ႏ်ဴကလီယားလက္နက္ပိုင္ဆိုင္တဲ့ တိုင္းျပည္ေတြေတြကို ႏ်ဴကလီယားစစ္ ျဖစ္လာႏိုင္ေခ် ခြင့္ျပဳေပးလို႔ မရဘူးလို႔ ကုလသမဂၢအေတြင္းေရးမႈးခ်ဳပ္ Antonio Guterres က အခု ဩဂုတ္လ ၆ ရက္ေန႔ စေနေန႔မွာ ေျပာလိုက္ပါတယ္။ ဂ်ပန္ႏိုင္ငံ ဟီ႐ိုရွိးမားၿမိဳ႕ အႏုျမဴဗုံးႀကဲခံရတဲ့ ၇၇ ႏွစ္ေျမာက္ အထိမ္းအမွတ္ ေအာက့္ေမ့ဝမ္းနည္းဖြယ္ေန႔မွာ ကုလအတြင္းေရးမႈးခ်ဳပ္က အခုလို ေျပာတာပါ။
ဒီအျဖစ္အပ်က္ႀကီးကို ကမာၻႀကီးအေနနဲ႔ ေမ့ထားလို႔ မရဘူးလို႔ အတြင္းေရးမႈးခ်ဳပ္ Guterres က ေျပာပါတယ္။ “ႏ်ဴကလီယားလက္နက္ မရွိတဲ့ကမာၻ” ဆိုတဲ့အေျခအေနက ေမွးမွိန္သြားၿပီဆိုတဲ့အတြက္၊ အခုလို ႏ်ဴကလီယားလက္နက္အသုံးခ်ခဲ့တဲ့ အလားတူ မွားယြင္းမႈေတြ ထပ္မျဖစ္ဖို႔ပဲ ေမတၱာရပ္ခံလိုပါတယ္လို႔ ကုလအတြင္းေရးမႈးခ်ဳပ္က ေျပာပါတယ္။ အေရွ႕အလယ္ပိုင္းကေန ကိုးရီယားကြၽမ္းဆြယ္ ယူကရိန္းကို ႐ုရွားက်ဴးေက်ာ္မႈေတြအထိ ကမာၻတလႊားမွာ၊ ႏ်ဴကလီယားနဲ႔ ပတ္သက္လို႔ စိုးရိမ္စကားေတြ စိုးရိမ္မႈေတြ ပ်ံႏွံေနတယ္လို႔လည္း သူက သတိေပးပါတယ္။
ႏ်ဴကလီယားလက္နက္ေၾကာင့္ က်န္ရစ္ရွင္သန္ရသူေတြရဲ႕ စကားကို အေလးထားပါ၊ ေနာက္ထပ္ ဟီ႐ိုရွိးမား ေနာက္ထပ္ နာကာဆာကီမျဖစ္ေစခ်င္ပါဘူးလို႔လည္း ကုလအတြင္းေရးမႈးခ်ဳပ္က ေျပာပါတယ္။ ဟီ႐ိုရွီးမားၿမိဳ႕ အႏုျမဴဗုံးႀကဲတိုက္ခိုက္ခံရတဲ့ ႏွစ္ပတ္လည္ေန႔ကို အရင္ကုလအတြင္းေရးမႈးခ်ဳပ္ Ban Ki Moon က ၂၀၁၀ ခုႏွစ္မွာ တတ္ေရာက္ခဲ့ၿပီး၊ Antonio Guterres အတြက္ေတာ့ ကုလအတြင္းေရးမႈးခ်ဳပ္ျဖစ္ၿပီးေနာက္ ဒါ ပထမဆုံးအႀကိမ္ တတ္ေရာက္ျခင္း ျဖစ္ပါတယ္။
===Unicode ===
နျူကလီယားလက်နက်ပိုင်ဆိုင်တဲ့ တိုင်းပြည်တွေတွေကို နျူကလီယားစစ် ဖြစ်လာနိုင်ချေ ခွင့်ပြုပေးလို့ မရဘူးလို့ ကုလသမဂ္ဂအတွေင်းရေးမှုးချုပ် Antonio Guterres က အခု ဩဂုတ်လ ၆ ရက်နေ့ စနေနေ့မှာ ပြောလိုက်ပါတယ်။ ဂျပန်နိုင်ငံ ဟီရိုရှိးမားမြို့ အနုမြူဗုံးကြဲခံရတဲ့ ၇၇ နှစ်မြောက် အထိမ်းအမှတ် အောက့်မေ့ဝမ်းနည်းဖွယ်နေ့မှာ ကုလအတွင်းရေးမှုးချုပ်က အခုလို ပြောတာပါ။
ဒီအဖြစ်အပျက်ကြီးကို ကမ္ဘာကြီးအနေနဲ့ မေ့ထားလို့ မရဘူးလို့ အတွင်းရေးမှုးချုပ် Guterres က ပြောပါတယ်။ “နျူကလီယားလက်နက် မရှိတဲ့ကမ္ဘာ” ဆိုတဲ့အခြေအနေက မှေးမှိန်သွားပြီဆိုတဲ့အတွက်၊ အခုလို နျူကလီယားလက်နက်အသုံးချခဲ့တဲ့ အလားတူ မှားယွင်းမှုတွေ ထပ်မဖြစ်ဖို့ပဲ မေတ္တာရပ်ခံလိုပါတယ်လို့ ကုလအတွင်းရေးမှုးချုပ်က ပြောပါတယ်။ အရှေ့အလယ်ပိုင်းကနေ ကိုးရီယားကျွမ်းဆွယ် ယူကရိန်းကို ရုရှားကျူးကျော်မှုတွေအထိ ကမ္ဘာတလွှားမှာ၊ နျူကလီယားနဲ့ ပတ်သက်လို့ စိုးရိမ်စကားတွေ စိုးရိမ်မှုတွေ ပျံနှံနေတယ်လို့လည်း သူက သတိပေးပါတယ်။
နျူကလီယားလက်နက်ကြောင့် ကျန်ရစ်ရှင်သန်ရသူတွေရဲ့ စကားကို အလေးထားပါ၊ နောက်ထပ် ဟီရိုရှိးမား နောက်ထပ် နာကာဆာကီမဖြစ်စေချင်ပါဘူးလို့လည်း ကုလအတွင်းရေးမှုးချုပ်က ပြောပါတယ်။ ဟီရိုရှီးမားမြို့ အနုမြူဗုံးကြဲတိုက်ခိုက်ခံရတဲ့ နှစ်ပတ်လည်နေ့ကို အရင်ကုလအတွင်းရေးမှုးချုပ် Ban Ki Moon က ၂၀၁၀ ခုနှစ်မှာ တတ်ရောက်ခဲ့ပြီး၊ Antonio Guterres အတွက်တော့ ကုလအတွင်းရေးမှုးချုပ်ဖြစ်ပြီးနောက် ဒါ ပထမဆုံးအကြိမ် တတ်ရောက်ခြင်း ဖြစ်ပါတယ်။