{{Zawgyi/Unicode}}
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အဂတိလိုက်စားခဲ့တယ်ဆိုတဲ့ စစ်ကောင်စီရဲ့စွပ်စွဲချက်ဟာ အခြေအမြစ်မရှိဘူးလို့ သူ့ရဲ့ရှေ့နေက ပယ်ချလိုက်ပါတယ်။
မြန်မာစစ်တပ်အုပ်ချုပ်ရေးကောင်စီအနေနဲ့ အရွေးချယ်ခံအရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အာဏာသိမ်းဖယ်ရှားထိန်းသိမ်းခဲ့ပြီး မတရားစွပ်စွဲ လုပ်ကြံအပုပ်ချနေတာလို့လည်း ရှေ့နေ ဦခင်မောင်ဇော်က ဒီနေ့ ပြောပါတယ်။
ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းအပြီး ဗိုလ်ချုပ်ကြီးတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ရာဇဝတ်မူတွေနဲ့ စတရားစွဲခဲ့တာမှာ တရားမဝင် လမ်းလျှောက်စကားပြောစက် ပိုင်ဆိုင်ထားမူနဲ့ ကိုဗစ်-19 ကာကွယ်ရေးစည်းမျဉ်း ချိုးဖောက်မူတွေပါဝင်ခဲ့ပါတယ်။
မနေ့တုံးကပဲ စစ်ကောင်စီပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အခုလို လာဘ်စားမူနဲ့ စုံစမ်းစစ်ဆေးနေတဲ့အကြောင်း ပြောခဲ့ပြီး လက်ရှိအထိန်းသိမ်းခံ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ဒေါ်လာ ၆ သိန်းနဲ့ ရွှေ ၇ ပိဿာ ပေးခဲ့တာကို ဝန်ခံထားတယ်လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေ ဦးခင်မောင်ဇော်ကတော့ အခုလို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပေါ် စွပ်စွဲတာက အခြေအမြစ်မရှိဘူး၊ အထူးသဖြင့် ဒေါ်လာနဲ့ရွှေချောင်းတွေနဲ့ပတ်သက်ပြီးစွဲတာက၊ ရီစရာအကောင်းဆုံးဟာသဖြစ်နေတယ်၊ အခုလို တရားမဝင်လုပ်ကြံပုပ်ချစွတ်စွဲတာမျိုး အရင်တခါမှမတွေ့ခဲ့ဘူးဖူးလို့ AP သတင်းဌာနကို ပြောခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အစိုးရကနေ ရိုဟင်ဂျာသတင်းယူရေးသားခဲ့တဲ့ သတင်းထောက်တွေကို အရင်တရားစွဲခဲ့တုံးက တရားခံဘက်ကနေ ကာကွယ်လျှောက်လဲခဲ့တဲ့ ရှေ့နေကြီး ဦးခင်မောင်ဇော်က သူမမှာ အားနည်းချက်ရှိကောင်းရှိနိုင်ပေမယ့် လာဘ်စားတာကတော့ သူမ ပုံစံနဲ့မကိုက်ဘူးလို့ပြောပါတယ်။ ဒီရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုမြန်မာစစ်တပ်က တရားဝင်လက်မခံပါဘူး။
ရှေ့သီတင်းပတ် တနလာၤ မတ်လ ၁၅ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ်တရားရုံးချိန်းဆိုထားပေမယ့် သူမရှေ့နေ ဦးခင်ဇော်အနေနဲ့ အခုအချိန်ထိ ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးသန့်တွေ့ခွင့်မရသေးပါဘူး။
...................................
{{Unicode}}