သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု နိုင်ငံရေးခရီး ထွက်မည်


ဒေါ်စု နိုင်ငံရေးခရီး ထွက်မည်
ဒေါ်စု နိုင်ငံရေးခရီး ထွက်မည်

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးကိစ္စနဲ့ သြဂုတ်လ ၁၄ ရက်နေ့ကျရင် ပဲခူးမြို့ကို သွားဖို့ရှိပါတယ်။ နေအိမ်အကျယ်ချုပ်က လွတ်မြောက်ချိန်တည်းက ဆိုရင် နိုင်ငံရေး လုပ်ငန်းတွေအတွက် ပထမဆုံး ရန်ကုန်အပြင်ဘက်ထွက်မယ့် ခရီးစဉ်လည်း ဖြစ်ပါတယ်။

ပဲခူးမြို့မှာ စာကြည်တိုက်တခု ဖွင့်ပွဲကို တက်ဖို့နဲ့ ပဲခူးမြို့က NLD လူငယ်တွေနဲ့ တွေ့ဆုံဖို့ နေ့ချင်းပြန် သွားမယ့်ခရီး ဖြစ်တယ်လို့ NLD ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက တနင်္ဂနွေနေ့မှာ သတင်းထောက်တွေကို အသိပေးခဲ့တာ ဖြစ်ပါတယ်။

တရားမဝင် ပါတီအဖြစ် အစိုးရက ကြေညာထားတဲ့ NLD ပါတီ နိုင်ငံရေး လှုပ်ရှားမှုတွေ လုပ်တာကို သတိပေးတဲ့ အနေနဲ့ ဥပဒေနဲ့အညီ လိုက်နာပါ ဆိုတဲ့စာကို ပါတီခေါင်းဆောင်တွေဆီကို ပြည်ထဲရေး ဝန်ကြီးဌာနက ဇွန်လကုန်ပိုင်းက ပေးပို့ခဲ့ပါတယ်။

ဇူလိုင်လတုန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့သားငယ်နဲ့အတူ ပုဂံဘက်ကို ခရီးထွက်ခဲ့ပါတယ်။ အပန်းဖြေခရီး ဖြစ်တာမို့ အစိုးရက ခရီးစဉ်ကို ခွင့်ပြုခဲ့ပေမဲ့ အခြေအနေကို အခွင့်ကောင်းယူပြီး နိုင်ငံရေး စည်းရုံးလှုပ်ရှားမှုတွေ မလုပ်ဖို့ သတိပေးခဲ့ပါတယ်။

လာမယ့် တနင်္ဂနွေနေ့ကျရင်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေး လှုပ်ရှားမှု တခုအဖြစ် ပထမဆုံး နယ်ခရီးထွက်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG