သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလူထု လွတ်လပ်မှုနဲ့ အလှမ်းဝေးဆဲ


မြန်မာလူထု လွတ်လပ်မှုနဲ့ အလှမ်းဝေးဆဲ
မြန်မာလူထု လွတ်လပ်မှုနဲ့ အလှမ်းဝေးဆဲ

မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအရ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာနေတယ်ဆိုတဲ့ အရိပ်လက္ခဏာတွေ တွေ့ရတယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါပေမဲ့ မြန်မာပြည်သူတွေ အနေနဲ့ စစ်မှန်တဲ့ လွတ်လပ်မှုတော့ မရကြသေးဘူးလို့ ဆိုပါတယ်။

အာရပ်ကမ္ဘာမှာ ဖြစ်နေတဲ့ ဆန္ဒပြ တောင်းဆို လှုပ်ရှားမှုတွေဟာ မြန်မာနိုင်ငံရဲ့ ပြဿနာတွေနဲ့ ကိုက်ညီခြင်း မရှိဘူးလို့လည်း ပြင်သစ် သတင်းဌာနနဲ့ ပြုလုပ်တဲ့ မေးမြန်းခန်းအတွင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ တကယ်လိုအပ်နေတာက စိတ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေး၊ တော်လှန်ရေး ဖြစ်တယ်လို့ ရန်ကုန်မြို့ NLD ရုံးချုပ်မှာ AFP သတင်းဌာနနဲ့ ပြုလုပ်တဲ့ တွေ့ဆုံ မေးမြန်းခန်းအတွင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါ့အပြင် တိုင်းပြည်မှာ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို အာဏာပိုင်တွေက သိမြင် နားလည်တဲ့ပုံစံ မပြောင်းသ၍တော့ စစ်မှန်တဲ့ ပြောင်းလဲမှု ရနိုင်မှာ မဟုတ်ဘူးလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

နေအိမ်အကျယ်ချုပ်က ပြန်လွတ်လာခါစ မနှစ်က နိုဝင်ဘာလအတွင်း သူမအနေနဲ့ Facebook၊ Twitter စတဲ့ လူမှုကွန်ရက် အင်တာနက် ဝက်ဘ်ဆိုဒ်တွေကို အသုံးပြုချင်တဲ့ ဆန္ဒရှိကြောင်း ပြောခဲ့ဖူးပေမဲ့လည်း တခြား ပါတီလုပ်ငန်းတွေ၊ နိုင်ငံရေး လုပ်ငန်းတွေနဲ့ အလုပ်ရှုပ်နေတာကြောင့် အဲဒီကိစ္စတွေအတွက် အချိန်မရှိသေးဘူးလို့ APF သတင်းဌာနကို ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထိန်းသိမ်း ခံထားခဲ့ရတဲ့ ၇ နှစ်တာ ကာလအတွင်း လုပ်စရာ လုပ်ငန်းတွေ အများကြီး အကြွေးတင်နေတာကြောင့် Twitter တွေ အသုံးပြုဖို့ အချိန်မလောက်ဘဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။ လောလောဆယ်မှာတော့ NLD ပါတီအတွက် ဖွင့်ထားတဲ့ အင်တာနက် ဝက်ဘ်ဆိုဒ်နဲ့ပဲ အလုပ်ဖြစ်နေပါတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

XS
SM
MD
LG