သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို ဝန်ကြီးကလင်တန် ကြိုဆို


ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံခြားရေးဝန်ကြီးကလင်တန်တို့ ဝါရှင်တန်ဒီစီရှိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် တွေ့ဆုံကြစဉ်။ (၀၉၊ ၁၈၊ ၁၂)။
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံခြားရေးဝန်ကြီးကလင်တန်တို့ ဝါရှင်တန်ဒီစီရှိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် တွေ့ဆုံကြစဉ်။ (၀၉၊ ၁၈၊ ၁၂)။
အမေရိကန် ပြည်ထောင်စုကို ရောက်လာတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာတော့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်နဲ့ တွေ့ဆုံပြီး သူ့ရဲ့သီတင်း ၃ ပတ်ကြာ ခရီးစဉ်နဲ့ ပတ်သက်လို့ ဆွေးနွေး ကြပါတယ်။ အမေရိကန် ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်း စုကြည် အမေရိကန် အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံရုံသာမက အမေရိကန်ရောက် မြန်မာနိုင်ငံ သားတွေနဲ့ပါ တွေ့ဆုံဖို့ ရှိတယ်လို့လည်း တွေ့ဆုံချိန်မှာ ပြောဆိုလိုက်တာပါ။ အမေရိ ကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကို သွားရောက် သတင်းယူခဲ့တဲ့ ကိုအောင်လွင်ဦးက အပြည့် အစုံ ပြောပြပေးမှာ ဖြစ်ပါတယ်။

ဆယ်စုနှစ်တွေအတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန် ပြည်ထောင်စုကို ရောက်လာ မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ် အစနေ့အဖြစ် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် က ဝါရှင်တန် ဒေသစံတော်ချိန် အင်္ဂါနေ့ မနက်ပိုင်းမှာ ခရီးဦးကြို တွေ့ဆုံဆွေးနွေးကြ တာ ဖြစ်ပါတယ်။ ဝန်ကြီး ကလင်တန်ရဲ့ရုံးခန်းမှာ တွေ့ဆုံအပြီး သတင်းထောက်တွေကို ပြောဆိုရာ မှာတော့ အမေရိကန် ခရီးစဉ် တစိတ်တပိုင်းအဖြစ် မြန်မာနိုင်ငံသားတွေ အများအပြားရှိရာ Indiana ပြည်နယ် Fort Wayne မြို့ကို သွားရောက်ဖို့ အပါအဝင် သီတင်း နှစ်ပတ်ကြာ အစီအစဉ်တွေကိုလည်း ဆွေးနွေးကြတာပါ။

အမေရိကန်နိုင်ငံမှာ ခိုလှုံနေကြတဲ့ မြန်မာနိုင်ငံသားတွေရှိရာ သွားဖို့ဟာ သူ့တာဝန်တရပ်အဖြစ် သဘောထားတဲ့ အကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားတာ ဖြစ်ပါတယ်။
“ကျမအနေနဲ့ Fort Wayne ကို သွားရမှာပါ။ Fort Waye အကြောင်း မြန်မာသတင်းတွေမှာ ကျမ အမြဲကြားနေရပါတယ်။ အဲဒီမှာ ဖြစ်ပျက်နေတာတွေပေါ့။ Fort Wayne မှာလည်း အဖြစ်အပျက်တွေက အမျိုးစုံပါပဲ။ မြန်မာနိုင်ငံမှာရှိတုန်း ကျမနားထောင်ခဲ့ရတဲ့ သတင်းတွေ အရတော့ အဲဒီနေရာက သိပ်ကို လှတယ်လို့ ကြားရပါတယ်။”

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ ရှေ့သီတင်းပတ် ဗုဒ္ဓဟူးနေ့မှာပဲ Fort Waye မြို့ကို သွားရောက်ဖို့ ရည်ရွယ်ထားတာဖြစ်ပြီး ဒီအတွက်လည်း အမေရိကန်အစိုးရ တာဝန်ရှိ သူတွေ ဝိုင်းဝန်းကူညီ စီစဉ်ပေးမှာ ဖြစ်တယ်လို့ ဝန်ကြီး ကလင်တန် ကပြောပါတယ်။ ဒီခရီးစဉ်ကို လည်း Fort Waye မြို့က ဝမ်းပမ်းတသာ ကြိုဆိုလိမ့်မယ်လို့ မျှော်လင့်တဲ့ အကြောင်း ပြောဆို ခဲ့တာပါ။

“အဲဒီနေရာမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို စောင့်ကြိုနေမှာပါ။ ဒီလို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လာနိုင်တယ်ဆိုတော့ အဲဒီမှာ သိပ်ကို စိတ်လှုပ်ရှား နေကြပြီး စိတ်အား တက်ကြွနေကြပါ တယ်။ အထူးသဖြင့် အဲဒီမှာ မြင်းတွေမွေးတဲ့ ခြံကို ကိုယ်တိုင် သွားကြည့်မယ်ဆိုလို့ အဲဒါကို ကျမ သိပ်သဘောကျမိပါတယ်။ အဲဒီ နေရာတွေမှာ မျက်စေ့တဆုံး လယ်ကွင်းပြည်တွေ၊ မြင်ခင်းတွေ နဲ့မို့ သိပ်ကို လှပ်တဲ့ နေရာလို့ မြင်ရမှာပါ။”

ခရီးရောက်မဆိုက် အမေရိကန် အစိုးရ ထိပ်တန်း အရာရှိ တဦးဖြစ်တဲ့ ဝန်ကြီး ကလင်တန် နဲ့ တွေ့ဆုံခဲ့သလို၊ သမ္မတ ဘရက်ခ် အိုဘားမား နဲ့လည်း တွေ့ဆုံလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒီသီတင်းပတ် နှောင်းပိုင်း နယူးယောက်ကို ရောက်ရှိစဉ်မှာတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း နဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ ဒေသစံတော်ချိန် အင်္ဂါနေ့ မွန်းလွဲပိုင်း မှာတော့ ဒေါ်အောင်ဆန်းစုကြည် ဟာ Asia Society က ချီးမြှင့်မယ့် ဂုဏ်ထူးဆောင် ဆုကိုလည်း လက်ခံရယူဦးမှာပါ။ ဒီနောက်မှာတော့ ဗွီအိုအေ အမေရိကန် အသံကိုလည်း လာရောက်ဖို့ စီစဉ်ထားပါတယ်။

ဗုဒ္ဓဟူးနေ့မှာတော့ အမေရိကန် ကွန်ဂရက် လွှတ်တော်က ချီးမြှင့်တဲ့ ရွှေတံဆိပ်ဆုကိုလည်း နယူးယောက်မြို့မှာ လက်ခံရယူသွားမှာ ဖြစ်သလို Atlantic Council က ချီးမြှင့်မယ့် ကမ္ဘာ့နိုင်ငံသား ဆုကိုလည်း လက်ခံရယူသွားမှာပါ။

၁၉၉၁ ခုနှစ် နိုဘဲလ် ငြိမ်းချမ်းရေးဆုကို ကိုယ်တိုင် လက်ခံရယူခဲ့တဲ့ ဥရောပ တလွှား ဒီနှစ်ဆန်းပိုင်း သွားရောက်ခဲ့ပြီး ဒုတိယ အကြိမ် အနောက်နိုင်ငံ ခရီးစဉ်အဖြစ် အမေရိကန်ကို ရောက်လာချိန်မှာ Yale, Harvard နဲ့ Kentucky ပြည်နယ် Louisville တက္ကသိုလ်တွေကို သွားရောက်ပြီး ဒေါ်အောင် ဆန်းစုကြည် စကားပြောမှာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG