သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေကို ချက်သမ္မတနိုင်ငံ ဆက်လက်ထောက်ခံ


ဒေါ်စု ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေကို ချက်သမ္မတနိုင်ငံ ဆက်လက်ထောက်ခံ
ဒေါ်စု ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေကို ချက်သမ္မတနိုင်ငံ ဆက်လက်ထောက်ခံ

ချက်သမ္မတနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေး ဝန်ကြီးလည်း ဖြစ်တဲ့ ကာရဲလ် ရွှာဇင်ဘာ့ဂ် (Karel Schwarzenberg) ဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မနေ့တုန်းက ဖုန်းနဲ့ စကားပြောခဲ့ပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီ အရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြိုးပမ်း ဆောင်ရွက်မှုတွေကို ချက်သမ္မတနိုင်ငံ အနေနဲ့ ဆက်ပြီးတော့ ထောက်ခံသွားမယ်လို့ ချက်နိုင်ငံခြားရေး ဝန်ကြီးက ဖုန်းနဲ့ ပြောဆိုခဲ့တယ်လို့ ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာအစိုးရ အနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ မလုပ်မချင်း EU ဥရောပသမဂ္ဂရဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ဆက်ထားနိုင်ဖို့ အတွက်လည်း ချက်သမ္မတနိုင်ငံ အနေနဲ့ ရပ်တည်သွားမယ်လို့ ပြောခဲ့ပါတယ်။

ချက်သမ္မတနိုင်ငံဟာ အနှစ် ၄၀ ကြာတဲ့ အာဏာရှင် အုပ်ချုပ်မှုအောက်မှာ နေခဲ့ရတဲ့ အတွေ့အကြုံ ရှိတာမို့ အခုလိုမျိုး ဒေါ်အောင်ဆန်းစုကြည်လို ရဲဝံ့ပြတ်သားမှု၊ ပြောဆိုမှုတွေဟာ အင်မတန် အရေးကြီးတယ် ဆိုတာကို နားလည် သဘောပေါက်မိတဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီး ရွှာဇင်ဘာ့ဂ်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို သူ့အနေနဲ့ အင်မတန် လေးစားပြီး သူဟာ ဒီနေ့ခေတ်ကာလရဲ့ အကြီးကျယ်ဆုံး သူရဲကောင်းတွေထဲက တဦးဖြစ်ပါတယ်လို့လည်း ချီးကျူး ပြောသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား ကမ္ဘာ့ခေါင်းဆောင်တွေကြားမှာ တိုက်ရိုက်ထိတွေ့မှုဟာ အင်မတန် အရေးကြီးတာမို့ ချက်သမ္မတနိုင်ငံ ခေါင်းဆောင်ပိုင်း အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုက်ရိုက်ထိစပ် ဆက်ဆံနိုင်ဖို့ ပြောဆို အားပေးသွားမယ်လို့လည်း ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုတဲ့အကြောင်း နိုင်ငံခြားရေးဌာန ကြေညာချက်မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG