ယူကရိန္းကို က်ဴးေက်ာ္ တိုက္ခိုက္တဲ့စစ္ပြဲနဲ႔ဆိုင္တဲ့ သတင္းအခ်က္အလက္ေတြကို ႐ုရွားအစိုးရက ႏိုင္ငံအတြင္း ကန႔္သတ္ဖိႏွိပ္ေနတာကို ေက်ာ္လႊာႏိုင္မယ့္ Software ကို အေမရိကန္က ေက်ာေထာက္ေနာက္ခံေပးထားတဲ့ အဖြဲ႔အစည္းတခုက ႐ုရွားျပည္သူေတြကို ေထာက္ပံ့ေပးေနတယ္လို႔ အဲဒီအဖြဲ႔ရဲ႕ ေျပာၾကားခ်က္ကို ကိုးကားၿပီး AFP သတင္းဌာနမွာ ေဖာ္ျပပါတယ္။
ေဖေဖာ္ဝါရီလမွာ အိမ္နီးခ်င္း ယူကရိန္းႏိုင္ငံကို က်ဴးေက်ာ္တိုက္ခိုက္ခ်ိန္ကစလို႔ သီးျခားလြတ္လပ္တဲ့ သတင္းဌာနေတြအေပၚ ႐ုရွားအစိုးရက ကန႔္သတ္မႈေတြ တင္းၾကပ္လုပ္ေဆာင္လာတာမွာ စစ္ပြဲအျဖစ္ အမည္တပ္ေခၚဆိုတာနဲ႔ စစ္ပြဲအေပၚ ေဝဖန္ေရးသားၾကတဲ့ သတင္းေထာက္ေတြဟာ အေရးယူခံရမယ့္ ၿခိမ္းေခ်ာက္မႈေတြနဲ႔ ရင္ဆိုင္ေနရတာပါ။
အေမရိကန္အစိုးရက ေငြေၾကးေထာက္ပံ့ေပးထားတဲ့ Open Technology Fund (OTF) အဖြဲ႔ကတဆင့္ သန္းနဲ႔ခ်ီတဲ့ ႐ုရွားျပည္သူေတြအတြက္ Virtual Private Network လို႔ေခၚတဲ့ VPN ေတြ ထုတ္ေပးေနတဲ့ ပုဂၢလိကကုမၸဏီေတြကို ေငြေၾကးေထာက္ပံ့ေပးေနတာ ျဖစ္ပါတယ္။ အဲဒီ VPN ေတြသုံးၿပီး အစိုးရက ဆင္ဆာပိတ္ကန႔္သတ္ထားတဲ့ အင္တာနက္ Website ေတြကို ႐ုရွားျပည္သူေတြ တက္ၾကည့္ၾကတာပါ။
႐ုရွားႏိုင္ငံအေပၚ ႏိုင္ငံတကာရဲ႕ ဒဏ္ခတ္ပိတ္ဆို႔မႈေတြ အသက္ဝင္လာတာေၾကာင့္ ႏိုင္ငံျခားကုမၸဏီေတြ တိုင္းျပည္အတြင္းက ထြက္ခြာသြားၾကတာေၾကာင့္ ကုန္က်စားရိတ္ေတြ ျမင့္လာတဲ့အတြက္ ႐ုရွားက VPN ျဖန႔္ခ်ိေပးသူေတြအတြက္ အေမရိကန္က ဒီ OTF အဖြဲ႔ရဲ႕ ကူညီပံ့ပိုးေပးမႈဟာ အေရးပါတယ္လို႔ ဆိုပါတယ္။ ႐ုရွားႏိုင္ငံထဲမွာ VPN သုံးတဲ့သူ လက္ရွိမွာ တသန္းခြဲရွိတယ္လို႔ ဆိုပါတယ္။
ဒီနည္းဟာ သတင္းမီဒီယာ စီးဆင္းမႈေတြကို တင္းၾကပ္ခ်ဳပ္ျခယ္ထားတဲ့ တ႐ုတ္နဲ႔ ျမန္မာႏိုင္ငံတို႔မွာ အသုံးျပဳေနၾကတာကို နမူနာယူၿပီး ႐ုရွားမွာပါ အခုလို လုပ္ေဆာင္လာတာျဖစ္တယ္လို႔ ဆိုပါတယ္။
====Unicode ====
ယူကရိန်းကို ကျူးကျော် တိုက်ခိုက်တဲ့စစ်ပွဲနဲ့ဆိုင်တဲ့ သတင်းအချက်အလက်တွေကို ရုရှားအစိုးရက နိုင်ငံအတွင်း ကန့်သတ်ဖိနှိပ်နေတာကို ကျော်လွှာနိုင်မယ့် Software ကို အမေရိကန်က ကျောထောက်နောက်ခံပေးထားတဲ့ အဖွဲ့အစည်းတခုက ရုရှားပြည်သူတွေကို ထောက်ပံ့ပေးနေတယ်လို့ အဲဒီအဖွဲ့ရဲ့ ပြောကြားချက်ကို ကိုးကားပြီး AFP သတင်းဌာနမှာ ဖော်ပြပါတယ်။
ဖေဖော်ဝါရီလမှာ အိမ်နီးချင်း ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်ချိန်ကစလို့ သီးခြားလွတ်လပ်တဲ့ သတင်းဌာနတွေအပေါ် ရုရှားအစိုးရက ကန့်သတ်မှုတွေ တင်းကြပ်လုပ်ဆောင်လာတာမှာ စစ်ပွဲအဖြစ် အမည်တပ်ခေါ်ဆိုတာနဲ့ စစ်ပွဲအပေါ် ဝေဖန်ရေးသားကြတဲ့ သတင်းထောက်တွေဟာ အရေးယူခံရမယ့် ခြိမ်းချောက်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။
အမေရိကန်အစိုးရက ငွေကြေးထောက်ပံ့ပေးထားတဲ့ Open Technology Fund (OTF) အဖွဲ့ကတဆင့် သန်းနဲ့ချီတဲ့ ရုရှားပြည်သူတွေအတွက် Virtual Private Network လို့ခေါ်တဲ့ VPN တွေ ထုတ်ပေးနေတဲ့ ပုဂ္ဂလိကကုမ္ပဏီတွေကို ငွေကြေးထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။ အဲဒီ VPN တွေသုံးပြီး အစိုးရက ဆင်ဆာပိတ်ကန့်သတ်ထားတဲ့ အင်တာနက် Website တွေကို ရုရှားပြည်သူတွေ တက်ကြည့်ကြတာပါ။
ရုရှားနိုင်ငံအပေါ် နိုင်ငံတကာရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ အသက်ဝင်လာတာကြောင့် နိုင်ငံခြားကုမ္ပဏီတွေ တိုင်းပြည်အတွင်းက ထွက်ခွာသွားကြတာကြောင့် ကုန်ကျစားရိတ်တွေ မြင့်လာတဲ့အတွက် ရုရှားက VPN ဖြန့်ချိပေးသူတွေအတွက် အမေရိကန်က ဒီ OTF အဖွဲ့ရဲ့ ကူညီပံ့ပိုးပေးမှုဟာ အရေးပါတယ်လို့ ဆိုပါတယ်။ ရုရှားနိုင်ငံထဲမှာ VPN သုံးတဲ့သူ လက်ရှိမှာ တသန်းခွဲရှိတယ်လို့ ဆိုပါတယ်။
ဒီနည်းဟာ သတင်းမီဒီယာ စီးဆင်းမှုတွေကို တင်းကြပ်ချုပ်ခြယ်ထားတဲ့ တရုတ်နဲ့ မြန်မာနိုင်ငံတို့မှာ အသုံးပြုနေကြတာကို နမူနာယူပြီး ရုရှားမှာပါ အခုလို လုပ်ဆောင်လာတာဖြစ်တယ်လို့ ဆိုပါတယ်။