သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအကျဉ်းသားကိစ္စ ICRC နဲ့ ဒေါ်စု တွေ့ဆုံ


နိုင်ငံရေးအကျဉ်းသားကိစ္စ ICRC နဲ့ ဒေါ်စု တွေ့ဆုံ
နိုင်ငံရေးအကျဉ်းသားကိစ္စ ICRC နဲ့ ဒေါ်စု တွေ့ဆုံ

ICRC နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ရှိသူတွေဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ ဒီကနေ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံမှုနဲ့ ပတ်သက်လို့ အသေးစိတ်ကို နှစ်ဘက်စလုံးက တရားဝင် ထုတ်ပြန်ဖို့ မရှိပေမဲ့ သူတို့ တွေ့ဆုံစဉ်အတွင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး ကိစ္စကို အဓိက ဆွေးနွေးခဲ့ကြတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရသူ ဦးအုန်းကြိုင်က ပြောပါတယ်။

“ဒီနေ့ ၂ နာရီမှာ ရန်ကုန်မှာ အခြေစိုက်တဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ (ICRC) က ဒေါ်စုအိမ်မှာ လာတွေ့ပါတယ်။ ဒေါ်စုနဲ့ ဆွေးနွေးပါတယ်။ Delegation ၄ ယောက်စလုံး လာပါတယ်။ Head of Delegation က ဂျော့ချ် ပက်စလီ စန်နူး၊ Deputy Head က ပက်ထရစ် ဝီလီယက်၊ Protection Unit က ဒိုမိနစ် အာဘန်၊ နောက် ဒေါက်တာဇော်ဝင်းပါ။ နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေး ကိစ္စတွေ အဓိက ဆွေးနွေးတယ်လို့ ကျနော် သိပါတယ်။”

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရသူ ဦးအုန်းကြိုင် ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ညနေပိုင်းမှာတော့ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှား သံအမတ်ကြီး H.E. Mr. Sebastianus Sumarsono ရဲ့ ဖိတ်ကြားမှုအရ အင်ဒိုနီးရှား သံအမတ် နေအိမ်ကို သွားရောက်ပြီး သံအမတ်နဲ့ တွေ့ဆုံခဲ့ပါတယ်။ အသေးစိတ်ကိုတော့ ထုတ်ပြန်မှု မရှိပါဘူး။

XS
SM
MD
LG