သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရပ်သား အဖွဲ့အစည်း ဖွံ့ဖြိုးရေး ဒေါ်စု တိုက်တွန်း


အရပ်သား အဖွဲ့အစည်း ဖွံ့ဖြိုးရေး ဒေါ်စု တိုက်တွန်း
အရပ်သား အဖွဲ့အစည်း ဖွံ့ဖြိုးရေး ဒေါ်စု တိုက်တွန်း

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားရေးအတွက် အထောက်အကူဖြစ်အောင် Civil Society ခေါ် အရပ်သား လူ့အဖွဲ့အစည်းတွေ အင်အားကောင်းလာဖို့ အတွက် အကူအညီတွေ လိုအပ်ပါတယ်လို့ ပြောကြားလိုက်ပါတယ်။ အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ ဥရောပ ဖွံ့ဖြိုးတိုးတက်ရေး ညီလာခံကို ပေးပို့ခဲ့တဲ့ ဗွီဒီယို မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“တွေ့ဆုံဆွေးနွေးရေးနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆက်သွယ်ရေး ဆိုတာတွေကို ပြီးခဲ့တဲ့ သုံးပတ်လောက် ကျမ လွတ်လာပြီးကတည်းက အဓိကထား ပြောလာတဲ့ ကိစ္စပါ။ တွေ့ဆုံဆွေးနွေးရေးနဲ့ ကျယ်ပြန့်တဲ့ အဆက်အသွယ် ရရှိရေးဟာ ဒီမိုကရေစီ ထွန်းကားနိုင်တဲ့ အသိုင်းအဝိုင်း ဖြစ်ပေါ်စေဖို့ အခြေခံကျတဲ့ အချက်တွေ ဖြစ်ပါတယ်။

“ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒတွေကို Civil Society လို့ခေါ်တဲ့ လူထုကိုယ်တိုင် ထူထောင်တဲ့ အဖွဲ့အစည်းတွေ ခိုင်မာရေး၊ စီးပွားရေး တိုးတက်ရေးတွေနဲ့ ချိတ်ဆက်ထားနိုင်မယ် ဆိုရင် ဒါဟာ အုပ်ချုပ်မှုကောင်း ဖြစ်လာဖို့ တွန်းအားတရပ်ကို ဖန်တီးပေးပါလိမ့်မယ်။ လူထုအဖွဲ့အစည်းတွေထဲမှာ ငွေကြေးအရ၊ အသိပညာပိုင်းအရ ရင်းနှီးမြှုပ်နှံတာကြောင့် စီးပွားရေးကဏ္ဍမှာသာမက နိုင်ငံရေးကဏ္ဍမှာပါ တာဝန်ခံမှုတွေ၊ အများမြင်သာအောင် ဆောင်ရွက်နိုင်တာတွေ ဖြစ်လာနိုင်ပါတယ်။

“မြန်မာနိုင်ငံမှာ ပြည်သူလူထု အနေနဲ့ သူတို့ဘ၀ ပိုကောင်းအောင် တာဝန်ရှိရှိ၊ လွတ်လွတ်လပ်လပ် အလုပ် လုပ်နိုင်မယ့် လူ့အဖွဲ့အစည်း တရပ်ကို ကျမတို့ ဖန်တီးနေတာပါ။”

အဲဒီအခမ်းအနားမှာ ဥရောပ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မင်းကြီး အန်းဒရစ်စ် ပိုင်းဘာ့လ်ဂ်စ် (Andris Piebalgs) က ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ဒီကမ္ဘာပေါ်မှာ အကျော်ကြားဆုံးနဲ့ ရဲစွမ်းသတ္တိအရှိဆုံး ပုဂ္ဂိုလ်တဦးအဖြစ် ဖော်ပြခဲ့ပါတယ်။

XS
SM
MD
LG