သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဟောင်းထရမ့် ဥပေဒချိုးဖေါက်မှုရှိမရှိ တရားရေးဌာနက စုံစမ်းနေ


U.S. Attorney General Merrick Garland speaks about the FBI's search warrant served at the home of former President Donald Trump in Washington
U.S. Attorney General Merrick Garland speaks about the FBI's search warrant served at the home of former President Donald Trump in Washington

အမေရိကန်သမ္မတဟောင်း Donal Trump ရဲ့ ဖလော်ရီဒါက နေအိမ်ကို ဒီသတင်းပတ်အစောပိုင်းမှာ FBI က ဝင်ရောက်ရှာဖွေပြီးနောက် သူလျှိုအက်ဥပဒေအပါအဝင် အခြားရာဇဝတ်မှုတွေ ချိုးဖောက်နိုင်ခြေ ရှိနေတယ်ဆိုတဲ့ စွဲချက်နဲ့ Trump ကို အမေရိကန်ပြည်ထောင်စု တရားရေးဌာနက စုံစမ်းစစ်ဆေးနေပါပြီ။ သူလျှိုအက်ဥပဒေထဲမှာတော့ သက်ဆိုင်သူသာ ဖတ်ခွင့်ရှိတဲ့ စာရွက်စာတမ်းတွေကို မှားယွင်းစွာ စီမံခန့်ခွဲမှုလည်း ပါဝင်နေတာပါ။

သမ္မတဟောင်း Trump ရဲ့Mar-a-Lago အပမ်းဖြေနေအိမ်ကနေ နိုင်ငံတော်ထိပ်တန်းလျှို့ဝှက်အဆင့် စာရွက်စာတမ်း (၁၁) စုံကို FBI (ဖက်ဒရယ်အစိုးရ စုံစမ်းစစ်ဆေးရေးဗျူရို) တနင်္လာနေ့က ရှာဖွေတွေ့ရှိခဲ့တာပါ။ အခုလို FBI က သိမ်းဆည်းလက်ခံရရှိတာတွေနဲ့ ရှာဖွေခွင့်ဝရမ်းကို ဖလော်ရီဒါ တောင်ပိုင်းခရိုင်တရားရုံးက မနေ့သောကြာနေ့က အများပြည်သူသိအောင် ထုတ်ပြန်လိုက်တာပါ။

အဲဒီထုတ်ပြန်ချက်မှာ ထိပ်တန်းလျှို့ဝှက် တံဆိပ်တပ်ထားတဲ့ စာရွက်စာတမ်းတွေ၊ နိုင်ငံအတွင်းရေးကိစ္စ အချက်အလက်တွေအပါအဝင် အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နိုင်တဲ့ ထိပ်တန်းလျှို့ဝှက်အဆင့် စာရွက်စာတမ်း ၁၁ စုံကို FBI အေဂျင့်တွေက ပြန်လည်ရယူခဲ့တယ်ဆိုတာကို ဖေါ်ပြထားပါတယ်။

အမေရိကန်အစိုးရ ရှေ့နေချုပ် Merrick Garland ကိုယ်တိုင်လည်း ဒီရှာဖွေမှုကို အခုလို အတည်ပြုခဲ့ပါတယ်။

"အမေရိကန် ပြည်ထောင်စုတရားရေးဌာနအနေနဲ့ ဒီလိုကိစ္စအတွက် ပေါ့ပေါ့တန်တန် ဆုံးဖြတ်လုပ်ကိုင်ခဲ့တာ မဟုတ်ပါဘူး။ ဒီလိုရှာဖွေတဲ့နေရာမှာလည်း တတ်နိုင်သလောက် အနှောက်အယှက်နည်းတဲ့ နည်းလမ်းတွေကိုသုံးပြီး စံချိန်စံနှုန်းတွေအတိုင်း ဆောင်ရွက်ခဲ့ပါတယ်။"

သူ့ရဲ့ အပမ်းဖြေနေအိမ်ကို FBI က ဝင်ရောက်ရှာဖွေခဲ့တာနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က Trump ရဲ့ တုံ့ပြန်ချက်မှာတော့ သမ္မတဟောင်း ဘရက်အိုဘားမားဟာ နိုင်ငံတော်ထိပ်တန်းလျှို့ဝှက်ချက် စာရွက်စာတမ်းတွေအပါအဝင် စာရွက်စာတမ်းပေါင်း ၃၃ သန်းကို သိမ်းဆည်းထားတယ်လို့ စွပ်စွဲခဲ့ပါတယ်။ ဒါပေမယ့် အမျိုးသားမော်ကွန်းတိုက်ဘက်က Trump ရဲ့ စွပ်စွဲချက် မှန်ကန်မှုမရှိဘူးလို့၊ သောကြာနေ့က ကြေညာချက်ထုတ်ပြန် ငြင်းဆိုထားပါတယ်။ ဒါအပြင် အမျိုးသားမော်ကွန်းတိုက်အနေနဲ့ သမ္မတဟောင်း အိုဘားမားလက်ထက်က မှတ်တမ်းတွေကို သူ့ရဲ့ သမ္မတတာဝန်ကုန်ဆုံးချိန်မှာ ထိန်းသိမ်းထားပြီးပြီဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။

===Unicode ====







XS
SM
MD
LG