သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ႏွင္းမုန္တိုင္းေၾကာင့္ နယူးေယာက္ျပည္နယ္ ေဒသတခ်ဳိ ႔ အသြားအလာ ရပ္တန႔္


Wintry Weather

အေမရိကန္ နယူးေယာက္ျပည္နယ္ အေနာက္ပိုင္းနဲ႔ ေျမာက္ပိုင္းမွာေတာ့ စံခ်ိန္တင္ ႏွင္းမုန္တိုင္းေၾကာင့္ အသြားအလာနဲ႔ လုပ္ငန္းေတြရပ္သြားပါၿပီ။ တခ်ဳိ ႔ေနရာေတြမွာ မေန႔က ၅ ေပေက်ာ္ ႏွင္းေတြ ထူထပ္သြားၿပီး၊ ႏွင္းေတြ ဖယ္ထုတ္ဖို႔ႀကိဳးစားခဲ့ သူ ႏွစ္ဦးပါ ေသဆုံးခဲ့ရၿပီးကာ၊ ေနာက္ထပ္ အထိအခိုက္ေတြ ပိုမ်ားလာမွာ စိုးရိမ္ေနရတယ္လို႔ ေဒသခံအရာရွိေတြက ဆိုပါတယ္။

ႏွွင္းေတြက မေန႔ညတေလွ်ာက္လုံးနဲ႔ အခုအခ်ိန္ထိ ပိုက်လာေနဆဲလို႔လည္း ေဒသခံအရာရွိေတြက ေျပာပါတယ္။ ဒီႏွင္းက်မႈ ျပင္းထန္တာက အင္မတန္ႀကီးမားတဲ့ ေရကန္ႀကီးထဲကေန ႏွင္းမုန္တိုင္း ျဖတ္တိုက္လိုက္တာေၾကာင့္ အဓိကျဖစ္တယ္လို႔လည္း ဒီအရာရွိေတြက ရွင္းျပပါတယ္။

မေန႔တုန္းကအထိေတာ့ Buffalo ၿမိဳ ႔ေတာင္ပိုင္းမွာ Lake Eric အမည္ရွိ အင္မတန္ႀကီးမားတဲ့ ကန္ႀကီးရဲ႕ အေရွ ႔ျခမ္းတေလွ်ာက္ သမိုင္းဝင္ အႀကီးမားဆုံး ႏွင္းက်မႈျဖစ္ခဲ့ၿပီး ၃ ေပေက်ာ္အထိ ႏွင္းေတြ ထူထပ္သြားခဲ့တယ္လို႔ အမ်ိဳးသားမိုးေလဝသဌာနက ထုတ္ျပန္ခဲ့ပါတယ္။

ႏွွင္းေတြက Buffalo ၿမိဳ ႔ဆင္ေျခဖုန္းရွိ Orchard Park အရပ္မွာ ၄ ေပ ေက်ာ္အထိ ေရာက္သြားခဲ့ကာ မေန႔ညပိုင္းကေန ဒီေန႔မနက္အထိလည္း ထပ္ပိုက်လာႏိုင္တယ္လို႔ မိုးေလဝသဌာနက ခန႔္မွန္းထားပါတယ္။

Buffalo ၿမိဳ ႔ အဓိက ႏွင္းက်တဲ့ ေနရာေတြမွာ စီးပြားေရးလုပ္ငန္းေတြနဲ႔ ႐ုံးေတြ ေက်ာင္းေတြလည္း ပိတ္ထားရပါတယ္။ တကယ္ေတာ့ အေမရိကန္မွာ မိသားစုေတြျပန္ဆုံတဲ့ Thanksgiving ေက်းဇူးေတာ္ေန႔ မတိုင္ခင္ ခရီးသြားေတြမ်ားခ်ိန္မွာ၊ New York ျပည္နယ္ထဲမွာေတာ့ ကားလမ္းေတြပိတ္၊ ေလယာဥ္ေတြ ရပ္ဆိုင္းထားရကာ လူအမ်ား ဒုကၡႀကဳံေနရတယ္လို႔လည္း ေဒသခံေတြက ေျပာေနပါတယ္။

==== Unicode ====

အမေရိကန် နယူးယောက်ပြည်နယ် အနောက်ပိုင်းနဲ့ မြောက်ပိုင်းမှာတော့ စံချိန်တင် နှင်းမုန်တိုင်းကြောင့် အသွားအလာနဲ့ လုပ်ငန်းတွေရပ်သွားပါပြီ။ တချို့နေရာတွေမှာ မနေ့က ၅ ပေကျော် နှင်းတွေ ထူထပ်သွားပြီး၊ နှင်းတွေ ဖယ်ထုတ်ဖို့ကြိုးစားခဲ့ သူ နှစ်ဦးပါ သေဆုံးခဲ့ရပြီးကာ၊ နောက်ထပ် အထိအခိုက်တွေ ပိုများလာမှာ စိုးရိမ်နေရတယ်လို့ ဒေသခံအရာရှိတွေက ဆိုပါတယ်။

နှင်းတွေက မနေ့ညတလျှောက်လုံးနဲ့ အခုအချိန်ထိ ပိုကျလာနေဆဲလို့လည်း ဒေသခံအရာရှိတွေက ပြောပါတယ်။ ဒီနှင်းကျမှု ပြင်းထန်တာက အင်မတန်ကြီးမားတဲ့ ရေကန်ကြီးထဲကနေ နှင်းမုန်တိုင်း ဖြတ်တိုက်လိုက်တာကြောင့် အဓိကဖြစ်တယ်လို့လည်း ဒီအရာရှိတွေက ရှင်းပြပါတယ်။

မနေ့တုန်းကအထိတော့ Buffalo မြို့တောင်ပိုင်းမှာ Lake Eric အမည်ရှိ အင်မတန်ကြီးမားတဲ့ ကန်ကြီးရဲ့ အရှေ့ခြမ်းတလျှောက် သမိုင်းဝင် အကြီးမားဆုံး နှင်းကျမှုဖြစ်ခဲ့ပြီး ၃ ပေကျော်အထိ နှင်းတွေ ထူထပ်သွားခဲ့တယ်လို့ အမျိုးသားမိုးလေဝသဌာနက ထုတ်ပြန်ခဲ့ပါတယ်။

နှင်းတွေက Buffalo မြို့ဆင်ခြေဖုန်းရှိ Orchard Park အရပ်မှာ ၄ ပေ ကျော်အထိ ရောက်သွားခဲ့ကာ မနေ့ညပိုင်းကနေ ဒီနေ့မနက်အထိလည်း ထပ်ပိုကျလာနိုင်တယ်လို့ မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။

Buffalo မြို့ အဓိက နှင်းကျတဲ့ နေရာတွေမှာ စီးပွားရေးလုပ်ငန်းတွေနဲ့ ရုံးတွေ ကျောင်းတွေလည်း ပိတ်ထားရပါတယ်။ တကယ်တော့ အမေရိကန်မှာ မိသားစုတွေပြန်ဆုံတဲ့ Thanksgiving ကျေးဇူးတော်နေ့ မတိုင်ခင် ခရီးသွားတွေများချိန်မှာ၊ New York ပြည်နယ်ထဲမှာတော့ ကားလမ်းတွေပိတ်၊ လေယာဉ်တွေ ရပ်ဆိုင်းထားရကာ လူအများ ဒုက္ခကြုံနေရတယ်လို့လည်း ဒေသခံတွေက ပြောနေပါတယ်။

XS
SM
MD
LG