သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့စီးပွားညီလာခံ ဒေါ်စု မိန့်ခွန်းပြောမည်


Farmers Chaudhry Sukhvir Singh and Chaudhry Singh at a farm near the town of Indri in India's Haryana state. (Aru Pande/VOA)
Farmers Chaudhry Sukhvir Singh and Chaudhry Singh at a farm near the town of Indri in India's Haryana state. (Aru Pande/VOA)

မေလ ၃၀ ရက်နေ့ကနေ ဇွန်လ ၁ရက်နေ့အထိလုပ်မဲ့ ကမ္ဘာ့ စီးပွားရေးညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောဖို့ ရှိပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြုလုပ်မဲ့ ညီလာခံကို ဒေါ်အောင်ဆန်းဆုကြည် တက်ရောက်ဖို့ ဇွန်လ ၂၈ ရက်နေ့ ဘန်ကောက် သွားမယ်ဆိုတာကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက အတည်ပြုပါတယ်။

ကမ္ဘာ့စီးပွားရေးညီလာခံကို သမ္မတဦးသိန်းစိန်လဲ တက်ရောက်ဖို့ အစီအစဉ် ရှိပါတယ်။ မြန်မာနိုင်ငံမှာ ပြန်လည်နေထိုင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက်ကတော့ နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ် နိုင်ငံခြားထွက်တဲ့ ခရီးစဉ် ဖြစ်ပါလိမ့်မယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လထဲမှာလဲ ဥရောပကို ခရီးထွက်ဖို့ရှိပါတယ်၊ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပမဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) ညီလာခံမှာ ဇွန်လ ၁၄ ရက်နေ့ကျရင် မိန့်ခွန်း ပြောကြားဖို့ရှိပါတယ်။ ဗြိတိန်နိုင်ငံဆီ ဇွန်လ ၁၈ ရက်နေ့မှာ ရောက်တဲ့နောက်မှာလဲ လွှတ်တော် ၂ ရပ်ပေါင်းထားတဲ့ ဗြိတိန်ပါလီမန်မှာ မိန့်ခွန်း ပြောမှာဖြစ်ပါတယ်။

ဦးသိန်းစိန် အစိုးရလက်ထက်မှာ သူ့အပေါ် ကန့်သတ်တားမြစ်ချက်တွေကို သိသိသာသာ ဖယ်ရှားပေးခဲ့သလို ဧပြီလ လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲမှာ ကော့မှုးမြို့နယ် မဲဆန္ဒနယ်အတွက် အနိုင် ရခဲ့ပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားခရီးတွေ ထွက်ဖို့ စတင် စီစဉ်လာတာဖြစ်ပါတယ်။

XS
SM
MD
LG