သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု သွားတွေ့ခဲ့တဲ့ HIV ဝေဒနာရှင်တွေကို နေထိုင်ခွင့် ရုပ်သိမ်းမည်


ဒေါ်စု သွားတွေ့ခဲ့တဲ့ HIV ဝေဒနာရှင်တွေကို နေထိုင်ခွင့် ရုပ်သိမ်းမည်
ဒေါ်စု သွားတွေ့ခဲ့တဲ့ HIV ဝေဒနာရှင်တွေကို နေထိုင်ခွင့် ရုပ်သိမ်းမည်

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သွားရောက်တွေ့ဆုံခဲ့တဲ့ HIV/AIDS ရောဂါသည်တချို့ကို သူတို့ လက်ရှိနေထိုင်ပြီး ဆေးကုသမှု ခံယူနေတဲ့ စေတနာ့ဝန်ထမ်း ဆေးခန်းက မောင်းထုတ်လိုက်မယ်လို့ အာဏာပိုင်တွေက ခြိမ်းခြောက်တဲ့ ကိစ္စကို အမေရိကန် အခြေစိုက် USCB ခေါ် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့က ရှုတ်ချလိုက်ပါတယ်။

ဒီလူနာတွေကို ဒေါ်အောင်ဆန်းစုကြည် သွားရောက်တွေ့ဆုံ အားပေးခဲ့ပြီးနောက် ညဘက်မှာ လူနာတွေကို စောင့်ရှောက်နေတဲ့ စေတနာ့ဝန်ထမ်း တဦးကို ဆေးခန်းရှိရာ ဒဂုံမြို့သစ် (တောင်ပိုင်း) ရဲ့ အာဏာပိုင်တွေက ဆင့်ခေါ်ပြီး အဲဒီဆေးခန်းက လူနာ ၁၂၀ ကို နေထိုင်ခွင့် ဆက်ပြီး ထုတ်ပေးတော့မှာ မဟုတ်ဘူးလို့ ပြောကြားလိုက်တယ်လို့ ဆိုပါတယ်။

အခုလက်ရှိ နေထိုင်ခွင့်ဟာ နိုဝင်ဘာလ ၂၄ ရက်နေ့မှာ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

အာဏာပိုင်တွေရဲ့ လုပ်ရပ်ဟာ ခိုကိုးရာမဲ့ HIV လူနာတွေအပေါ် အကြင်နာတရား ကင်းမဲ့တဲ့ လုပ်ရပ်လို့ USCB ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG