သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုဗီယက်ခေါင်းဆောင်ဟောင်း ဂိုဗာချော့ဗ် ဈာပနကျင်းပ


RUSSIA-GORBACHEV/FUNERAL
RUSSIA-GORBACHEV/FUNERAL

ဒီသီတင်းပတ် အစောပိုင်းက ကွယ်လွန်သွားခဲ့တဲ့ တချိန်က ဆိုဗီယက်ယူနီယံ ခေါင်းဆောင် မီခေးလ် ဂိုဗာချော့ဗ် (Mikhail Gorbachev) ကို နောက်ဆုံးအကြိမ် ဂါရဝပြုဖို့အတွက် သူ့ကိုလေးစားချစ်ခင်သူ ထောင်နဲ့ချီ ဒီကနေ့ တန်းစီခဲ့ကြပါတယ်။

ဆိုဗီယက်ယူနီယံ ပြိုကွဲပြီး စစ်အေးခေတ် အဆုံးသတ်စေတဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့သူ ဂိုဗာချော့ဗ် ဈာပနကို ဒီကနေ့ မော်စကိုမြို့တော်မှာ ကျင်းပခဲ့ပြီး သမ္မတဗလာဒီမီယာပူတင်တော့ တက်ရောက်ခြင်း မရှိပါဘူး။ တချိန်က ဆိုဗီယက်ခေါင်းဆောင်ရဲ့ ဈာပနကို နိုင်ငံတော် ဈာပနအဖြစ် ကျင်းပဖို့ သမ္မတပူတင်အစိုးရက လက်မခံပါဘူး။

ဒါကိုကြည့်ရင် စစ်အေးခေတ် အဆုံးသတ်ခဲ့တဲ့ သမိုင်းဝင်ပုဂ္ဂိုလ်အဖြစ် ကမ္ဘာက အသိအမှတ်ပြု လေးစားရတဲ့ ဂိုဗာချော့ဗ် နဲ့ သူချန်ရစ်ခဲ့တဲ့ သမိုင်းမွေတွေနဲ့ပတ်သက်လို့ သမ္မတပူတင်အစိုးရက အသိအမှတ်ပြု လက်ခံလိုပုံ မရတာကို ထင်ဟပ်နေပါတယ်။ နာတာရှည် ရောဂါနဲ့ သြဂုတ်လ ၃၀ ရက်နေ့က အသက် ၉၁ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့တဲ့ ဂိုဗာချော့ဗ်ကို သူကွယ်လွန်တဲ့ ကြာသပတေးနေ့ကတော့ မော်စကိုမြို့တော်က ဆေးရုံမှာ သမ္မတပူတင် သွားရောက် ကြည့်ရှုခဲ့ပါတယ်။

ဂိုဗာချက်ဖ်ဟာ ကွန်မြူနစ် အရှေ့ဥရောပကို လွတ်လပ်အောင် ပြုပြင်ပြောင်းလဲရေး လုပ်သူအဖြစ် ထင်ရှားပေမဲ့၊ သူ့လက်ထက်မှာ တိုင်းပြည်စီးပွားရေး ကျဆင်းပြီး လူသန်းပေါင်းများစွာ ဆင်းရဲတွင်းထဲ ရောက်ခဲ့သလို၊ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲခဲ့တာပါ။ ရုရှားသမ္မတပူတင်ကတော့ ဆိုဗီယက်ယူနီယံ ပြိုကွဲမှုဟာ ၂၀ ရာစုခေတ်ရဲ့ ပထဝီနိုင်ငံရေးမှာ အကြီးမားဆုံး ကပ်ဘေးဆိုးကြီးအဖြစ် မှတ်ချက်ပေးခဲ့ဖူးပါတယ်။

ဂိုဗာချော့ဗ်ကလည်း ဆိုဗီယက်ယူနီယံ လက်ထက်ကလို ဖိနှိပ်မှုမျိုးတွေ ပြန်လုပ်လာတာ၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ နောက်ပြန်ဆုတ်လာတာတွေအတွက် သမ္မတပူတင်ကို သတိထားဝေဖန်ခဲ့ဖူးပါတယ်။ ဂိုဗာချော့ဗ်ဟာ စစ်အေးခေတ်ကို သွေးထွက်သံယို မရှိအောင် အဆုံးသတ်ခဲ့သူအဖြစ် ၁၉၉၀ ပြည့်နှစ်မှာ နိုဘယ်လ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံခဲ့ရပါတယ်။

=== Unicode ===






XS
SM
MD
LG