သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ခိုက်ခံရတဲ့ ဒိန်းမတ်ဝန်ကြီးချုပ် အနားယူနေ


ဇွန်လ ၅၊ ၂၀၂၄ နေ့မှာ မိန့်ခွန်းပြောကြားနေသော ဒိန်းမတ်ဝန်ကြီးချုပ် Mette Frederiksen (Photo: Reuters)
ဇွန်လ ၅၊ ၂၀၂၄ နေ့မှာ မိန့်ခွန်းပြောကြားနေသော ဒိန်းမတ်ဝန်ကြီးချုပ် Mette Frederiksen (Photo: Reuters)

ဒိန်းမတ်ဝန်ကြီးချုပ် Mette Frederiksen ဟာ တိုက်ခိုက်ခံရပြီး အနားယူနေတယ်လို့ ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။ ဝန်ကြီးချုပ် Frederiksen ဟာ သောကြာနေ့က မြို့ဟောင်းရင်ပြင်မှာ အလုပ်ကိစ္စသွားနေစဉ် ကြာပွတ်နဲ့ လှမ်းရိုက်ခံရတာ ဖြစ်ပါတယ်။ ကြာပွတ်ဒဏ်ရာ အနည်းငယ်ရခဲ့ပြီး အနားယူနေတယ်လို့ ဝန်ကြီးချုပ်ရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ဝန်ကြီးချုပ် တုန်လှုပ်ခဲ့ပြီး စနေနေ့ အလုပ်အစီအစဉ်တွေ ဖျက်ထားတယ်လို့ ဖော်ပြထားပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် အသက် ၃၉ နှစ်အရွယ် အမျိုးသားတဦးကို ရဲက ဖမ်းဆီးခဲ့ပါတယ်။ သူ့ကို အမှုမစစ်ဆေးခင် ရမန် ပေးသင့်မသင့် ဒီကနေ့ တရားရုံးမှာ ကြားနာမယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။

မျက်မြင်နှစ်ဦးရဲ့ ထွက်ဆိုချက်အရ − တိုက်ခိုက်သူ အမျိုးသားက ဝန်ကြီးချုပ် Frederiksen ရှိရာကို ဦးတည်လျှောက်လာပြီး တိုက်ခိုက်ခဲ့တာလို့ ပြောပြပါတယ်။ အဲဒီအမျိုးသားဟာ ကောင်းကောင်းမွန်မွန် ဝတ်စားထားပြီး ဝန်ကြီးချုပ်လုံခြုံရေးအဖွဲ့က လူတယောက်လို့တောင် ထင်ရတယ်လို့ နောက်ထပ် မျက်မြင်တဦးကလည်း ပြောပါတယ်။

ရဲက သူ့ကို ချက်ချင်း ဖမ်းဆီးနိုင်ခဲ့တယ်လို့လည်း ပြောပြပါတယ်။ အိမ်နီးချင်း ဥရောပမြောက်ပိုင်း Scandinavian နိုင်ငံတွေနဲ့ တခြား ကမ္ဘာ့နိုင်ငံတွေက နိုင်ငံရေး ခေါင်းဆောင်တွေကတော့ ဒီတိုက်ခိုက်မှုကို ရှုတ်ချကြပါတယ်။ EU ဥရောပသမဂ္ဂနိုင်ငံတွေမှာ ရွေးကောက်ပွဲတွေ လုပ်နေချိန်ဖြစ်သလို ဒိန်းမတ်နိုင်ငံမှာလည်း EU ရွေးကောက်ပွဲလုပ်ဖို့ ၂ ရက်အလိုမှာ ဝန်ကြီးချုပ် တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။

Forum

XS
SM
MD
LG