သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဧရာဝတီ ကယ်တင်ရေး ဒေါ်စု ပန်ကြား


ဧရာဝတီ ကယ်တင်ရေး ဒေါ်စု ပန်ကြား
ဧရာဝတီ ကယ်တင်ရေး ဒေါ်စု ပန်ကြား

တရုတ်၊ မြန်မာ နှစ်နိုင်ငံ ပူးတွဲတည်ဆောက်တဲ့ ရေအားလျှပ်စစ် စီမံကိန်းက မြန်မာနိုင်ငံရဲ့ အဓိက ရေကြောင်းလမ်းမကြီးဖြစ်တဲ့ နိုင်ငံရဲ့ အကြီးဆုံး ဧရာဝတီမြစ်ကြီးအတွက် အန္တရာယ် ဖြစ်စေနိုင်မယ့် ရေစီးအား ကျဆင်းမှု ဖြစ်စေနိုင်ပြီး နောက်ဆက်တွဲ ရလဒ်အဖြစ် နိုင်ငံက အဓိက အားထားရတဲ့ သီးနှံရိက္ခာ ဖြစ်ရုံမက ပင်မ နိုင်ငံခြားပို့ကုန်လည်း ဖြစ်တဲ့ ဆန်စပါး စိုက်ပျိုးထုတ်လုပ်ရေး အတွက်ပါ ခြိမ်းခြောက်မှု အန္တရာယ် ဖြစ်နေကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

ကြာသပတေးနေ့က ထုတ်ပြန်တဲ့ ပန်ကြားချက်မှာ စနစ်ကျတဲ့ စီမံကိန်းများ ကင်းမဲ့မှု၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေများကို လိုက်နာရန် ပျက်ကွက်မှု၊ သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာ ဗဟုသုတ အားနည်းမှုများကြောင့် ဖွံ့ဖြိုးမှု အနည်းဆုံး မြန်မာနိုင်ငံမှာ မဟာမြစ်ကြီးလို့ ခေါ်တဲ့ ဧရာဝတီမြစ်ကြီးနဲ့ ပတ်သက်လို့ ကြီးမားတဲ့ သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်ရမယ့် အခြေအနေတွေကို နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင်က ထောက်ပြ ပြောဆိုခဲ့ပါတယ်။

မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းရဲ့ တစိတ်တပိုင်းဖြစ်တဲ့ ဆည်တည်ဆောက်ရေး လုပ်ငန်းတွေကြောင့် ဆည်တွေရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ ဘူမိ ပြတ်ရွေ့ကြောတွေကြောင့်သာမက ကြီးမားတဲ့ ဆည်ပမာဏကြောင့် ပြင်းထန်တဲ့ ငလျင် လှုပ်ခတ်မယ်ဆိုရင် အလွန်ဆိုးရွားတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်ရဖို့ ရှိနေကြောင်း အဲဒီပန်ကြားချက်မှာ သုံးသပ် တင်ပြခဲ့ပါတယ်။

ရေကြောင်းတလျှောက် တရားမဝင် သစ်ခိုးခုတ်မှု ပြဿနာအပြင် ဆည်တည်ဆောက်မှုကြောင့် မြစ်ရေစီးအား ကျဆင်းလာနိုင်ပြီး ရေတိုက်စားမှု မြင့်လာနိုင်ကြောင်း၊ ရေစီးအား ကျသွားတဲ့အတွက် မြစ်ဝကျွန်းပေါ် ဒေသမှာ ဆားငံရေ ဝင်ရောက်မှု ပိုများလာလို့ ဆန်စပါး ထုတ်လုပ်မှုကို ထိခိုက်နိုင်တဲ့ အခြေအနေတွေကိုလည်း ထောက်ပြခဲ့ပါတယ်။

အိမ်နီးချင်းကောင်း ပီသစွာနဲ့ နှစ်ဦးနှစ်ဘက် လေးစား ချစ်ကြည်ရေးကို အခြေခံတဲ့ ဓလေ့ထုံးတမ်းတွေ တည်ဆောက်ပြီးဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံကို ဒီမိုကရေစီ ခေါင်းဆောင်က ဖော်ပြ သုံးစွဲထားတဲ့ နှစ်နိုင်ငံရဲ့ အစိုးရ နှစ်ရပ်စလုံးက ဆည်တည်ဆောက်မှုရဲ့ နောက်ဆက်တွဲအဖြစ် လူ့အသက်တွေနဲ့ အိုးအိမ်တွေကို ပျောက်ဆုံး မျိုးသုဉ်းစေမယ့် အန္တရာယ်ကို ရှောင်ရှားနိုင်မယ်လို့ မျှော်လင့်ကြောင်း အဲဒီပန်ကြားချက်မှာ ဒေါ်အောင်ဆန်းစုကြည်က ဖော်ပြ ပြောဆိုလိုက်ပါတယ်။

XS
SM
MD
LG