သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သန်းကြွယ်သူဌေး George Soros နဲ့ ဒေါ်စုတွေ့ဆုံမည်

သန်းကြွယ်သူဌေး George Soros နဲ့ ဒေါ်စုတွေ့ဆုံမည်
သန်းကြွယ်သူဌေး George Soros နဲ့ ဒေါ်စုတွေ့ဆုံမည်

အမေရိကန်ပြည်ထောင်စုက သန်းကြွယ်သူဌေးကြီးလည်းဖြစ်၊ ပရဟိတ အလှူရှင်ကြီးလည်းဖြစ်သူ ဂျော့ဂျ်ဆိုးရော့စ် (George Soros) ဟာ အခု မြန်မာနိုင်ငံကို အလည်အပတ် ရောက်ရှိနေပြီး မြန်မာ့ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့သီတင်းပတ်ထဲမှာ တွေ့ဆုံဖို့ရှိတယ်လို့ NLD ပြောခွင့်ရသူက သောကြာနေ့က အတည်ပြု ပြောဆိုလိုက်ပါတယ်။

ကမ္ဘာမှာ အချမ်းသားဆုံး ပုဂ္ဂိုလ်တွေထဲက တစ်ဦးဖြစ်သူ သူဌေးကြီး ဂျော့ဂျ်ဆိုးရော့စ်ဟာ မြန်မာ့ ဒီမိုကရေစီရေးအတွက် အစဉ်တစိုက် ရန်ပုံငွေတွေ ပံ့ပိုးပေးနေသူ ဖြစ်ပါတယ်။ အခု သူ မြန်မာနိုင်ငံကို ရောက်ရှိနေစဉ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဇန်နဝါရီလ ၂ ရက်၊ တနင်္လာနေ့မှာ တွေ့ဆုံမှာဖြစ်တယ်လို့ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းက အတည်ပြု ပြောဆိုလိုက်တာပါ။ စေတနာရှင် သူဌေးကြီး ဂျော့ဂျ်ဆိုးရော့စ် အနေနဲ့ ပရဟိတလုပ်ငန်းတွေအတွက် အလှူဒါနပြုရေး ဆွေးနွေးကြဖွယ် ရှိတယ်လို့ ဆိုပါတယ်။

Open Society Institute (OSI) ရန်ပုံငွေအဖွဲ့ ထူူထောင်သူ မစ္စတာဆိုးရော့စ် က မြန်မာ့ဒီမိုကရေစီရေးနဲ့ ပညာရေး အစီအစဉ်တွေအတွက် နှစ်စဉ် ဒေါ်လာ ၂ သန်းခန့် ပညာသင်ဆုတွေ ချီးမြှင့်နေတာဖြစ်ပါတယ်။ အသက် ၈၁ နှစ်အရွယ် မစ္စတာ ဆိုးရော့စ်ဟာ မိသားစုနဲ့အတူ မြန်မာနိုင်ငံကို အလည်အပတ် ရောက်ရှိနေစဉ် အင်းလေးနဲ့ ပုဂံကိုလည်း လေ့လာရေးခရီး သွားဖို့ရှိတယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။

This item is part of
XS
SM
MD
LG