သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Danny Fenster ျပန္လြတ္လာမႈအေပၚ ကန္ ႏိုင္ငံျခားေရးဝန္ႀကီး ႀကိဳဆို


Frontier Myanmar သတင္းခန္းအယ္ဒီတာ Danny Fenster ကို ျပန္လြတ္လာစဥ္။ (ႏိုဝင္ဘာ ၁၅၊ ၂၀၂၁/ ဓာတ္ပံု-စစ္ေကာင္စီသတင္းျပန္ၾကားေရး)

{{Zawgyi/Unicode}}


ျမန္မာႏိုင္ငံမွာ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရတဲ့ အေမရိကန္ႏိုင္ငံသား Daniel Fenster ကို စစ္ေကာင္စီကျပန္လႊတ္ေပးလို္က္တဲ့အေပၚ ႀကိဳဆိုေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken က ဒီကေန႔ ရက္စြဲနဲ႔ေၾကျငာခ်က္ထုတ္ျပန္ပါတယ္။

ျမန္မာစစ္ေကာင္စီရဲ႕အထင္အျမင္လြဲမွားမႈေၾကာင့္ မစၥတာ Fenster ၆ လနီးပါးၾကာ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရတယ္လို႔လည္း ေၾကျငာခ်က္မွာ ေဖာ္ျပထားပါတယ္။

Danny ျပန္လည္လြတ္ေျမာက္ေရး ႀကိဳပမ္းေပးၾကတဲ့ ျမန္မာႏိုင္ငံဆိုင္ရာအေမရိကန္ သံအမတ္ႀကီး Tom Vajda နဲ႔ ရန္ကုန္မွာရွိတဲ့သံ႐ုံးအဖြဲ႔၊ ဖမ္းဆီးထိန္းသိမ္းခံထားရ သူမ်ားဆိုင္ရာ သမၼတရဲ႕အထူးသံတမန္ Roger Carstens၊ ေကာင္စစ္ ဝန္အရာရွိေတြအျပင္ အုပ္ခ်ဳပ္ေရးမႉးေဟာင္း Bill Richardson တို႔ကို ခ်ီးက်ဴးပါတယ္လို႔ ႏိုင္ငံျခားေရး ဝန္ႀကီး Blinken ရဲ႕ေၾကျငာခ်က္မွာ ေဖာ္ျပထားပါတယ္။

မၾကာခင္မိသားစုနဲ႔ျပန္ဆုံႏိုင္ေတာ့မယ့္ Danny အတြက္ ဝမ္းေျမာက္မိသလို ျမန္မာႏိုင္ငံမွာ မတရားဖမ္းဆီးထန္းသိမ္းခံထားရတဲ့သူေတြ လြတ္ေျမာက္ေရး ဆက္ၿပီးေတာင္းဆိုသြားမယ္လို႔လည္း ေၾကျငာခ်က္မွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


==========

{{Unicode}}

Danny Fenster ပြန်လွတ်လာမှုအပေါ် ကန် နိုင်ငံခြားရေးဝန်ကြီး ကြိုဆို

မြန်မာနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ အမေရိကန်နိုင်ငံသား Daniel Fenster ကို စစ်ကောင်စီကပြန်လွှတ်ပေးလိုက်တဲ့အပေါ် ကြိုဆိုကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ဒီကနေ့ ရက်စွဲနဲ့ကြေငြာချက်ထုတ်ပြန်ပါတယ်။

မြန်မာစစ်ကောင်စီရဲ့အထင်အမြင်လွဲမှားမှုကြောင့် မစ္စတာ Fenster ၆ လနီးပါးကြာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်လို့လည်း ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

Danny ပြန်လည်လွတ်မြောက်ရေး ကြိုပမ်းပေးကြတဲ့ မြန်မာနိုင်ငံဆိုင်ရာအမေရိကန် သံအမတ်ကြီး Tom Vajda နဲ့ ရန်ကုန်မှာရှိတဲ့သံရုံးအဖွဲ့၊ ဖမ်းဆီးထိန်းသိမ်းခံထားရ သူများဆိုင်ရာ သမ္မတရဲ့အထူးသံတမန် Roger Carstens၊ ကောင်စစ် ဝန်အရာရှိတွေအပြင် အုပ်ချုပ်ရေးမှူးဟောင်း Bill Richardson တို့ကို ချီးကျူးပါတယ်လို့ နိုင်ငံခြားရေး ဝန်ကြီး Blinken ရဲ့ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

မကြာခင်မိသားစုနဲ့ပြန်ဆုံနိုင်တော့မယ့် Danny အတွက် ဝမ်းမြောက်မိသလို မြန်မာနိုင်ငံမှာ မတရားဖမ်းဆီးထန်းသိမ်းခံထားရတဲ့သူတွေ လွတ်မြောက်ရေး ဆက်ပြီးတောင်းဆိုသွားမယ်လို့လည်း ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

#DannyFenster#USFM#Journalist#MilitaryCoup##

XS
SM
MD
LG