အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ပြင်သစ် စံတော်ချိန် နေ့လည် ၁၂ နာရီလောက်မှာ ပြင်သစ်နိုင်ငံကို ရောက်ရှိနေပါပြီ။ ဒီညနေပိုင်းမှာပဲ ပြင်သစ် သမ္မတ ဖရန်ဆွာ အော်လွန်းနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ ဒီနောက်မှာရော ဘာအစီအစဉ်တွေ ရှိပါသေးလဲ ဆိုတာကိုတော့ ပြင်သစ်မှာ နေထိုင်ကြတဲ့ မြန်မာအသိုင်းအဝိုင်းက မခင်ဇင်မင်းက အခုလိုပြောပါတယ်။
“ဒီနေ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ Program - သူတို့ပြောချက်အရ သမ္မတနဲ့တွေ့မှာက ဒီနေ့ညနေ ၆ နာရီ၊ ၄၀ မှာ တွေ့မယ်။ မနက်ဖြန်ကတော့ အစီအစဉ်တွေ များတယ်။ ဒေါ်စုက နိုင်ငံခြားရေးဝန်ကြီးဌာနတို့၊ သမ္မတနဲ့လည်းတွေ့မယ်လေ။ သမ္မတအိမ်တော်မှာ နောက်ပြီးတော့ သူက အဓိက-က ပြင်သစ်စစ်တပ်ရဲ့ မြင်းတပ်မတော်ပေါ့နော်၊ ဘာကြောင့်လဲဆိုတော့ ဘုရင်ခံ အခမ်းအနားတွေ ဘာတွေကျရင် ပြင်သစ်က မြင်းတပ်မတော်ကို သုံးတုန်းပဲလေ။ အဲဒီကိုလည်း သူ သွားဖို့ရှိတယ်။ နောက် ပြင်သစ်ကဆို စစ်တပ်ရဲ့ သေနာပတိချုပ် အကြီးအကဲကြီးတွေနဲ့လည်း တွေ့ဖို့ ရှိပါတယ်။ အဲဒါတွေ အကုန်လုံးကတော့ မနက်ဖြန်မှ တွေ့မှာ။
“အန်တီစုက လာတယ်ဆိုပေမယ့် သူ့ရဲ့ ပရိုဂရမ်တွေက အရမ်းကို ကြပ်နေတယ်။ ကြပ်နေတဲ့အခါကျတော့ သူက ဘာပြောသလဲဆိုတဲ့အခါကျတော့ အစကတော့ တွေ့ချင်တယ်ပေါ့နော်။ မြန်မာတွေနဲ့လည်း အမှတ်တရ နှုတ်ဆက်ချင်တယ်ဆိုတဲ့အခါကျတော့ သူက ဘယ်လိုမှကို မတွေ့ဖြစ်ဘူး-တဲ့။ ပြီးတော့ သူက ချက်ခြင်းပဲ ၁၆ ရက်နေ့ကို ပြန်မယ်။ ပြန်မယ်ဆိုတော့ ၁၄၊ ၁၅၊ ၁၆ - သုံးရက်လို့ ပြောပေမယ့် တကယ်တန်း သူရတာကတော့ ၁ ရက်ပဲ ရတယ်။”
ပြင်သစ်အခြေစိုက် မြန်မာအသိုင်းအဝိုင်းက မခင်ဇင်မင်း ပြောပြပေးခဲ့တာ ဖြစ်ပါတယ်။