သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း ဂျပန်တောင်ပိုင်း ဝင်ရောက်ဖို့ရှိ


High waves triggered by Typhoon Haishen crash against the coast in Kagoshima, Kagoshima prefecture, in southwestern Japan Sept. 6, 2020, in this photo taken by Kyodo.
High waves triggered by Typhoon Haishen crash against the coast in Kagoshima, Kagoshima prefecture, in southwestern Japan Sept. 6, 2020, in this photo taken by Kyodo.

ဂျပန်နိုင်ငံတောင်ပိုင်း Kyushu ကျွန်းမှာ အင်အားပြင်း တိုင်ဖွန်းမုန်တိုင်းကြီးတခု မနက်ဖြန် တနင်္ဂနွေနေ့ ဝင်ရောက်နိုင်ဖွယ် ရှိနေတာကြောင့် ဒေသခံတွေ နေရာကနေ ရွှေ့ပြောင်းကြဖို့ ဂျပန်မိုးလေဝသဌာနက ဒီကနေ့ တိုက်တွန်းနေပါတယ်။ မုန်တိုင်းကြောင့် ဒေသတွင်း မိုးရေချိန် ၂၀ လက်မအထိ ရွာသွန်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

အမေရိကန်ရေတပ်ရဲ့ တိုင်ဖွန်းမုန်တိုင်း ပူးတွဲ သတိပေး စင်တာက ဆူပါတိုင်းဖွန်းအဖြစ် သတ်မှတ်ထားတဲ့ Nanmadol မုန်တိုင်းဟာ ဂျပန်နိုင်ငံအတွက် ဆယ်စုနှစ် အတော်ကြာကာလအတွင်း ထိခိုက်ပျက်စီးမှု အဆိုးဆုံး ကြုံရနိုင်ဖွယ်ရှိတဲ့ မုန်တိုင်းဖြစ်နိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

ဂျပန်နိုင်ငံ တောင်ဘက်စွန်းမှာရှိတဲ့ Kyushu ကျွန်း ဒေသတချို့နဲ့ Kagoshima ကျွန်းစုတွေမှာ ဒီကနေ့ ညနေပိုင်းကစလို့ မိုးပြင်းပြင်းထန်ထန် ရွာပြီး၊ လှိုင်းကြီးတာတွေ ဖြစ်နိုင်သလို၊ ဒေသတွင်း အထူးသတိပေးချက် ထုတ်ပြန်ကောင်း ထုတ်ပြန်သွားမယ်လို့ ဂျပန် မိုးလေဝသဌာနက ပြောပါတယ်။ မုန်တိုင်းအန္တရာယ်ကြောင့် Kyushu ကျွန်းကိုသွားတဲ့ ရထားတွေကို ဒီကနေ့ကစပြီး ရပ်ဆိုင်းထားသလို၊ လေယာဉ်ခရီးစဉ် ဒါဇင်နဲ့ချီကိုလည်း ဖျက်ထားပါတယ်။

===== Unicode ====




XS
SM
MD
LG