သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်သမ္မတ အကွီနို ဒေါ်စုကို တယ်လီဖုန်းနဲ့ နှုတ်ဆက်


ဖိလစ်ပိုင်သမ္မတ အကွီနို ဒေါ်စုကို တယ်လီဖုန်းနဲ့ နှုတ်ဆက်
ဖိလစ်ပိုင်သမ္မတ အကွီနို ဒေါ်စုကို တယ်လီဖုန်းနဲ့ နှုတ်ဆက်

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာခဲ့ပြီးနောက် ကုလသမဂ္ဂ၊ EU ဥရောပသမဂ္ဂနဲ့ အမေရိကန် အပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေက ဝမ်းမြောက်ကြောင်း ကြိုဆို နှုတ်ဆက်နေကြရာမှာ ဒီနေ့တော့ ဖိလစ်ပိုင် သမ္မတ ဘီနစ်နို အကွီနို (Benigno Aquino) က ဒေါ်အောင်ဆန်းစုကြည်ကို တယ်လီဖုန်းနဲ့ ဆက်သွယ် စကားပြောကြားခဲ့တယ်လို့ သမ္မတရဲ့ ပြောခွင့်ရ ရစ်ကီ ကယ်ရင်တန်က ပြောပါတယ်။ အသေးစိတ်ကို နောက်ပိုင်းမှာ ထုတ်ပြန်ဖို့ ရှိတယ်လို့လည်း ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာချိန်က ဖိလစ်ပိုင်က ကြိုဆိုခဲ့သလို မြန်မာအာဏာပိုင်တွေဟာ ဒီမိုကရေစီရေး ပြောင်းလဲမှုတွေအတွက် သိသာတဲ့ ခြေလှမ်းတွေ လှမ်းဖို့ လိုအပ်တယ်လို့လည်း သတိပေးခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံဟာ အာဆီယံ နိုင်ငံတွေထဲမှာ တခြားနိုင်ငံတွေရဲ့ အရေးကိစ္စတွေမှာ ဝင်မစွက်ရေး အာဆီယံရဲ့ မူဝါဒကို သွေဖည်ပြီး မြန်မာနိုင်ငံ လွတ်လပ်မှု ပိုမိုရရှိဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ပြင်းပြင်းထန်ထန် ပြောဆိုခဲ့သလို မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ မကျင်းပခင်က ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မပေးဘဲ NLD မပါဝင်တဲ့ ရွေးကောက်ပွဲဟာ အတုအယောင်သာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အလားတူ တောင်အာဖရိကနိုင်ငံက ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဘုန်းတော်ကြီး ဒက်စ်မွန် တူးတူး (Desmond Tutu) ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ဖုန်းဆက်ပြီး နှုတ်ခွန်းဆက်စကား ပြောကြားခဲ့တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က အတည်ပြု ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG