သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုနဲ့ မစ္စတာဘန်ကီမွန်း တယ်လီဖုန်း ပြောဆို


ဒေါ်စုနဲ့ မစ္စတာဘန်ကီမွန်း တယ်လီဖုန်း ပြောဆို
ဒေါ်စုနဲ့ မစ္စတာဘန်ကီမွန်း တယ်လီဖုန်း ပြောဆို

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Mr. Ban Ki-moon) တို့ဟာ ဒီနေ့ ညနေပိုင်းက တယ်လီဖုန်းကတဆင့် တိုက်ရိုက် စကားပြော ဆွေးနွေးခဲ့ပါတယ်။

၁၅ မိနစ်လောက် ပြောဆို ဆွေးနွေးခဲ့ကြတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးအုန်းကြိုင်က ဗွီအိုအေ မြန်မာပိုင်းကို အခုလို ပြောပြခဲ့ပါတယ်။

“အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးနောက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက နှုတ်ဆက်စကား ပြောဖို့ မနေ့ကတည်းက စတင်ပြီး သူ့ဘက်က စီစဉ်ပါတယ်။ အကြောင်းမညီညွတ်လို့ မနေ့ကတော့ မပြောဖြစ်ပါဘူး။

“ဒီနေ့တော့ ရန်ကုန်မှာရှိတဲ့ ကုလသမဂ္ဂ ကိုယ်စားလှယ်ရုံးက တာဝန်ခံ ကိုယ်တိုင်က ပူးပေါင်းစီစဉ် ကူညီပေးမှုကြောင့် မစ္စတာ ဘန်ကီမွန်းက ၅ နာရီ ၄၅ မိနစ်မှာ ကျနော်တို့ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ဆီကို ဖုန်းဆက်ပါတယ်။ ဖုန်းဆက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဝမ်းမြောက်ကြောင်း စကားပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၁၅ မိနစ်ကြာ ပြောပါတယ်။ အသေးစိတ် ပြောဆို ဆွေးနွေးတာတွေတော့ ကျနော်တို့ မသိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်က အိမ်မှာရှိတဲ့ သူ့အခန်းထဲက ဆွေးနွေးပြောဆိုတာ ဖြစ်ပါတယ်။”

NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တဦး ဖြစ်သူ ဦးအုန်းကြိုင် ပြောပြခဲ့တာ ဖြစ်ပါတယ်။

မကြာခင်ရက်ပိုင်း အတွင်းကလည်း ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကမ်မရွန်း (David Cameron) နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး ပြောဆိုခဲ့ကြသေးတာ ဖြစ်ပါတယ်။

XS
SM
MD
LG