သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်အလိုရှိနေတဲ့ မက်ဆီကို မူးယစ်ခေါင်းဆောင် ဖမ်းဆီးရမိ


UNDATED FILE PHOTO - Mexican drug lord Rafael Caro Quintero is shown behind bars in this undated file photo. Quintero won an initial appeal against his conviction and 40 year sentence for the 1985 murder of U.S. DEA agent Enrique Camarena. Quintero will s
UNDATED FILE PHOTO - Mexican drug lord Rafael Caro Quintero is shown behind bars in this undated file photo. Quintero won an initial appeal against his conviction and 40 year sentence for the 1985 murder of U.S. DEA agent Enrique Camarena. Quintero will s

အမေရိကန်အစိုးရ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအေဂျင်စီ (DEA) အရာရှိတဦးကို သတ်ဖြတ်မှုနဲ့ တရားမဝင် မူးယစ်ဆေးဝါးကုန်သွယ်မှုအတွက် အမေရိကန်က အလိုရှိနေတဲ့ မက်ဆီကို မူးယစ်ဂိုဏ်းခေါင်းဆောင် Caro Quintero ကို မက်ဆီကိုတပ်ဖွဲ့တွေက ဖမ်းဆီးလိုက်ပါတယ်။ ၁၉၈၅ ခုနှစ်တန်းက အမေရိကန် DEA အရာရှိတဦး ပြန်ပေးဆွဲ သတ်ဖြတ်ခံရမှုနဲ့ ဆက်နွယ်ပြီး မက်ဆီကိုတရားရုံးတခုကနေ ထောင်ဒဏ် နှစ် (၄၀) ချမှတ်ခဲ့ပေမယ့်၊ ထောင်ထဲ (၂၈) နှစ်အကြာ ၂၀၁၃ ခုနှစ်မှာတော့ သူ့ကို မက်ဆီကို တရားရုံးချုပ်ကနေ ပြန်လွှတ်ပေးခဲ့တာပါ။

ဒီကိစ္စဟာ အမေရိကန်-မက်ဆီကို ဆက်ဆံရေးမှာ အတော်လေး ထိခိုက်ခဲ့တာပါ။ Caro Quinetro ဟာ ပြန်လွတ်ပြီးတဲ့နောက် တရားမဝင်မူးယစ်ကုန်သွယ်မှုတွေ ပြန်လုပ်ပြီး၊ မက်ဆီကိုမြောက်ပိုင်းနယ်စပ် Sonara ဒေသမှာ အကြမ်းဖက်မှုတွေမှာ ပါဝင်ပတ်သက်ခဲ့ပါတယ်။ မက်ဆီကိုမြောက်ပိုင်း Sinaloa ပြည်နယ်ထဲက San Simon မြို့မှာ သူ့ကို လျှပ်တပြတ် ဖမ်းဆီးခဲ့တာလို့ မက်ဆီကို ရေတပ်က ထုတ်ပြန်ပါတယ်။ အမေရိကန်သမ္မတ Joe Biden နဲ့ မက်ဆီကိုသမ္မတ Lopez Obrador တို့ သမတအိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ကြပြီးတဲ့နောက် အခုလို သူ့ကို ဖမ်းဆီးမှု ဖြစ်လာတာပါ။

အမေရိကန်နဲ့ မက်ဆီကို အကြား တင်းတင်းမာမာ အခြေအနေတချို့ ရှိခဲ့တဲ့နောက်ပိုင်း၊ မကြာခင်ကတော့ မက်ဆီကိုဆိုင်ရာ DEA အကြီးအကဲကို မက်ဆီကိုက ပြည်ဝင်ခွင့်ဗီဇာပေးခဲ့ပြီး နှစ်ဖက်အကြား ဆက်ဆံရေးတိုးတက်လာပါတယ်။ Caro Quintero ဟာ အမေရိကန်ဖယ်ဒရယ်ထောက်လှမ်းရေးဗျူရို (FBI) ရဲ့ ၂၀၁၈ ခုနှစ်အတွင်း အလိုရှိဆုံးစာရင်း (၁၀) ဦးထဲမှာ ထည့်သွင်းခံခဲ့ရပြီး၊ သူ့ကိုမိရင် ဒေါ်လာ သန်း (၂၀) ပေးမယ်လို့ အမေရိကန်ဖက်က ဆုကြေးထုတ်ထားပါတယ်။

===Unicode ===




XS
SM
MD
LG