သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အဖိႏွိပ္ခံျမန္မာျပည္သူေတြအတြက္ စစ္ေကာင္စီ တာဝန္ခံမႈရွိေစေရး ႏိုင္ငံတကာမွာ တာဝန္ရွိ (ကန္ႏိုင္ငံျခားေရးဝန္ႀကီး)


US Secretary of State Antony Blinken meets withThailand's Deputy Prime Minister and Foreign Minister Don Pramudwinai, in Bangkok

ျမန္မာျပည္သူေတြကို ဖိႏွိပ္ေနတဲ့ စစ္အစိုးရ တာဝန္ခံမႈရွိလာေအာင္ ဖိအားေပးဖို႔ အေမရိကန္နဲ႔အတူ တျခားႏိုင္ငံေတြမွာပါ တာဝန္ရွိပါတယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken က ေျပာဆိုလိုက္ပါတယ္။ အေမရိကန္အစိုးရက ျမန္မာလူငယ္ေခါင္းေဆာင္ေတြရဲ႕အသံကိုနားေထာင္းသလို NUG အမ်ိဳးသားညီၫြတ္ေရးအစိုးရရဲ႕ ေဆာင္႐ြက္ခ်က္ေတြကို ေထာက္ခံေနပါတယ္လို႔လည္းေျပာဆိုလိုက္ပါတယ္။ ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕မွာ တနဂၤေႏြေန႔က က်င္းပတဲ့ ဝန္ႀကီး Antony Blinken ရဲ႕ သတင္းစာရွင္းလင္းပြဲကို ကိုယ္တိုင္ တက္ေရာက္သတင္းယူခဲ့တဲ့ ေဒၚခင္စိုးဝင္းက ေျပာျပေပးမွာပါ။

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken ဟာ အင္ဒိုနီးရွားႏိုင္ငံ ဘာလီကြၽန္းမွာ က်င္းပခဲ့တဲ့ G-20 စက္မႈထိပ္သီးႏိုင္ငံေတြရဲ႕ ႏိုင္ငံျခားေရးဝန္ႀကီး အစည္းအေဝးကအျပန္ ထိုင္းႏိုင္ငံကို ေရာက္ရွိေနတာျဖစ္ၿပီး ထိုင္းႏိုင္ငံ ဝန္ႀကီးခ်ဳပ္ Prayut Chan-ocha အပါအဝင္၊ ထိုင္းႏိုင္ငံတာဝန္ရွိသူေတြနဲ႔ ႏွစ္ႏိုင္ငံပူးေပါင္းေဆာင္႐ြက္ေရး ေဆြးေႏြးၾကရာမွာ ျမန္မာ့အေရး ထဲထဲဝင္ဝင္ ေဆြးေႏြးခဲ့ၾကပါတယ္။

ထိုင္းႏိုင္ငံအပါအဝင္ အာဆီယံ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအသင္းက ျမန္မာ့အေရး တြန္းအားေပးေနေပမဲ့ အျပဳသေဘာေဆာင္တဲ့ ျဖစ္ထြန္းမႈေတြ မေတြ႔ရဘဲ ျမန္မာျပည္သူကို ဆက္လက္ဖိႏွိပ္ေနၿပီး၊ အတိုက္အခံေတြအားလုံးနီးပါးကို အက်ဥ္းခ်ထားတာ၊ တခ်ိဳ႕ႏိုင္ငံက ထြက္ေျပးတိမ္းေရွာင္ေနရတာေတြကို ျမင္ေတြ႔ေနရဆဲပါဘဲလို႔ အခုလိုေျပာဆိုလိုက္ပါတယ္။

"စစ္အစိုးရက ျပည္သူေတြရဲ႕ လိုအပ္ေနတာေတြကို မျဖည့္ဆည္းတဲ့အတြက္ အင္မတန္ဆိုး႐ြားလွတဲ့ လူမႈဒုကၡေတြနဲ႔ ရင္ဆိုင္ေနၾကရတာကို က်ေနာ္တို႔ ေတြ႔ျမင္ေနရဆဲ ျဖစ္ပါတယ္။ ျမန္မာျပည္တြင္း အၾကမ္းဖက္ ဖိႏွိပ္မႈေတြေၾကာင့္ ထြက္ေျပးလာရတဲ့ ဒုကၡသည္ေတြကို လက္ခံဖို႔ ထိုင္းႏိုင္ငံမွာလည္း ဝန္ပိေနတာေတြ႔ရပါတယ္။"

ထိုင္းႏိုင္ငံခရီးစဥ္အတြင္း ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ ေတြ႕ဆုံစဥ္မွာ နယ္ျခားျဖတ္ေက်ာ္ၿပီး ျမန္မာျပည္သူေတြအတြက္ လူမႈအကူအညီေတြေပးႏိုင္ဖို႔ အေမရိကန္နဲ႔ ထိုင္းႏိုင္ငံ ပူးေပါင္းေဆာင္႐ြက္ေရး တိုးခ်ဲ႕အေကာင္အထည္သြားမယ္လို႔လည္း ဝန္ႀကီး Blinken ကေျပာပါတယ္။

ထိုင္းႏိုင္ငံလို အိမ္နီးခ်င္းႏိုင္ငံက အေမရိကန္နဲ႔ ပူးေပါင္းၿပီး ဒုကၡသည္ေတြကို ေဖးမကူညီေနသလို၊ ႏိုင္ငံအားလုံးက စစ္အစိုးရ ဖိႏွိပ္ေနတာေတြကို ျပတ္ျပတ္သားသား ေထာက္ျပေျပာဆိုဖို႔ တာဝန္ရွိတယ္လို႔ အခုလို ေထာက္ျပလိုက္ပါတယ္။

"ဒီအခ်ိန္မွာ၊ စစ္အစိုးရ ဘာေတြလုပ္ေနသလဲ၊ ဆက္လက္ျဖစ္ပြားေနဆဲ ရက္ရက္စက္စက္ ဖိႏွိပ္၊ ႏွိပ္ကြပ္ေနတာေတြနဲ႔ ပတ္သက္ၿပီး ႏိုင္ငံအားလုံးက ျပတ္ျပတ္သားသား ဆက္လက္ ထုတ္ေဖၚေျပာဆိုရပါလိမ့္မယ္။ ျမန္မာျပည္သူေတြကို ဖိႏွိပ္ေနတဲ့ စစ္အစိုးရ တာဝန္ခံမႈ ရွိလာေအာင္ ဖိအားေပးဖို႔ က်ေနာ္တို႔မွာ လိုက္နာရမယ့္ တာဝန္ဝတၱရား ရွိပါတယ္။"

ျမန္မာႏိုင္ငံ ဒီမိုကေရစီလမ္းမွန္ ျပန္ေရာက္ႏိုင္ဖို႔ အေမရိကန္အေနနဲ႔ တျခားႏိုင္ငံေတြနဲ႔အတူ ထိေရာက္မႈရွိေအာင္ ဆက္လက္ဖိအားေပးတာေတြကို ပုံမွန္ေဆာင္႐ြက္ေနတယ္လိုလည္း ေျပာဆိုလိုက္ပါတယ္။ ဝန္ႀကီး Antony Blinken ရဲ႕ ထိုင္းႏိုင္ငံခရီးစဥ္အတြင္း ျမန္မာ့ဒီမိုကေရစီေရး တက္ႂကြလႈပ္ရွားသူ လူငယ္ေခါင္းေဆာင္ေတြနဲ႔လည္း ေတြ႔ဆုံေဆြးေႏြးခဲ့ပါတယ္။

တကမာၻလုံးက ယူကရိန္း-႐ုရွားစစ္ပြဲကို အာ႐ုံစိုက္ေနၾကေပမဲ့ ျမန္မာ့အေရးကိုလည္း အေမရိကန္က ေမ့မထားဘဲ မ်က္ေျခမျပတ္ အာ႐ုံစိုက္ေနၿပီး လူငယ္ေတြရဲ႕ သေဘာထားအျမင္ေတြ သိႏိုင္ဖို႔ အခုလိုေတြ႔ဆုံတာျဖစ္တယ္လို႔ ဝန္ႀကီး Blinken က ရွင္းျပေၾကာင္းနဲ႔ ပဋိပကၡေတြေၾကာင့္ အိုးအိမ္စြန႔္ခြာ တိမ္းေရွာင္ေနရသူ ဒုကၡသည္ တသန္းေက်ာ္ အတြက္ စာနာမႈအကူအညီေတြ တိုက္႐ိုက္ေပးႏိုင္ေရးနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီရဲ႕ စြက္ဖက္မႈေတြေၾကာင့္ ထိေရာက္မႈမရွိတဲ့ သာဓကေတြနဲ႔တကြ လူငယ္ေတြက တင္ျပခဲ့တယ္လို႔ လူငယ္ေခါင္းေဆောင္တစ္ေယာက္က VOA ကိုေျပာပါတယ္။

"အေမရိကန္ျပည္ေထာင္စုအေနနဲ႔ ျမန္မာႏိုင္ငံ ဒီမိုကေရစီလမ္းမွန္ေပၚ ျပန္ေရာက္ေအာင္ ခ်ဥ္းကပ္တဲ့ေနရာမွာ ျဖစ္ၿပီးမွ Reactive တုန႔္ျပန္တဲ့တာထက္ အရင္လက္ေတြ႔ Proactive ထိေရာက္စြာ တြန္းအားေပးေစလိုေၾကာင္း တိုက္တြန္းႏိုင္ခဲ့တယ္လို႔ မသင္ဇာ႐ႊန္းလဲ့ရည္က VOA ကိုေျပာပါတယ္။"

"ဒါ့အျပင္ Federal ဒီမိုကေရစီႏိုင္ငံထူေထာင္ေရးေရွးရႈၿပီး စစ္အာဏာရွင္စံနစ္ကို ေတာ္လွန္ေနၾကတဲ့ ရည္႐ြယ္ခ်က္နဲ႔ပတ္သက္ၿပီးလည္း ဝန္ႀကီး Blinken နဲ႔ ေဆြးေႏြးခဲ့တယ္လို႔ မသင္ဇာ႐ႊန္းလဲ့ရည္က ေျပာပါတယ္။"

အေမရိကန္ျပည္ေထာင္စုအေနနဲ႔ လူငယ္ေတြရဲ႕ အသံနားေထာင္သလို NUG ၾကားကာလအမ်ိဳးသားညီၫြတ္ေရးအစိုးရနဲ႔လည္း ထိေတြ႔ဆက္သြယ္ ပူေပါင္းေဆာင္႐ြက္ေနပါတယ္လို႔ ဝန္ႀကီး Blinken က အခုလိုေျပာပါတယ္။

"လူငယ္ေတြနဲ႔အတူ ပူးေပါင္းေဆာင္႐ြက္ေနသလို၊ NUG အစိုးရရဲ႕ ေဆာင္႐ြက္ခ်က္ေတြကိုလည္း ေထာက္ခံပံ့ပိုးတာအပါအဝင္၊ NUG ၾကားကာလ အမ်ိဳးသားညီၫြတ္ေရးအစိုးရအျပင္၊ ျမန္မာလူထုကို အမွန္တကယ္ကိုယ္စားျပဳတဲ့ ကိုယ္စားလွယ္ေတြနဲ႔လည္း ထိေတြ႔ဆက္သြယ္ ပူးေပါင္းေဆာင္႐ြက္ေနပါတယ္။"

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken တနဂၤေႏြေန႔ ညေန ထိုင္းႏိုင္ငံကေန ဂ်ပန္ႏိုင္ငံကို ခရီးဆက္မွာ ျဖစ္ပါတယ္။

=== Unicode ====

မြန်မာပြည်သူတွေကို ဖိနှိပ်နေတဲ့ စစ်အစိုးရ တာဝန်ခံမှုရှိလာအောင် ဖိအားပေးဖို့ အမေရိကန်နဲ့အတူ တခြားနိုင်ငံတွေမှာပါ တာဝန်ရှိပါတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောဆိုလိုက်ပါတယ်။ အမေရိကန်အစိုးရက မြန်မာလူငယ်ခေါင်းဆောင်တွေရဲ့အသံကိုနားထောင်းသလို NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဆောင်ရွက်ချက်တွေကို ထောက်ခံနေပါတယ်လို့လည်းပြောဆိုလိုက်ပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ တနင်္ဂနွေနေ့က ကျင်းပတဲ့ ဝန်ကြီး Antony Blinken ရဲ့ သတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင် တက်ရောက်သတင်းယူခဲ့တဲ့ ဒေါ်ခင်စိုးဝင်းက ပြောပြပေးမှာပါ။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ကျင်းပခဲ့တဲ့ G-20 စက်မှုထိပ်သီးနိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးကအပြန် ထိုင်းနိုင်ငံကို ရောက်ရှိနေတာဖြစ်ပြီး ထိုင်းနိုင်ငံ ဝန်ကြီးချုပ် Prayut Chan-ocha အပါအဝင်၊ ထိုင်းနိုင်ငံတာဝန်ရှိသူတွေနဲ့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးကြရာမှာ မြန်မာ့အရေး ထဲထဲဝင်ဝင် ဆွေးနွေးခဲ့ကြပါတယ်။

ထိုင်းနိုင်ငံအပါအဝင် အာဆီယံ အရှေ့တောင်အာရှနိုင်ငံများအသင်းက မြန်မာ့အရေး တွန်းအားပေးနေပေမဲ့ အပြုသဘောဆောင်တဲ့ ဖြစ်ထွန်းမှုတွေ မတွေ့ရဘဲ မြန်မာပြည်သူကို ဆက်လက်ဖိနှိပ်နေပြီး၊ အတိုက်အခံတွေအားလုံးနီးပါးကို အကျဉ်းချထားတာ၊ တချို့နိုင်ငံက ထွက်ပြေးတိမ်းရှောင်နေရတာတွေကို မြင်တွေ့နေရဆဲပါဘဲလို့ အခုလိုပြောဆိုလိုက်ပါတယ်။

"စစ်အစိုးရက ပြည်သူတွေရဲ့ လိုအပ်နေတာတွေကို မဖြည့်ဆည်းတဲ့အတွက် အင်မတန်ဆိုးရွားလှတဲ့ လူမှုဒုက္ခတွေနဲ့ ရင်ဆိုင်နေကြရတာကို ကျနော်တို့ တွေ့မြင်နေရဆဲ ဖြစ်ပါတယ်။ မြန်မာပြည်တွင်း အကြမ်းဖက် ဖိနှိပ်မှုတွေကြောင့် ထွက်ပြေးလာရတဲ့ ဒုက္ခသည်တွေကို လက်ခံဖို့ ထိုင်းနိုင်ငံမှာလည်း ဝန်ပိနေတာတွေ့ရပါတယ်။"

ထိုင်းနိုင်ငံခရီးစဉ်အတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံစဉ်မှာ နယ်ခြားဖြတ်ကျော်ပြီး မြန်မာပြည်သူတွေအတွက် လူမှုအကူအညီတွေပေးနိုင်ဖို့ အမေရိကန်နဲ့ ထိုင်းနိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး တိုးချဲ့အကောင်အထည်သွားမယ်လို့လည်း ဝန်ကြီး Blinken ကပြောပါတယ်။

ထိုင်းနိုင်ငံလို အိမ်နီးချင်းနိုင်ငံက အမေရိကန်နဲ့ ပူးပေါင်းပြီး ဒုက္ခသည်တွေကို ဖေးမကူညီနေသလို၊ နိုင်ငံအားလုံးက စစ်အစိုးရ ဖိနှိပ်နေတာတွေကို ပြတ်ပြတ်သားသား ထောက်ပြပြောဆိုဖို့ တာဝန်ရှိတယ်လို့ အခုလို ထောက်ပြလိုက်ပါတယ်။

"ဒီအချိန်မှာ၊ စစ်အစိုးရ ဘာတွေလုပ်နေသလဲ၊ ဆက်လက်ဖြစ်ပွားနေဆဲ ရက်ရက်စက်စက် ဖိနှိပ်၊ နှိပ်ကွပ်နေတာတွေနဲ့ ပတ်သက်ပြီး နိုင်ငံအားလုံးက ပြတ်ပြတ်သားသား ဆက်လက် ထုတ်ဖေါ်ပြောဆိုရပါလိမ့်မယ်။ မြန်မာပြည်သူတွေကို ဖိနှိပ်နေတဲ့ စစ်အစိုးရ တာဝန်ခံမှု ရှိလာအောင် ဖိအားပေးဖို့ ကျနော်တို့မှာ လိုက်နာရမယ့် တာဝန်ဝတ္တရား ရှိပါတယ်။"

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းမှန် ပြန်ရောက်နိုင်ဖို့ အမေရိကန်အနေနဲ့ တခြားနိုင်ငံတွေနဲ့အတူ ထိရောက်မှုရှိအောင် ဆက်လက်ဖိအားပေးတာတွေကို ပုံမှန်ဆောင်ရွက်နေတယ်လိုလည်း ပြောဆိုလိုက်ပါတယ်။ ဝန်ကြီး Antony Blinken ရဲ့ ထိုင်းနိုင်ငံခရီးစဉ်အတွင်း မြန်မာ့ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ လူငယ်ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

တကမ္ဘာလုံးက ယူကရိန်း-ရုရှားစစ်ပွဲကို အာရုံစိုက်နေကြပေမဲ့ မြန်မာ့အရေးကိုလည်း အမေရိကန်က မေ့မထားဘဲ မျက်ခြေမပြတ် အာရုံစိုက်နေပြီး လူငယ်တွေရဲ့ သဘောထားအမြင်တွေ သိနိုင်ဖို့ အခုလိုတွေ့ဆုံတာဖြစ်တယ်လို့ ဝန်ကြီး Blinken က ရှင်းပြကြောင်းနဲ့ ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရသူ ဒုက္ခသည် တသန်းကျော် အတွက် စာနာမှုအကူအညီတွေ တိုက်ရိုက်ပေးနိုင်ရေးနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စွက်ဖက်မှုတွေကြောင့် ထိရောက်မှုမရှိတဲ့ သာဓကတွေနဲ့တကွ လူငယ်တွေက တင်ပြခဲ့တယ်လို့ လူငယ်ခေါင်းဆေောင်တစ်ယောက်က VOA ကိုပြောပါတယ်။

"အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းမှန်ပေါ် ပြန်ရောက်အောင် ချဉ်းကပ်တဲ့နေရာမှာ ဖြစ်ပြီးမှ Reactive တုန့်ပြန်တဲ့တာထက် အရင်လက်တွေ့ Proactive ထိရောက်စွာ တွန်းအားပေးစေလိုကြောင်း တိုက်တွန်းနိုင်ခဲ့တယ်လို့ မသင်ဇာရွှန်းလဲ့ရည်က VOA ကိုပြောပါတယ်။"

"ဒါ့အပြင် Federal ဒီမိုကရေစီနိုင်ငံထူထောင်ရေးရှေးရှုပြီး စစ်အာဏာရှင်စံနစ်ကို တော်လှန်နေကြတဲ့ ရည်ရွယ်ချက်နဲ့ပတ်သက်ပြီးလည်း ဝန်ကြီး Blinken နဲ့ ဆွေးနွေးခဲ့တယ်လို့ မသင်ဇာရွှန်းလဲ့ရည်က ပြောပါတယ်။"

အမေရိကန်ပြည်ထောင်စုအနေနဲ့ လူငယ်တွေရဲ့ အသံနားထောင်သလို NUG ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရနဲ့လည်း ထိတွေ့ဆက်သွယ် ပူပေါင်းဆောင်ရွက်နေပါတယ်လို့ ဝန်ကြီး Blinken က အခုလိုပြောပါတယ်။

"လူငယ်တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်နေသလို၊ NUG အစိုးရရဲ့ ဆောင်ရွက်ချက်တွေကိုလည်း ထောက်ခံပံ့ပိုးတာအပါအဝင်၊ NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရအပြင်၊ မြန်မာလူထုကို အမှန်တကယ်ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေနဲ့လည်း ထိတွေ့ဆက်သွယ် ပူးပေါင်းဆောင်ရွက်နေပါတယ်။"

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken တနင်္ဂနွေနေ့ ညနေ ထိုင်းနိုင်ငံကနေ ဂျပန်နိုင်ငံကို ခရီးဆက်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG