သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် သတင်းထောက် Danny Fenster နယူးယောက်ပြန်ရောက်ပြီ


မြန်မာနိုင်ငံမှာ ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံရပြီးနောက် ပြည်နှင်ဒဏ်နဲ့ အမေရိကန်ကို ပြန်ရောက်လာတဲ့ သတင်းအယ်ဒီတာ Danny Fenster ကို မိသားစုက ဂျွန်၊ အက်ဖ် ကနေဒီ လေဆိပ်မှာ လာရောက်ကြိုဆိုစဉ်။ (နိုဝင်ဘာ ၁၆၊ ၂၀၂၁)
မြန်မာနိုင်ငံမှာ ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံရပြီးနောက် ပြည်နှင်ဒဏ်နဲ့ အမေရိကန်ကို ပြန်ရောက်လာတဲ့ သတင်းအယ်ဒီတာ Danny Fenster ကို မိသားစုက ဂျွန်၊ အက်ဖ် ကနေဒီ လေဆိပ်မှာ လာရောက်ကြိုဆိုစဉ်။ (နိုဝင်ဘာ ၁၆၊ ၂၀၂၁)

{{Zawgyi/Unicode}}

အမေရိကန် စာနယ်ဇင်းသမား Danny Fenster က မိသားစုနဲ့အတူ အချိန်ပေး နေထိုင်ပြီးတဲ့နောက် မြန်မာနိုင်ငံမှာ အကျဉ်းကျနေဆဲဖြစ်တဲ့ သတင်းသမားများအတွက်သာမက အကျဉ်းကျနေသူအားလုံး အတွက် သူလုပ်နိုင်သလောက် လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်ပြီးတဲ့နောက် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ JFK အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဒီကနေ့မနက်ပိုင်း ရောက်လာအပြီးလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း Danny Fenster က အဲဒီလိုပြောသွားတာပါ။
သူပြန်လွတ်မယ်ဆိုတာကို ကြိုမသိခဲ့ဘဲ အဲဒီနေ့က သူ့ကို ခြေကျင်းခတ်၊ ဘာမှမမေးဖို့ မပြောဖို့ မှာပြီး ကားတစီးပေါ် တင်လိုက်ပြီးတော့ အင်းစိန်ထောင်ကနေ နေပြည်တော်လေဆိပ်ကို ခေါ်သွားခဲ့တယ်လို့ ပြောပါတယ်။ လေဆိပ်ကို ရောက်အပြီး နာရီအတော်ကြာပြီးတဲ့နောက် ရဲအရာရှိတဦး ရောက်လာပြီး သူ့အပေါ် စွဲဆိုထားတဲ့ ပြစ်မှုတွေကိုပြောခဲ့သလို အဲဒါတွေအားလုံးကနေ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးတယ်လို့ ပြောခဲ့တဲ့အကြောင်း Danny Fenster ကပြောပါတယ်။
သူပြန်လွတ်လာတာမှာ အဓိကအခန်းကဏ္ဍကပါဝင်ခဲ့တဲ့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း Bill Richardson က သူဟာ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ၄ ကြိမ် တွေ့ဆုံပြီး ပြောဆိုခဲ့တာတွေထဲမှာ Danny Fenster ကို ပြန်လွှတ်ပေးခြင်းအားဖြင့် လူသားစာနာမှုဆိုင်ရာ သဘောထားကိုပြသတဲ့ လက်ဆောင်တခုဖြစ်လိမ့်မယ်လို့ တိုက်တွန်းပြောဆိုခဲ့တယ်ဆိုပြီး သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။
သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း Danny Fenster နဲ့ သူ့အဖွဲ့အစည်းဖြစ်တဲ့ Richardson Center က မြန်မာနိုင်ငံခြေစိုက် ဝန်ထမ်းတဦးဖြစ်သူ မအေးမိုးတို့ ပြန်လွတ်လာအောင် လုပ်နိုင်ခဲ့တာ၊ မြန်မာနိုင်ငံအတွက် COVID-19 နဲ့ လူသားစာနာမှုဆိုင်ရာ တခြားအကူအညီတွေကိစ္စ တိုးတက်မှု ခပ်ပျော့ပျော့ရခဲ့တာတွေကို မစ္စတာ Richardson က ထည့်သွင်း ပြောဆိုသွားပါတယ်။
စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ သူနဲ့ကြားမှာ နားလည်မှု၊ ယုံကြည်မှု တည်ဆောက်နိုင်ခဲ့တာကြောင့် Danny Fenster ကို ပြန်လွှတ်ပေးခဲ့တယ်လို့ ယူဆကြောင်း မစ္စတာ Richardson ကပြောပြီး အဲဒီအတွက် သူ့ဘက်က အပေးအယူတခုခုမလုပ်ခဲ့သလို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ဘာမှတောင်းဆိုခဲ့တာ မရှိဘူးလို့ နယူးမက္ကဆီကိုပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းလည်းဖြစ်သူ Bill Richardson ကပြောသွားပါတယ်။

တိုက်ရိုက် လင့်ခ်


============

{{Unicode}}





============

XS
SM
MD
LG