခဲ့ဘူးလို႔ ေနာ္ေဝ ရဲအရာရွိေတြက ဒီကေန႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။
ပစ္ခတ္တိုက္ခိုက္မႈနဲ႔ ဆက္စပ္ၿပီး ပစ္စတိုေသနတ္ တလက္နဲ႔ စက္ေသနတ္တလက္ သိမ္းဆည္းရမိထားတယ္လို႔လည္း ရဲအရာရွိေတြက ေျပာပါတယ္။

ေအာ္စလိုၿမိဳ႕မွာ လိင္တူ စုံမက္သူ LGBTQ အသိုင္းအဝိုင္းေတြ အလာမ်ားတဲ့ ဘားဆိုင္တခုရဲ႕ အျပင္ဘက္မွာ ေသာၾကာေန႔ညက ဒီတိုက္ခိုက္မႈ ျဖစ္ခဲ့အၿပီးမွာေတာ့ ဒီကေန႔ က်င္းပဖို႔ စီစဥ္ထားတဲ့ ေအာ္စလို လိင္တူခ်စ္သူေတြရဲ႕ ပြဲေတာ္ကိုလည္း ဖ်က္သိမ္းလိုက္ပါတယ္။

=== Unicode ===

နော်ဝေနိုင်ငံ အော်စလိုမြို့မှာ လူနှစ်ဦး သေဆုံးပြီး ၁၄ ယောက် ဒဏ်ရာရခဲ့တဲ့ ညလုံးပေါက် ပစ်ခတ်မှုဟာ အကြမ်းဖက်ဝါဒစွဲ တိုက်ခိုက်မှု ဖြစ်နိုင်ပြီး စုံစမ်းစစ်ဆေးမှုတွေတော့ ဆက်လုပ်နေတဲ့အကြောင်း နော်ဝေရဲတပ်ဖွဲ့က ပြောပါတယ်။ ပစ်ခတ်မှုအပြီး ဖမ်းဆီးလိုက်တဲ့သူဟာ အီရန်နွယ်ဖွား နော်ဝေနိုင်ငံသားဖြစ်ပြီး သူ့အကြောင်းကို ရဲတပ်ဖွဲ့က အရင်ကတည်းက သိထားတာတွေ ရှိပေမဲ့၊ ရာဇဝတ်ပြစ်မှု ကြီးကြီးမားမားတော့ မရှိခဲ့ဘူးလို့ နော်ဝေ ရဲအရာရှိတွေက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ပစ်ခတ်တိုက်ခိုက်မှုနဲ့ ဆက်စပ်ပြီး ပစ်စတိုသေနတ် တလက်နဲ့ စက်သေနတ်တလက် သိမ်းဆည်းရမိထားတယ်လို့လည်း ရဲအရာရှိတွေက ပြောပါတယ်။

အော်စလိုမြို့မှာ လိင်တူ စုံမက်သူ LGBTQ အသိုင်းအဝိုင်းတွေ အလာများတဲ့ ဘားဆိုင်တခုရဲ့ အပြင်ဘက်မှာ သောကြာနေ့ညက ဒီတိုက်ခိုက်မှု ဖြစ်ခဲ့အပြီးမှာတော့ ဒီကနေ့ ကျင်းပဖို့ စီစဉ်ထားတဲ့ အော်စလို လိင်တူချစ်သူတွေရဲ့ ပွဲတော်ကိုလည်း ဖျက်သိမ်းလိုက်ပါတယ်။

XS
SM
MD
LG