သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်ဝန်ကြီးချုပ်ဟောင်း Gordon Brown နဲ့ ဒေါ်စု တွေ့ဆုံမည်

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပခရီးစဉ်၊ ရောက်ရှိနေအတွင်း စနေ တနင်္ဂနွေ အားလပ်ရက်တွေမှာ မိသားစုနဲ့ သီးသန့် တွေ့ဆုံ ခဲ့ပါတယ်။ ဒီနေ့ တနင်္လာနေ့မှာတော့ လန်ဒန်မြို့မှာ ဗြိတိန် ဝန်ကြီးချုပ်ဟောင်း Gordon Brown နဲ့ တွေ့ဆုံပြီး၊ နောက်ပိုင်းမှာ British Council ရုံးကို သွားရောက်ဖို့ ရှိပါတယ်။

မနက်ဖြန် အင်္ဂါနေ့မှာတော့ ပြင်သစ် နိုင်ငံကို သွားရောက်မှာ ဖြစ်တယ်လို့ ခရီးစဉ်မှာ အတူ လိုက်ပါသွားတဲ့ ဦးခွန်သာမြင့်က ဗွီအိုအေ ကို ပြောပါတယ်။

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပ ခရီးစဉ်အပြီးသတ်ပြီးရင်တော့ ဇွန်လ ၂၉ ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်လာမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံ နေပြည်တော်မြို့မှာ ဇူလိုင်လ ၄ ရက်နေ့မှာ ပြန်စမယ့် ပြည်သူ့လွှတ်တော် အစည်းအဝေးကို တက်ရောက် လိမ့်မယ်လို့လည်း ခန့်မှန်းရပါတယ်။

ဒီသီတင်းပတ်မှာပဲ မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည် နေထိုင်နေတဲ့ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာ လမ်းအမှတ် (၅၄) နေအိမ် ခြံဝန်းကို အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးနဲ့ တဝက်စီခွဲဝေယူဖို့ အနောက်ပိုင်း ခရိုင်တရားရုံးက အမိန့်ချမှတ် လိုက်တယ်လို့ ပြည်တွင်းအပတ်စဉ် သတင်းဂျာနယ် တချို့က ဖော်ပြကြပါတယ်။

This item is part of
XS
SM
MD
LG