သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

US Open တင္းနစ္ အမ်ိဳးသားတဦးခ်င္း Daniil Medvedev ဗိုလ္စဲြ


ျပဳိင္ပဲြအႏိုင္ရအၿပီး ႏႈတ္ဆက္ေနတဲ့ Daniil Medvedev (႐ုရွား - ညာ) နဲ႔ Novak Djokovic (ဆားဗီးယား - ေၾကာေပးထားသူ) [12, 2021, in New York]

[ Zawgyi ]

အေမရိကန္ျပည္ေထာင္စု နယူးေယာက္ျမဳိ႕မွာ က်င္းပတဲ့ ၂၀၂၁ US Open တင္းနစ္ အမ်ဳိးသားတဦးခ်င္း ဗိုလ္လုပဲြမွာ ႐ုရွားႏိုင္ငံသား Daniil Medvedev က ဆာဗီးယားႏိုင္ငံသား Novak Djokovic ကို အႏိုင္ရ ဗိုလ္စဲြ သြားပါတယ္။

Medvedev က Djokovic ကို 6-4, 6-4, 6-4 နဲ႔ ၃ ပဲြျပတ္ အႏိုင္ရၿပီး ခ်န္ပီယံ ျဖစ္သြားတာပါ။ Djokovic ဟာ Australian Open, French Open နဲ႔ Wimbledon ၃ ပဲြကို တႏွစ္အတြင္း ဆက္တိုက္ အႏိုင္ရခဲ့ၿပီးေနာက္ ၊ အခု US Open ကိုသာ အႏိုင္ရခဲ့ရင္ Grand Slam Title ကို (၂၁)ႀကိမ္ေျမာက္ စံခ်ိန္ခ်ဳိးဖို႔ ေမွ်ာ္မွန္းထားရာက အခုလို ရႈံးနိမ့္သြားတာ ျဖစ္ပါတယ္။

ယမန္ေန႔က က်င္းပခဲ့တဲ့ အမ်ဳိးသမီးတဦးခ်င္း တင္းနစ္ ဗိုလ္လုပဲြမွာေတာ့ အသက္(၁၈)ႏွစ္အရြယ္ ၿဗိတိန္ႏိုင္ငံသူ Emma Raducanu က ကေနဒါႏိုင္ငံက အသက္(၁၉)ႏွစ္အရြယ္ Leylah Fernandez ကို အႏိုင္ရၿပီး ခ်န္ပီယံ ျဖစ္သြားပါတယ္။

တိုက္႐ိုက္ လင့္ခ္


[ Unicode ]

US Open တင်းနစ် အမျိုးသားတဦးချင်း Daniil Medvedev ဗိုလ်စွဲ

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ကျင်းပတဲ့ ၂၀၂၁ US Open တင်းနစ် အမျိုးသားတဦးချင်း ဗိုလ်လုပွဲမှာ ရုရှားနိုင်ငံသား Daniil Medvedev က ဆာဗီးယားနိုင်ငံသား Novak Djokovic ကို အနိုင်ရ ဗိုလ်စွဲ သွားပါတယ်။

Medvedev က Djokovic ကို 6-4, 6-4, 6-4 နဲ့ ၃ ပွဲပြတ် အနိုင်ရပြီး ချန်ပီယံ ဖြစ်သွားတာပါ။ Djokovic ဟာ Australian Open, French Open နဲ့ Wimbledon ၃ ပွဲကို တနှစ်အတွင်း ဆက်တိုက် အနိုင်ရခဲ့ပြီးနောက် ၊ အခု US Open ကိုသာ အနိုင်ရခဲ့ရင် Grand Slam Title ကို (၂၁)ကြိမ်မြောက် စံချိန်ချိုးဖို့ မျှော်မှန်းထားရာက အခုလို ရှုံးနိမ့်သွားတာ ဖြစ်ပါတယ်။

ယမန်နေ့က ကျင်းပခဲ့တဲ့ အမျိုးသမီးတဦးချင်း တင်းနစ် ဗိုလ်လုပွဲမှာတော့ အသက်(၁၈)နှစ်အရွယ် ဗြိတိန်နိုင်ငံသူ Emma Raducanu က ကနေဒါနိုင်ငံက အသက်(၁၉)နှစ်အရွယ် Leylah Fernandez ကို အနိုင်ရပြီး ချန်ပီယံ ဖြစ်သွားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG