သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

US Open အမ်ိဳးတဦးခ်င္း ခ်ံပီယံဆု ပိုလန္ႏိုင္ငံသူ Igo Swiatek ဆြတ္ခူး


Iga Swiatek of Poland poses for a photo with the championship trophy after defeating Ons Jabeur of Tunisia in the women's singles final of the US Open tennis championships, Sept. 10, 2022, in New York.

အေမရိကန္ႏိုင္ငံ နယူးေယာက္ၿမိဳ႕မွာ မေန႔ စက္တင္ဘာလ (၁၀) ရက္ေန႔က ျပဳလုပ္ခဲ့တဲ့ US Open တင္းနစ္ၿပိဳင္ပြဲ အမ်ိဳးသမီးဗိုလ္လုပြဲမွာ ကမာၻ႔ အဆင့္နံပတ္ (၁) ပိုလန္ႏိုင္ငံသူ Iga Swiatek က ၿပိဳင္ဘက္ တူနီးရွားႏိုင္ငံသူ Ons Jabeur ကို ႏွစ္ပြဲျပတ္နဲ႔ အႏိုင္ရၿပီး၊ အမ်ိဳးသမီးတဦးခ်င္း ခ်ံပီယံဆုကို ဆြတ္ခူးသြားပါတယ္။

ပြဲစဥ္ ၁ နာရီနဲ႔ ၅၇ မိနစ္အတြင္း ပထမပြဲမွာ Swiatek က ၆-၂ နဲ႔ အျပတ္အသတ္ အႏိုင္ရလိုက္ေပမယ့္၊ ဒုတိယပြဲစဥ္မွာ Jabeur က အႀကိတ္အနယ္ ျပန္လည္ ယွဥ္ၿပိဳင္ႏိုင္ခဲ့တာေၾကာင့္ ဒုတိယပြဲစဥ္ကို Tiebreak ကစားၿပီးမွ Swiatek က အႏိုင္ရသြားခဲ့တာပါ။

အခုႏွစ္ ဇြန္လအတြင္းက်င္းပခဲ့တဲ့ French Open မွာ ခ်ံပီယံဆု ဆြတ္ခူးထားၿပီးျဖစ္တာေၾကာင့္၊ အသက္ (၂၁) ႏွစ္အ႐ြယ္ Swiatek အေနနဲ႔ ၂၀၁၆ ခုႏွစ္ေနာက္ပိုင္း အမ်ိဳးသမီး တဦးခ်င္း ခ်ံပီယံဆုႀကီးကို တင္းနစ္ရာသီ တႏွစ္အတြင္း ႏွစ္ႀကိမ္ေျမာက္ ဆြတ္ႏိုင္သူ ျဖစ္လာခဲ့ပါတယ္။

ဒါ့အျပင္ အခုလို US Open ၿပိဳင္ပြဲမွာ အႏိုင္ရလိုက္တာက ဆုေပါင္း (၁၀) ခု ရထားၿပီးျဖစ္တဲ့ Swiatek အေနနဲ႔ ၿပိဳင္ပြဲေတြမွာ အႏိုင္ရတဲ့ ရာခိုင္ႏႈန္း အမ်ားဆုံးအျဖစ္ စံခ်ိန္တင္လိုက္ႏိုင္တာလည္း ျဖစ္ပါတယ္။ သူမႏိုင္ခဲ့တဲ့ ၿပိဳင္ပြဲ (၁၀) ခုစလုံးမွာ ပြဲေလး တစ္ပြဲမွ မရႈံးဘဲ အႏိုင္ရခဲ့တာပါ။

US Open ကေန ဆုေၾကးေငြအျဖစ္ အေမရိကန္ေဒၚလာ ၂.၆ သန္းကို Swiatek ရရွိမွာ ျဖစ္ပါတယ္။

ၿပိဳင္ဘက္ အသက္ (၂၈) ႏွစ္အ႐ြယ္ တူနီးရွားႏိုင္ငံသူ Ons Jabeur ဟာ အခုႏွစ္ ဇူလိုင္လမွာ က်င္းပတဲ့ Wimbledon ၿပိဳင္ပြဲ ေနာက္ဆုံးဗိုလ္လုပြဲမွာလည္း ရႈံးနိမ့္ခဲ့ပါတယ္။

=== Unicode ===

အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ မနေ့ စက်တင်ဘာလ (၁၀) ရက်နေ့က ပြုလုပ်ခဲ့တဲ့ US Open တင်းနစ်ပြိုင်ပွဲ အမျိုးသမီးဗိုလ်လုပွဲမှာ ကမ္ဘာ့ အဆင့်နံပတ် (၁) ပိုလန်နိုင်ငံသူ Iga Swiatek က ပြိုင်ဘက် တူနီးရှားနိုင်ငံသူ Ons Jabeur ကို နှစ်ပွဲပြတ်နဲ့ အနိုင်ရပြီး၊ အမျိုးသမီးတဦးချင်း ချံပီယံဆုကို ဆွတ်ခူးသွားပါတယ်။

ပွဲစဉ် ၁ နာရီနဲ့ ၅၇ မိနစ်အတွင်း ပထမပွဲမှာ Swiatek က ၆-၂ နဲ့ အပြတ်အသတ် အနိုင်ရလိုက်ပေမယ့်၊ ဒုတိယပွဲစဉ်မှာ Jabeur က အကြိတ်အနယ် ပြန်လည် ယှဉ်ပြိုင်နိုင်ခဲ့တာကြောင့် ဒုတိယပွဲစဉ်ကို Tiebreak ကစားပြီးမှ Swiatek က အနိုင်ရသွားခဲ့တာပါ။

အခုနှစ် ဇွန်လအတွင်းကျင်းပခဲ့တဲ့ French Open မှာ ချံပီယံဆု ဆွတ်ခူးထားပြီးဖြစ်တာကြောင့်၊ အသက် (၂၁) နှစ်အရွယ် Swiatek အနေနဲ့ ၂၀၁၆ ခုနှစ်နောက်ပိုင်း အမျိုးသမီး တဦးချင်း ချံပီယံဆုကြီးကို တင်းနစ်ရာသီ တနှစ်အတွင်း နှစ်ကြိမ်မြောက် ဆွတ်နိုင်သူ ဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် အခုလို US Open ပြိုင်ပွဲမှာ အနိုင်ရလိုက်တာက ဆုပေါင်း (၁၀) ခု ရထားပြီးဖြစ်တဲ့ Swiatek အနေနဲ့ ပြိုင်ပွဲတွေမှာ အနိုင်ရတဲ့ ရာခိုင်နှုန်း အများဆုံးအဖြစ် စံချိန်တင်လိုက်နိုင်တာလည်း ဖြစ်ပါတယ်။ သူမနိုင်ခဲ့တဲ့ ပြိုင်ပွဲ (၁၀) ခုစလုံးမှာ ပွဲလေး တစ်ပွဲမှ မရှုံးဘဲ အနိုင်ရခဲ့တာပါ။

US Open ကနေ ဆုကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၂.၆ သန်းကို Swiatek ရရှိမှာ ဖြစ်ပါတယ်။

ပြိုင်ဘက် အသက် (၂၈) နှစ်အရွယ် တူနီးရှားနိုင်ငံသူ Ons Jabeur ဟာ အခုနှစ် ဇူလိုင်လမှာ ကျင်းပတဲ့ Wimbledon ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲမှာလည်း ရှုံးနိမ့်ခဲ့ပါတယ်။

XS
SM
MD
LG