သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဝန်ကြီးချုပ်အယုံအကြည်မရှိ လွှတ်တော်အဆို ရှုံးနိမ့်


Thailand Prime Minister Prayuth Chan-ocha answers questions during a no-confidence debate at the Parliament in Bangkok, Thailand, Tuesday, July 19, 2022.
Thailand Prime Minister Prayuth Chan-ocha answers questions during a no-confidence debate at the Parliament in Bangkok, Thailand, Tuesday, July 19, 2022.

ထိုင်းနိုင်ငံမှာတော့ ဝန်ကြီးချုပ် Prayuth Chan-Ocha ကို အယုံအကြည်မရှိအဆို လွှတ်တော်မှာ ဒီနေ့စနေမဲခွဲရာမှာ အဆိုရှုံးနိမ့်သွားပြန်ပါတယ်။ ဝန်ကြီးချုပ် Prayouth ကို အယုံအကြည်မရှိအဆို လွှတ်တော်မှာ တင်သွင်းတာ ဒါအပါအဝင်ဆိုရင် လေးကြိမ်ဖြစ်ပြီး၊ လေးကြိမ်လုံးမှာ ဝန်ကြီးချုပ်ကိုဆန့်ကျင်တဲ့အဆို ရှုံးနိမ့်ခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ နောက် ၁၁ လဆိုရင် အထွေထွေရွေးကောက်ပွဲကျင်းပတော့မှာမို့၊ ဒါဟာ ဝန်ကြီးချုပ် Prayuth အတွက် နောက်ဆုံးအကြိမ် စမ်းသပ်မှုပါ။ အသက် ၆၈ နှစ်အရွယ် ဝန်ကြီးချုပ် Prayuth ဟာ ၂၀၁၄ ခုနှစ် အာဏာသိမ်းမှုမှာ ဦးဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်းလည်း ဖြစ်ပါတယ်။ အခုတကြိမ် သူ့ကိုဆန့်ကျင်တဲ့အဆို ရှုံးနိမ့်တာကြောင့်၊ သူဟာ လာမယ့်မတ်လအထိ ဝန်ကြီးချုပ်တာဝန် ဆက်ယူထားနိုင်မှာပါ။

အခုတကြိမ်မဲခွဲရာမှာတော့ ဝန်ကြီးချုပ် Prayuth ကို လိုလားတဲ့မဲ ၂၅၆မဲ၊ ဆန့်ကျင်မဲ ၂၀၆ မဲနဲ့၊ မဲ ၉ မဲကတော့ ကြားနေ ဖြစ်ပါတယ်။ သူ့ကို ရာထူးက ဖယ်ရှားနိုင်ဖို့ဆိုရင်တော့ နေရာ ၄၇၇ ခုရှိတဲ့ လွှတ်တော်မှာ အတိုက်အခံတွေအနေနဲ့ မဲ ၂၃၉ နေရာ ရရှိဖို့ လိုအပ်ပါတယ်။ သူ့ကို အဂတိလိုက်စားမှုတွေနဲ့ စီးပွားရေး စီမံခန့်ခွဲရေး ညံဖျင်းမှုတွေနဲ့ အယုံအကြည်မရှိ စွဲချက်တင်ခဲ့ကြတာပါ။ ဝန်ကြီးချုပ် Prayuth ကတော့ ဒီစွဲချက်တွေကို ငြင်းဆန်ထားပါတယ်။

===Unicode====




XS
SM
MD
LG