သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားကျူးကျော်တိုက်ခိုက်မှု ၆ လပြည့်အထိမ်းအမှတ်ကျင်းပဖို့ ယူကရိန်းပြင်ဆင်နေ


ပိုလန်နိုင်ငံအတွင်း ထွက်ပြေးလာကြသည့် ယူကရိန်းဒုက္ခသည်များ။
ပိုလန်နိုင်ငံအတွင်း ထွက်ပြေးလာကြသည့် ယူကရိန်းဒုက္ခသည်များ။

ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တဲ့ ၆ လပြည့် အထိမ်းအမှတ်ကျင်းပဖို့ ယူကရိန်းက ပြင်ဆင်နေပါတယ်။

စစ်ပွဲအစပိုင်း အချိန်တွေတုန်းက အကြံပေးပုဂ္ဂိုလ်တွေက သူ့ကိုပြောခဲ့တာတွေကို သူ့အနေနဲ့ ပြန်ပြောင်းသတိရနေကြောင်း၊ ယူကရိန်းလူမျိုးတွေဟာ အနိုင်မခံ အရှုံးမပေးဘူး၊ ယူကရိန်းကို ခုခံကာကွယ်သူတွေဟာ အရှုံးပေးမှာမဟုတ်ဘူး ဆိုတာကို သိလာရပြီဖြစ်တဲ့အတွက် အဲဒီ အကြံပေးခဲ့ကြသူ အများစုဟာ အခုချိန်မှာ အရှက်ရနေကြမယ်ဆိုတာ ကျနော် သိပါတယ်လို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က တိုင်းပြည်ကို နေ့စဉ်ပြောကြားတဲ့ မိန့်အခွန်းအတွင်း စနေနေ့ညက ထဲ့သွင်း ပြောကြားခဲ့ပါတယ်။

ယူကရိန်းနိုင်ငံသားတွေ ဆက်ပြီး တိုက်ပွဲဝင်ကြရပါဦးမယ်၊ လုပ်စရာတွေလည်း အများကြီး ကျန်နေပါသေးတယ်၊ ဒုက္ခများစွာနဲ့ ရေရှည် ကြံ့ကြံ့ခံနိုင်ဖို့ လိုပါတယ်၊ ဒါပေမယ့် ယူကရိန်းလူမျိုးတွေဟာ သူတို့နိုင်ငံ၊ သူတို့လူမျိုးနဲ့ သူတို့ရဲ့ သူရဲကောင်းတွေအတွက် ဂုဏ်ယူနိုင်ပါတယ်လို့ သမ္မတ Zelenskyy က ပြောပါတယ်။

အခုသီပတ်အတွင်းမှာ ရုရှားတို့က အင်မတန်ယုတ်မာ ကောက်ကျစ်တဲ့ အစီအစဉ်တခုကို လုပ်ကောင်းလုပ်လာနိုင်ပါတယ်။ ရန်သူဟာ ရန်သူအကျင့်အကြံဘဲ လုပ်ကြမှာပါ။ လွန်ခဲ့တဲ့ ၆ လအတွင်းမှာလည်း ရုရှားတို့က ယုတ်မာကောက်ကျစ်တဲ့နည်းတွေကို တောက်လျှောက်ကျင့်သုံးခဲ့ပြီး ဖြစ်ပါတယ်လို့ သမ္မတ Zelenskyy က ပြောပါတယ်။

=== Unicode ===





XS
SM
MD
LG