သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျဆုံးခဲ့တဲ့ ရဲအရာရှိ ၃ ဦး ဈာပနအခမ်းအနားတွေ Dallas မှာ ကျင်းပ


ပြီးခဲ့တဲ့အပတ်က Texas ပြည်နယ် Dallas မြို့မှာ ဖြစ်ပွားတဲ့ ချောင်းမြောင်းပစ်ခတ်မှုမှာ သေဆုံးခဲ့တဲ့ ရဲအရာရှိ ၅ ဦးထဲက ၃ ဦးရဲ့ ဈာပနအခမ်းအနားကို ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့ရာမှာ ရာပေါင်းများစွာသော ရဲဌာနဝန်ထမ်းတွေ တက်ရောက်ပြီး ကျဆုံးသွားတဲ့ ရဲဘော်ရဲဘက်တွေကို အလေးပြုခဲ့ကြပါတယ်။

ဒီအထဲမှာ ပထမဆုံးဖြစ်တဲ့ အသက် ၄၃ နှစ်အရွယ် ရဲအရာရှိ Brent Thompson ရဲ့ ဈာပန အခမ်းအနားကို Dallas မြို့ megachurch မှာ ကျင်းပခဲ့ပါတယ်။ အဲဒီနောက် ကျဆုံးသွားတဲ့ အခြား ရဲအရာရှိ ၂ ဦးဖြစ်တဲ့ Lorne Ahrens နဲ့ Michael Smith တို့ရဲ့ ဈာပနအခမ်းအနားတွေကို ဆက်လက် ကျင်းပခဲ့ပါတယ်။

ကျန်ရှိတဲ့ ရဲအရာရှိ ၂ ဦးဖြစ်တဲ့ Michael Krol နဲ့ Patrick Zamarripa တို့ရဲ့ ဈာပနအခမ်းအနားတွေကို အခုအပတ် နောက်ပိုင်းမှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့က သမ္မတအိုဘားမားနဲ့ သမ္မတဟောင်း George W. Bush တို့ တက်ရောက်ခဲ့တဲ့ ကျဆုံးသွားတဲ့ ရဲအရာရှိတွေအတွက် အောက်မေ့ဖွယ် အခမ်းအနားကို Dallas မြို့မှာ ကျင်းပခဲ့ပြီး တရက်အကြာမှာ ဒီဈာပနအခမ်းအနားတွေကို ကျင်းပခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG