သံုးရလြယ္ကူေစသည့္ Link မ်ား

မေလးရွား ေလယာဥ္ေတြ အေမရိကားကို ပ်ံသန္းခြင့္ျပန္ရ


Fleet of Malaysia Airline planes on the tarmac of the Kuala Lumpur International Airport, in Malaysia, Jan. 29, 2015.

မေလးရွားႏိုင္ငံက ေလေၾကာင္းလိုင္းေတြရဲ႕ ေဘးကင္းမႈအဆင့္ သတ္မွတ္ခ်က္ကို အေမရိကန္ျပည္ေထာင္စု ေလေၾကာင္းစီမံခန႔္ခြဲေရးဌာန (FAA) က တိုးျမႇင့္ေပး လိုက္တာပါတယ္။ အရင္က ေဘးကင္းလုံၿခဳံမႈပိုင္းဆိုင္ရာ ႏိုင္ငံတကာအဆင့္ သတ္မွတ္ခ်က္ေတြ မမီတဲ့အတြက္ မေလးရွားေလယာဥ္ေတြ အေမရိကန္ျပည္ေထာင္စုကို ပ်ံသန္းခြင့္ ၃ ႏွစ္ၾကာ ပိတ္ပင္ခံခဲ့ရၿပီးတဲ့ေနာက္ အခု ျပန္လည္ပ်ံသန္းခြင့္ ရရွိသြားတာပါ။

ဒီလို ပ်ံသန္းခြင့္ ျပန္လည္ရရွိလိုက္တာဟာ ၿပီးခဲ့တဲ့ ဧၿပီလကစလို႔ ကိုဗစ္-၁၉ ကပ္ေရာဂါ ကန႔္သတ္ခ်က္ေတြ ျပန္လည္႐ုပ္သိမ္းထားတဲ့ မေလးရွားႏိုင္ငံအတြက္ ခရီးသြားလုပ္ငန္း ျပန္လည္ေခါင္းေထာင္ၿပီး စီးပြားေရး ဖြံ႔ၿဖိဳးတိုးတက္လာႏိုင္တယ္လို႔ မေလးရွား သယ္ယူပို႔ေဆာင္ေရးဝန္ႀကီး Wee Ka Siong က ေျပာပါတယ္။

မေလးရွားအေနနဲ႔ ေလေၾကာင္းပ်ံသန္းေရးဆိုင္ရာ ေဘးကင္းေရးစံႏႈန္းေတြကို လိုက္နာျခင္းမရွိတဲ့အတြက္ FAA က ၂၀၁၉ ခုႏွစ္ ႏိုဝင္ဘာလမွာ မေလးရွားေလယာဥ္ေတြရဲ႕ ေဘးကင္းမႈအဆင့္ကို ေလွ်ာ့ခ်သတ္မွတ္ခဲ့တာပါ။ ဒါ့အျပင္ ၿမိဳ႕ျပေလေၾကာင္းကြပ္ကဲေရးအဖြဲ႕ကို ျပန္လည္ဖြဲ႔စည္းၿပီး ျပႆနာေတြကို ေျဖရွင္းဖို႔လည္း မေလးရွားကို တိုက္တြန္းခဲ့ပါတယ္။

အခုေတာ့ ဒီကိစၥျပႆနာေတြကို ေျဖရွင္းၿပီးျဖစ္တဲ့အတြက္ မေလးရွား ေလေၾကာင္းလိုင္းေတြရဲ႕ ေဘးကင္းမႈအဆင့္ကို အဆင့္ ၁ အမ်ိဳးအစားထဲမွာ FAA ဌာနက ျပန္ၿပီး သတ္မွတ္ေပးလိုက္တာ ျဖစ္ပါတယ္။

==== Unicode ===

မလေးရှားနိုင်ငံက လေကြောင်းလိုင်းတွေရဲ့ ဘေးကင်းမှုအဆင့် သတ်မှတ်ချက်ကို အမေရိကန်ပြည်ထောင်စု လေကြောင်းစီမံခန့်ခွဲရေးဌာန (FAA) က တိုးမြှင့်ပေး လိုက်တာပါတယ်။ အရင်က ဘေးကင်းလုံခြုံမှုပိုင်းဆိုင်ရာ နိုင်ငံတကာအဆင့် သတ်မှတ်ချက်တွေ မမီတဲ့အတွက် မလေးရှားလေယာဉ်တွေ အမေရိကန်ပြည်ထောင်စုကို ပျံသန်းခွင့် ၃ နှစ်ကြာ ပိတ်ပင်ခံခဲ့ရပြီးတဲ့နောက် အခု ပြန်လည်ပျံသန်းခွင့် ရရှိသွားတာပါ။

ဒီလို ပျံသန်းခွင့် ပြန်လည်ရရှိလိုက်တာဟာ ပြီးခဲ့တဲ့ ဧပြီလကစလို့ ကိုဗစ်-၁၉ ကပ်ရောဂါ ကန့်သတ်ချက်တွေ ပြန်လည်ရုပ်သိမ်းထားတဲ့ မလေးရှားနိုင်ငံအတွက် ခရီးသွားလုပ်ငန်း ပြန်လည်ခေါင်းထောင်ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာနိုင်တယ်လို့ မလေးရှား သယ်ယူပို့ဆောင်ရေးဝန်ကြီး Wee Ka Siong က ပြောပါတယ်။

မလေးရှားအနေနဲ့ လေကြောင်းပျံသန်းရေးဆိုင်ရာ ဘေးကင်းရေးစံနှုန်းတွေကို လိုက်နာခြင်းမရှိတဲ့အတွက် FAA က ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ မလေးရှားလေယာဉ်တွေရဲ့ ဘေးကင်းမှုအဆင့်ကို လျှော့ချသတ်မှတ်ခဲ့တာပါ။ ဒါ့အပြင် မြို့ပြလေကြောင်းကွပ်ကဲရေးအဖွဲ့ကို ပြန်လည်ဖွဲ့စည်းပြီး ပြဿနာတွေကို ဖြေရှင်းဖို့လည်း မလေးရှားကို တိုက်တွန်းခဲ့ပါတယ်။

အခုတော့ ဒီကိစ္စပြဿနာတွေကို ဖြေရှင်းပြီးဖြစ်တဲ့အတွက် မလေးရှား လေကြောင်းလိုင်းတွေရဲ့ ဘေးကင်းမှုအဆင့်ကို အဆင့် ၁ အမျိုးအစားထဲမှာ FAA ဌာနက ပြန်ပြီး သတ်မှတ်ပေးလိုက်တာ ဖြစ်ပါတယ်။

XS
SM
MD
LG