သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်ချုပ်ကြီး ပက်ထရေးယပ်စ် ရာထူးသစ် စတင်လက်ခံ

အာဖဂန်နစ္စတန်က အမေရိကန်နဲ့ မြောက်အတ္တလန်တိတ်စာချုပ် (NATO) တပ်ဖွဲ့ဝင် ၁၄၀,၀၀၀ တို့ရဲ့ ဦးဆောင်မှုကို အမေရိကန် ဗိုလ်ချုပ်ကြီး ဒေးဗစ် ပက်ထရေးယပ်စ် (Daivd Petraeus) တရားဝင် ရယူလိုက်ပါပြီ။

၉ နှစ်နီးပါး ကြာလာပြီဖြစ်တဲ့ စစ်ပွဲဟာ အရေးကြီးတဲ့ အဆင့်ကို ရောက်လာပြီလို့ နေတိုး ဦးဆောင်တဲ့ နိုင်ငံတကာ လုံခြုံရေး အထောက်အကူပြု တပ်ဖွဲ့ ဌာနချုပ်မှာ ကျင်းပတဲ့ ရာထူးလွှဲပြောင်းရယူရေး အခမ်းအနားမှာ ဗိုလ်ချုပ်ကြီး ပက်ထရေးယပ်စ်က ပြောခဲ့ပါတယ်။ မိမိတို့ဟာ အနိုင်ယူဖို့အတွက် ဒီစစ်ပွဲကို တိုက်နေတာ ဖြစ်တယ်လို့ သူက ပြောခဲ့ပါတယ်။

အရင် ဗိုလ်ချုပ်ကြီး စတန်လေ မက်ခရစ္စတယ်လ် (Stanley McChrystal) နဲ့ သူ့လက်ထောက်တွေက အမေရိကန် မဂ္ဂဇင်းတစောင်ကို ပြောခဲ့တဲ့ မှတ်ချက်တွေကြောင့် ဗိုလ်ချုပ်ကြီး မက်ခရစ္စတယ်လ် ရာထူးကနေ ထွက်သွားခဲ့ပြီးတဲ့နောက် ဗိုလ်ချုပ်ကြီး ပက်ထရေးယပ်စ်ကို အစားထိုး ခန့်အပ်ခဲ့တာပါ။

တပ်မှူးပြောင်းလဲသွားတာဟာ စစ်ရေး စီမံကိန်းတွေမှာ အာဖဂန်လူထုကို အကာအကွယ်ပေးရေး ဦးတည်ချက်ဗျူဟာ ပြောင်းလဲသွားတာ မဟုတ်ဘူးလို့ ပက်ထရေးယပ်စ်က ပြောပါတယ်။

This item is part of
XS
SM
MD
LG