သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကန္-တ႐ုတ္ဆက္ဆံေရး အေရးႀကီးေၾကာင္း ႏွစ္ႏိုင္ငံႏိုင္ငံျခားေရးဝန္ႀကီးေတြ ေျပာၾကား


G20-INDONESIA/BLINKEN-WANG

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken နဲ႔ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဝမ္ယီတို႔ ဒီကေနစေနေန႔မွာဘဲ အင္ဒိုနီးရွားႏိုင္ငံ ဘာလီကြၽန္း G20 အစည္းအေဝးျပင္ပမွာ (၅) နာရီၾကာေတြ႔ဆုံေဆြးေႏြးခဲ့ၾကၿပီး၊ အေမရိကန္နဲ႔တ႐ုတ္ရဲ႕ ဆက္ဆံေရးဟာ အက်ိဳးသက္ေရာက္မႈႀကီးမားတဲ့ ဆက္ဆံေရးျဖစ္တယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Blinken ကေျပာဆိုခဲ့ပါတယ္။

“အေမရိကန္နဲ႔ တ႐ုတ္ဆက္ဆံေရးဟာ ႏွစ္ႏိုင္ငံလုံးအတြက္ အက်ိဳးသက္ေရာက္မႈႀကီးမားသလို၊ ကမာၻႀကီးအတြက္လည္း အက်ိဳးသက္ေရာက္မႈ ႀကီးမားပါတယ္။ ကမာၻႀကီးက ေမွ်ာ္လင့္သလို ဒီဆက္ဆံေရးကို သံတမန္ေရးအရ ေကာင္းမြန္ေအာင္စီမံဖို႔ က်ေနာ္တို႔ သံဓိဌာန္ခ်ထားပါတယ္”လို႔ ႏိုင္ငံျခားေရးဝန္ႀကီး Blinken က ေျပာဆိုသြားတာပါ။

တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ ႏွစ္ႏိုင္ငံဆက္ဆံေရးကို ဘယ္လိုျမင္လဲဆိုတာေတြကို ေဆြးေႏြးခဲ့သလို၊ တ႐ုတ္ျပည္နဲ႔ ပတ္သက္လို႔ ခ်ဥ္းကပ္ေဆာင္႐ြက္မယ့္ အေမရိကန္ရဲ႕ မူဝါဒကိုလည္း တိုက္႐ိုက္ေျပာဆိုခဲ့တယ္လို႔လဲ ဝန္ႀကီး Blinken က ေျပာပါတယ္။

ႏွစ္ႏိုင္ငံဆက္ဆံေရးကို မွန္ကန္တဲ့လမ္းေၾကာင္းအတိုင္း ဆက္လက္ခ်ီတက္ႏိုင္ဖို႔အတြက္ တ႐ုတ္နဲ႔အေမရိကန္အတူတကြ လုပ္ေဆာင္ဖို႔လိုအပ္တယ္လို႔ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ယီကလည္း ေျပာဆိုခဲ့ပါတယ္။

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးတို႔ ဒီကေန႔ေတြ႔ဆုံပြဲမွာ ႏွစ္ႏိုင္ငံဆက္ဆံေရးအျပင္၊ ေဒသတြင္းအေျခအေနေတြနဲ ႏိုင္ငံတကာအေျခအေနေတြကို ေဆြးေႏြးၾကလိမ့္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္း သံတမန္အသိုင္းအဝိုင္းက ေျပာဆိုပါတယ္။

===Unicode ====

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီတို့ ဒီကနေစနေနေ့မှာဘဲ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း G20 အစည်းအဝေးပြင်ပမှာ (၅) နာရီကြာတွေ့ဆုံဆွေးနွေးခဲ့ကြပြီး၊ အမေရိကန်နဲ့တရုတ်ရဲ့ ဆက်ဆံရေးဟာ အကျိုးသက်ရောက်မှုကြီးမားတဲ့ ဆက်ဆံရေးဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinken ကပြောဆိုခဲ့ပါတယ်။

“အမေရိကန်နဲ့ တရုတ်ဆက်ဆံရေးဟာ နှစ်နိုင်ငံလုံးအတွက် အကျိုးသက်ရောက်မှုကြီးမားသလို၊ ကမ္ဘာကြီးအတွက်လည်း အကျိုးသက်ရောက်မှု ကြီးမားပါတယ်။ ကမ္ဘာကြီးက မျှော်လင့်သလို ဒီဆက်ဆံရေးကို သံတမန်ရေးအရ ကောင်းမွန်အောင်စီမံဖို့ ကျနော်တို့ သံဓိဌာန်ချထားပါတယ်”လို့ နိုင်ငံခြားရေးဝန်ကြီး Blinken က ပြောဆိုသွားတာပါ။

တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ နှစ်နိုင်ငံဆက်ဆံရေးကို ဘယ်လိုမြင်လဲဆိုတာတွေကို ဆွေးနွေးခဲ့သလို၊ တရုတ်ပြည်နဲ့ ပတ်သက်လို့ ချဉ်းကပ်ဆောင်ရွက်မယ့် အမေရိကန်ရဲ့ မူဝါဒကိုလည်း တိုက်ရိုက်ပြောဆိုခဲ့တယ်လို့လဲ ဝန်ကြီး Blinken က ပြောပါတယ်။

နှစ်နိုင်ငံဆက်ဆံရေးကို မှန်ကန်တဲ့လမ်းကြောင်းအတိုင်း ဆက်လက်ချီတက်နိုင်ဖို့အတွက် တရုတ်နဲ့အမေရိကန်အတူတကွ လုပ်ဆောင်ဖို့လိုအပ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီကလည်း ပြောဆိုခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ ဒီကနေ့တွေ့ဆုံပွဲမှာ နှစ်နိုင်ငံဆက်ဆံရေးအပြင်၊ ဒေသတွင်းအခြေအနေတွေနဲ နိုင်ငံတကာအခြေအနေတွေကို ဆွေးနွေးကြလိမ့်မယ်လို့ မျှော်လင့်ကြောင်း သံတမန်အသိုင်းအဝိုင်းက ပြောဆိုပါတယ်။

XS
SM
MD
LG