သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘုန်းတော်ကြီး ဒလိုင်းလားမား တောင်အာဖရိက ပြည်ဝင်ခွင့်ဗီဇာ မရသေး


ဘုန်းတော်ကြီး ဒလိုင်းလားမား တောင်အာဖရိက ပြည်ဝင်ခွင့်ဗီဇာ မရသေး
ဘုန်းတော်ကြီး ဒလိုင်းလားမား တောင်အာဖရိက ပြည်ဝင်ခွင့်ဗီဇာ မရသေး

ရောင်းရင်း နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးရဲ့ မွေးနေ့အခမ်းအနားကို တက်ရောက်ခွင့် ပြု-မပြု တောင်အာဖရိက အစိုးရရဲ့ အဖြေကို တိဘက်ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမားက စောင့်စားနေဆဲ ဖြစ်ပါတယ်။

အခုလာမယ့် ကြာသပတေးနေ့မှာ စတင်ကျင်းပမယ့် ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးရဲ့ အနှစ် ၈၀ ပြည့် မွေးနေ့ အခမ်းအနားတွေကို တက်ရောက်နိုင်ဖို့အတွက် ဘုန်းတော်ကြီး ဒလိုင်းလားမားက တောင်အာဖရိက ပြည်ဝင်ခွင့်ဗီဇာကို လွန်ခဲ့တဲ့ ၅ လကတည်းက တောင်းခံထားခဲ့တာပါ။ တောင်အာဖရိက တနင်္လာနေ့ ညနေ စံတော်ချိန်အထိတော့ ပြည်ဝင်ခွင့်ဗီဇာကို မရသေးပါဘူး။

ဗီဇာခွင့်ပြုချက် ရရှိဖို့အတွက် Cape Town မှာရှိတဲ့ လွှတ်တော်အပြင်ဘက်မှာ ညလုံးပေါက် ဝတ်ပြု ဆုတောင်းပွဲတွေ ကျင်းပဖို့အတွက် တက်ကြွလှုပ်ရှားသူတွေက စီစဉ်ထားပါတယ်။ တောင်အာဖရိကကို တိဘက်ဘာသာရေး ခေါင်းဆောင်အနေနဲ့ အရင်တုန်းက သုံးကြိမ်တိုင်တိုင် သွားရောက်ခဲ့ပေမဲ့ ၂၀၀၉ ခုနှစ်မှာ စတုတ္ထအကြိမ် သွားရောက်ဖို့အတွက် ပြည်ဝင်ခွင့် တောင်းခံရာမှာတော့ ပယ်ချတာခံခဲ့ရပါတယ်။ တောင်အာဖရိကရဲ့ အဓိက ကုန်သွယ်ဖက်နိုင်ငံဖြစ်တဲ့ တရုတ်အနေနဲ့ ဒီဆုံးဖြတ်ချက်မှာ အဓိက အခန်းကဏ္ဍမှာ ပါဝင်ခဲ့တယ်လို့ အများက ယူဆနေကြပါတယ်။ ဒါပေမဲ့ နှစ်နိုင်ငံစလုံးကတော့ ဒီအချက်ကို ငြင်းဆိုခဲ့ကြပါတယ်။

ဒီအတောအတွင်း တနင်္လာနေ့က Johannesburg တက္ကသိုလ်ရဲ့ ဗွီဒီယိုရုပ်သံ ဆက်သွယ်ရေးကတဆင့် ဆွေးနွေးပွဲမှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း တောင်အာဖရိကနိုင်ငံဟာ တခြား ကမ္ဘာ့ဒေသတွေမှာ ဒီမိုကရေစီရေး ရုန်းကန်လှုပ်ရှားနေမှုတွေကို အားပေးလိုစိတ်မရှိတဲ့အတွက် ဘုန်းတော်ကြီး ဒလိုင်းလားမားကို ပြည်ဝင်ခွင့် ဗီဇာပေးဖို့ ဆုံးဖြတ်ချက်ကို အချိန်ဆွဲထားနေတယ်လို့ ဝေဖန်လိုက်ပါတယ်။

XS
SM
MD
LG