သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ကူညီဖို့ ဂျပန်ကို ဒေါ်စု တိုက်တွန်း


မြန်မာ့အရေး ကူညီဖို့ ဂျပန်ကို ဒေါ်စု တိုက်တွန်း
မြန်မာ့အရေး ကူညီဖို့ ဂျပန်ကို ဒေါ်စု တိုက်တွန်း

စစ်အစိုးရ အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီကျအောင် လုပ်တဲ့ ဖြစ်စဉ်ကို ဂျပန်နိုင်ငံက ကူညီဖို့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဂျပန်နိုင်ငံကို တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီ အကူးအပြောင်းအတွက် တခြား အစိုးရတွေနဲ့အတူ အလုပ်လုပ်ဖို့ ဂျပန်အစိုးရကို ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။ ဂျပန် ကျိုဒို သတင်းဌာနနဲ့လုပ်တဲ့ တယ်လီဖုန်း အင်တာဗျူးမှာ အင်္ဂါနေ့က အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

တွေ့ဆုံဆွေးနွေးရေးကို သူက ထပ်ခါ ခေါ်ခဲ့ပေမဲ့ စစ်တပ်က မတုံ့ပြန်ခဲ့ဘူးလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ကျိုဒိုကို ပြောပါတယ်။ ဒါပေမဲ့ သူမ အနေနဲ့ ဇွဲရှိရှိ ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ လူငယ်တွေက နိုင်ငံရေးအရ ပိုအားတက်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ညီညွတ်ရေးဆိုတာ အင်အားဖြစ်ပြီး အင်အားဆိုတာ ဒီမိုကရေစီ ကူးပြောင်းရေး ပိုမြန်ဆန်စေမယ်လို့ အဓိပ္ပာယ် ထွက်တာကြောင့် နိုင်ငံရေးပါတီတွေ အားလုံးကို စည်းလုံးညီညွတ်အောင် သူကြိုးစားမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အနောက်နိုင်ငံတွေက ပိတ်ဆို့ အရေးယူထားတာကြောင့် နိုင်ငံရေး၊ စီးပွားရေးနဲ့ ပြည်သူတွေရဲ့ ဘဝတွေအပေါ် ဘယ်လို၊ ဘာသက်ရောက်မှု ရှိသလဲ ဆိုတာကို သူမ အနေနဲ့ ပြန်ပြီး သုံးသပ်မယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားပါတယ်။

XS
SM
MD
LG