သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္းအက်ဥ္းေထာင္က လြတ္လာတဲ့ ျမန္မာအလုပ္သမား ၁၈၀ ဝန္းက်င္ကို ေနရပ္ျပန္ပို႔


ဓါတ္ပံု - FED (2-10-22) ရေနာင္း-ေကာ့ေသာင္းလမ္းကေန ျပန္ပို႔ခံရတဲ့ ထိုင္းႏိုင္ငံအတြင္း ဖမ္းဆီးခံရ ျမန္မာမ်ား

ထိုင္းႏိုင္ငံေတာင္းပိုင္းျပည္နယ္ ၁၄ ခုအတြင္းမွာ အဖမ္းဆီးခံရၿပီး အက်ဥ္းေထာင္ေတြ အခ်ဳပ္ေတြကေန လြက္ရက္ေစ့သြားတဲ့ ျမန္မာေ႐ႊေျပာင္းအလုပ္သမား ၁၈၀ ေလာက္ကို ထိုင္းအာဏာပိုင္ေတြက ျပည္ႏွင္ဒဏ္ေပးၿပီး၊ ေအာက္တိုဘာလ (၂) ရက္ေန႔မွာ ရေနာင္းကေန ေကာ့ေသာင္းၿမိဳ႕ကို ျပန္လည္ လႊဲေျပာင္းေပးခဲ့ပါတယ္။ ဒီသတင္းကို ဗြီအိုေအ သတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

အမ်ိဳးသမီးနဲ႔ အမ်ိဳးသားေတြအပါအဝင္ လူ ၁၈၀ ေလာက္ကို ထိုင္းဘက္က ျပည္ႏွင္ဒဏ္ေပးခဲ့တာပါ။ ျပည္ႏွင္ဒဏ္ေပးခံရသူေတြကို ေအာက္တိုဘာလ (၂) ရက္ေန႔မွာေတာ့ ရေနာင္းဘက္ကေန ေကာ့ေသာင္းဘက္ကို ျပန္လည္လႊဲေျပာင္းေပးခဲ့ေၾကာင္း ေကာ့ေသာင္းၿမိဳ ႔ပညာေရးနဲ႔ ဖြံၿဖိဳးတိုးတက္ေရး ေဖာင္ေဒးရွင္း ေ႐ႊ႕ေျပာင္းအလုပ္သမား အရင္းျမစ္စင္တာ (MWRC) တာဝန္ခံ ဦးမိုးေဝက အခုလို ေျပာပါတယ္။

"၁၇၈ ေယာက္က အမ်ိဳးသမီးတေယာက္ ေလ်ာ့သြားတယ္ ၁၇၇ ေယာက္ပဲ ျဖစ္သြားတယ္။ တေယာက္ေလ်ာ့သြားတာကေတာ့ က်န္းမာေရးနဲ႔ပတ္သက္ၿပီး ေဆးကုသမူခံယူေနရတဲ့အတြက္ တေယာက္ကေတာ့ မလိုက္လာျဖစ္ဘူး။ အလုပ္သမားသံအရာရွိ႐ုံးက ပို႔လာတာကေတာ အေၾကာင္အမ်ိဳးမ်ိဳးေၾကာင့္ အဖမ္းဆီးခံရတဲ့သူေတြ ရွိတယ္။ လူေတြကေတာ့ က်န္းမာေရးေတာ့ ေကာင္းၾကပါတယ္။ တခ်ိဳ႕လည္း အခ်ဳပ္ထဲမွာေနရတာ ၄၅ ရက္ေက်ာ္တဲ့သူေတြ ရွိတယ္။ ဒီဘက္မွာက လက္ခံႀကိဳဆိုတယ္။ က်န္းမာေရးေစာင့္ေရွာက္မူေတြ လုပ္ေပးတယ္။ ကြာရမ္တင္းစင္တာေတြကို ပို႔ေပးဖို႔ ျပင္ဆင္ေနၾကတယ္။ အခ်ဳပ္ထဲမွာ ဖမ္းမိတဲ့သူေတြက ဘယ္နယ္ကေန က်လာတယ္။ ဘာအမူနဲ႔ က်လာတယ္ဆိုတဲ့ အခ်က္အလက္ေတြကို အခုေတာ့ ျပန္ယူတယ္။ အရင္တုန္းကေတာ့ မယူဘူး။"

ထိုင္းဘက္ျခမ္းက လူဝင္မူ႔ႀကီးၾကပ္ေရးအခ်ဳပ္ေတြမွာ ျမန္မာႏိုင္ငံသားေတြနဲ႔ ျပည့္ၾကပ္ေနၿပီး၊ လြက္ရက္ေစ့ေပမယ့္ ေနရပ္ျပန္ပို႔ မခံရေသးတဲ့သူေတြလည္း အမ်ားအျပား ရွိေနတာပါ။ အရင္တုန္းကေတာ့ ျမန္မာျပည္ဘက္က ကိုဗစ္ေစာင္ၾကည့္ေရးစင္တာ မလုံေလာက္တာေၾကာင့္ ၾကန႔္ၾကာေနေပမယ့္ အခုအခါမွာေတာ့ ျမန္မာဘက္က ကိုဗစ္ေစာင့္ၾကည့္ေရးစင္တာေတြအျဖစ္ ခေမာက္ႀကီးစခန္း၊ ပလုပ္တုံတုံစခန္း၊ နဝရတ္အားကစား႐ုံ စတဲ့ေနရာ (၃) ခုမွာ ေနရပ္ျပန္လာသူေတြကို ယာယီထားေပးထားတယ္လို႔ ဆိုပါတယ္။

အခုၾကန္ၾကာေနသူေတြကေတာ့ ထိုင္းဘက္ကို နယ္စပ္ျဖတ္ေက်ာ္မူ လူကုန္ကူးမူေတြနဲ႔ ဆက္ႏြယ္ေနၿပီး၊ သက္ေသအျဖစ္ လုပ္ေပးရတဲ့ သူေတြျဖစ္ၿပီး အခ်ဳပ္ထဲမွာ ရက္ၾကာၾကာေနရၿပီး ၾကန႔္ၾကာေနတာေတြ ရွိတယ္လို႔ ဦးမိုးေဝက ေျပာပါတယ္။

"အခုအခ်ဳပ္ခန္းထဲမွာ ပုံမွန္ဆိုရင္ ထိုင္းဥပေဒအရ နယ္စပ္ျဖတ္ေက်ာ္မူ႔ဆိုရင္ ၄၅ ရက္ထိပဲ ေနရတယ္။ ဒါေပမဲ့ ၄၅ ရက္ထက္ေက်ာ္လြန္ၿပီး ၃လတို႔ ၆ လေလာက္ထိ ေနခဲ့ရတဲ့သူေတြ ရွိတယ္။ ဒီလူေတြအားလုံးဆိုရင္ ျပည္ႏွင္ဒဏ္ ျပန္ေပးရတဲ့သူေတြ ရွိတယ္။ တခ်ိဳ႕ဆိုရင္ေတာ့ သက္ေသအျဖစ္ ထားရတဲ့သူေတြလည္း ရွိတယ္။ သက္ေသဆိုတာကေတာ့ ပြဲစားကားနဲ႔ ဖမ္းမိတဲ့သူ ဦးေဆာင္တဲ့သူေတြဆိုရင္ေတာ့ သက္ေသအျဖစ္ ေလးငါးေျခာက္လ အမူရင္ဆိုင္ေနရလို႔ သက္ေသအျဖစ္ထားရတဲ့သူေတြ ရွိတယ္။ အဲဒီလိုလူမ်ိဳးေတြေတာ့ ရွိတယ္။"

ထိုင္းအက်ဥ္းေထာင္ေတြ၊ အခ်ဳပ္ေတြက လြတ္ရက္ေစ့တဲ့ ျမန္မာေတြကို မဲေဆာက္၊ ျမဝတီ၊ မဲဆိုင္၊ တာခ်ီလိတ္၊ ရေနာင္းေကာ့ေသာင္း လမ္းေတြကေန ျပန္လည္ လႊဲေျပာင္းေပးေလ့ ရွိပါတယ္။

ကိုဗစ္ကပ္ေဘးကာလမွာ နယ္စပ္လမ္းေတြ တံတားေတြပိတ္ထားတဲ့အတြက္ ျပည္ႏွစ္ဒဏ္ေပးတဲ့သူေတြကို အကန႔္အသတ္နဲ႔သာ ျပန္ပို႔ခဲ့ပါတယ္။

ဒီထဲမွာေတာ့ မဲေဆာက္-ျမဝတီ ခ်စ္ၾကည္တံတား အမွတ္(၂) ကေန ျပည္ႏွင္ဒဏ္ေပးသူေတြကို အမ်ားဆုံးလႊဲေျပာင္းေပးတာ ျဖစ္ၿပီး၊ ရေနာင္း -ေကာ့ေသာင္း - ေရလမ္းကေတာ့ ေကာ့ေသာင္းၿမိဳ႕က ေစာင့္ၾကည္ေရးစင္တာမွာ လက္ခံႏိုင္တဲ့ လူဦးေရ ပမာဏကို ၾကည့္ၿပီး၊ ထိုင္းဘက္ကေန တစ္လမွာ ႏွစ္ႀကိမ္ခန႔္ လႊဲေျပာင္းေပးခဲ့တာ ျဖစ္ပါတယ္။

===Unicode ===

ထိုင်းနိုင်ငံတောင်းပိုင်းပြည်နယ် ၁၄ ခုအတွင်းမှာ အဖမ်းဆီးခံရပြီး အကျဉ်းထောင်တွေ အချုပ်တွေကနေ လွက်ရက်စေ့သွားတဲ့ မြန်မာရွှေပြောင်းအလုပ်သမား ၁၈၀ လောက်ကို ထိုင်းအာဏာပိုင်တွေက ပြည်နှင်ဒဏ်ပေးပြီး၊ အောက်တိုဘာလ (၂) ရက်နေ့မှာ ရနောင်းကနေ ကော့သောင်းမြို့ကို ပြန်လည် လွှဲပြောင်းပေးခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

အမျိုးသမီးနဲ့ အမျိုးသားတွေအပါအဝင် လူ ၁၈၀ လောက်ကို ထိုင်းဘက်က ပြည်နှင်ဒဏ်ပေးခဲ့တာပါ။ ပြည်နှင်ဒဏ်ပေးခံရသူတွေကို အောက်တိုဘာလ (၂) ရက်နေ့မှာတော့ ရနောင်းဘက်ကနေ ကော့သောင်းဘက်ကို ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း ကော့သောင်းမြို့ပညာရေးနဲ့ ဖွံဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း ရွှေ့ပြောင်းအလုပ်သမား အရင်းမြစ်စင်တာ (MWRC) တာဝန်ခံ ဦးမိုးဝေက အခုလို ပြောပါတယ်။

"၁၇၈ ယောက်က အမျိုးသမီးတယောက် လျော့သွားတယ် ၁၇၇ ယောက်ပဲ ဖြစ်သွားတယ်။ တယောက်လျော့သွားတာကတော့ ကျန်းမာရေးနဲ့ပတ်သက်ပြီး ဆေးကုသမူခံယူနေရတဲ့အတွက် တယောက်ကတော့ မလိုက်လာဖြစ်ဘူး။ အလုပ်သမားသံအရာရှိရုံးက ပို့လာတာကတော အကြောင်အမျိုးမျိုးကြောင့် အဖမ်းဆီးခံရတဲ့သူတွေ ရှိတယ်။ လူတွေကတော့ ကျန်းမာရေးတော့ ကောင်းကြပါတယ်။ တချို့လည်း အချုပ်ထဲမှာနေရတာ ၄၅ ရက်ကျော်တဲ့သူတွေ ရှိတယ်။ ဒီဘက်မှာက လက်ခံကြိုဆိုတယ်။ ကျန်းမာရေးစောင့်ရှောက်မူတွေ လုပ်ပေးတယ်။ ကွာရမ်တင်းစင်တာတွေကို ပို့ပေးဖို့ ပြင်ဆင်နေကြတယ်။ အချုပ်ထဲမှာ ဖမ်းမိတဲ့သူတွေက ဘယ်နယ်ကနေ ကျလာတယ်။ ဘာအမူနဲ့ ကျလာတယ်ဆိုတဲ့ အချက်အလက်တွေကို အခုတော့ ပြန်ယူတယ်။ အရင်တုန်းကတော့ မယူဘူး။"

ထိုင်းဘက်ခြမ်းက လူဝင်မူ့ကြီးကြပ်ရေးအချုပ်တွေမှာ မြန်မာနိုင်ငံသားတွေနဲ့ ပြည့်ကြပ်နေပြီး၊ လွက်ရက်စေ့ပေမယ့် နေရပ်ပြန်ပို့ မခံရသေးတဲ့သူတွေလည်း အများအပြား ရှိနေတာပါ။ အရင်တုန်းကတော့ မြန်မာပြည်ဘက်က ကိုဗစ်စောင်ကြည့်ရေးစင်တာ မလုံလောက်တာကြောင့် ကြန့်ကြာနေပေမယ့် အခုအခါမှာတော့ မြန်မာဘက်က ကိုဗစ်စောင့်ကြည့်ရေးစင်တာတွေအဖြစ် ခမောက်ကြီးစခန်း၊ ပလုပ်တုံတုံစခန်း၊ နဝရတ်အားကစားရုံ စတဲ့နေရာ (၃) ခုမှာ နေရပ်ပြန်လာသူတွေကို ယာယီထားပေးထားတယ်လို့ ဆိုပါတယ်။

အခုကြန်ကြာနေသူတွေကတော့ ထိုင်းဘက်ကို နယ်စပ်ဖြတ်ကျော်မူ လူကုန်ကူးမူတွေနဲ့ ဆက်နွယ်နေပြီး၊ သက်သေအဖြစ် လုပ်ပေးရတဲ့ သူတွေဖြစ်ပြီး အချုပ်ထဲမှာ ရက်ကြာကြာနေရပြီး ကြန့်ကြာနေတာတွေ ရှိတယ်လို့ ဦးမိုးဝေက ပြောပါတယ်။

"အခုအချုပ်ခန်းထဲမှာ ပုံမှန်ဆိုရင် ထိုင်းဥပဒေအရ နယ်စပ်ဖြတ်ကျော်မူ့ဆိုရင် ၄၅ ရက်ထိပဲ နေရတယ်။ ဒါပေမဲ့ ၄၅ ရက်ထက်ကျော်လွန်ပြီး ၃လတို့ ၆ လလောက်ထိ နေခဲ့ရတဲ့သူတွေ ရှိတယ်။ ဒီလူတွေအားလုံးဆိုရင် ပြည်နှင်ဒဏ် ပြန်ပေးရတဲ့သူတွေ ရှိတယ်။ တချို့ဆိုရင်တော့ သက်သေအဖြစ် ထားရတဲ့သူတွေလည်း ရှိတယ်။ သက်သေဆိုတာကတော့ ပွဲစားကားနဲ့ ဖမ်းမိတဲ့သူ ဦးဆောင်တဲ့သူတွေဆိုရင်တော့ သက်သေအဖြစ် လေးငါးခြောက်လ အမူရင်ဆိုင်နေရလို့ သက်သေအဖြစ်ထားရတဲ့သူတွေ ရှိတယ်။ အဲဒီလိုလူမျိုးတွေတော့ ရှိတယ်။"

ထိုင်းအကျဉ်းထောင်တွေ၊ အချုပ်တွေက လွတ်ရက်စေ့တဲ့ မြန်မာတွေကို မဲဆောက်၊ မြဝတီ၊ မဲဆိုင်၊ တာချီလိတ်၊ ရနောင်းကော့သောင်း လမ်းတွေကနေ ပြန်လည် လွှဲပြောင်းပေးလေ့ ရှိပါတယ်။

ကိုဗစ်ကပ်ဘေးကာလမှာ နယ်စပ်လမ်းတွေ တံတားတွေပိတ်ထားတဲ့အတွက် ပြည်နှစ်ဒဏ်ပေးတဲ့သူတွေကို အကန့်အသတ်နဲ့သာ ပြန်ပို့ခဲ့ပါတယ်။

ဒီထဲမှာတော့ မဲဆောက်-မြဝတီ ချစ်ကြည်တံတား အမှတ်(၂) ကနေ ပြည်နှင်ဒဏ်ပေးသူတွေကို အများဆုံးလွှဲပြောင်းပေးတာ ဖြစ်ပြီး၊ ရနောင်း -ကော့သောင်း - ရေလမ်းကတော့ ကော့သောင်းမြို့က စောင့်ကြည်ရေးစင်တာမှာ လက်ခံနိုင်တဲ့ လူဦးရေ ပမာဏကို ကြည့်ပြီး၊ ထိုင်းဘက်ကနေ တစ်လမှာ နှစ်ကြိမ်ခန့် လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG