သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးအောင်ဆန်းဦးနှင့် မော်နီတာ ဂျာနယ်ကို ဒေါ်စု တရားစွဲ


Teylor Svift
Teylor Svift

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူ့အကိုဖြစ်သူ ဦးအောင်ဆန်းဦးနဲ့ မော်နီတာ ဂျာနယ်ကို တရားစွဲလိုက်ပါတယ်။ တရားရုံးတော်ကို မထီမဲ့မြင်ပြုရာ ရောက်မှုနဲ့ သြဂုတ်လ ၈ ရက်၊ တနင်္လာနေ့က တရားစွဲလိုက်တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အကိုဖြစ်သူ ဦးအောင်ဆန်းဦးတို့ ရင်ဆိုင်နေရတဲ့ အမှုနဲ့ ပတ်သက်လို့ မော်နီတာ ဂျာနယ်ကို ဦးအောင်ဆန်းဦးက မမှန်မကန် ပြောဆိုခဲ့တယ် ဆိုတာရယ်၊ ဦးအောင်ဆန်းဦးရဲ့ ပြောဆိုချက်ကို ဇူလိုင်လထုတ် မော်နီတာ ဂျာနယ်မှာ ထည့်သွင်း ဖော်ပြခဲ့တယ် ဆိုတာရယ်အတွက် တရားဥပဒေနဲ့ မညီလို့ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က တရားစွဲတာ ဖြစ်တယ်လို့ ပြောရေးဆိုခွင့် ရှိသူက ပြောပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ဦးအောင်ဆန်းဦးနဲ့ မော်နီတာဂျာနယ် ထုတ်ဝေသူအပြင် အယ်ဒီတာချုပ်ကိုပါ တရားဥပဒေ စိုးမိုးရေးအတွက် ဒေါ်အောင်ဆန်းစုကြည်က တရားစွဲဆိုခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောပါတယ်။

“တရားရုံးက ဆုံးဖြတ်ချက် မလုပ်ရသေးမီမှာ ဆုံးဖြတ်ပြီးသကဲ့သို့ ပြောဆိုတာတွေဟာ တရားရုံးကို မထီမဲ့မြင်ပြုတာ၊ အဲဒီလို ဥပဒေအရ တွေ့ပါတယ်။ နောက် ဒီဥစ္စာက တရားဥပဒေ စိုးမိုးရေးနဲ့လည်း ဆိုင်ပါတယ်။ တရားဥပဒေကို ဘယ်သူမှ လွှမ်းမိုးလို့ မရဘူး၊ တရားဥပဒေ အထက်မှာ ဘယ်သူမှ မရှိဘူး။ ဒါကြောင့် တရားဥပဒေနဲ့အညီ ဖြစ်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်က စွဲဆိုရခြင်း ဖြစ်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ဆန်းဦးတို့ ကြားက မပြီးပြတ်သေးဘဲ ရင်ဆိုင်နေရတဲ့ အိမ်မြေ ပိုင်ဆိုင်မှုဆိုင်ရာ တရားမမှုနဲ့ ပတ်သက်ပြီး မမှန်မကန် ပြောဆိုခဲ့တဲ့အတွက် ဦးအောင်ဆန်းဦးကို တရားစွဲရသလို မမှန်မကန် ပြောဆိုမှုတွေကို ဖော်ပြခဲ့တဲ့ မော်နီတာဂျာနယ်ကိုပါ တရားစွဲဆိုခဲ့တာလို့ ဆိုပါတယ်။

“အမှုရဲ့ အခြေအနေက လက်ရှိအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ဘက်က သက်သေတွေကို စစ်ဆေးဖို့ အဆင့်ကို ရောက်နေတယ်။ ဆိုလိုတာက အမှုက သွားနေတုန်းပဲ၊ အပြီးသတ် ဆုံးဖြတ်ချက် မရှိဘူး။ အဲဒီအချိန်မှာ ပြီးခဲ့တဲ့လက မော်နီတာဂျာနယ်မှာ ဦးအောင်ဆန်းဦးရဲ့ အင်တာဗျူး ပါတယ်။ အင်တာဗျူးထဲမှာ ဦးအောင်ဆန်းဦး ပြောနေတာက အမှုနဲ့ ပတ်သက်ပြီးတော့ အဓိကငြင်းချက် (Major Issue) တွေ အားလုံး သူနိုင်ပြီးပြီလို့ အဲဒီလို ပြောတယ်။ အဲဒီပြောကြားချက်ဟာ မမှန်သလို တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို လွှမ်းမိုးတဲ့ ပြောကြားချက်မျိုး၊ တရားရုံးကို မထီမဲ့မြင်ပြုတဲ့ ပြောကြားချက်မျိုးလို့ ကျနော်တို့ မြင်တယ်။

“အဲဒါကြောင့် ဦးအောင်ဆန်းဦးရယ်၊ အဲဒီဂျာနယ်ကို ထုတ်တဲ့ ထုတ်ဝေသူ ဦးလှမြင့်ဆွေရယ်၊ အယ်ဒီတာချုပ် မြတ်ခိုင်၊ သူတို့ကို ကျနော်တို့က တရားရုံးကို မထီမဲ့မြင်ပြုမှု ဥပဒေနဲ့ အရေးယူဖို့ တရားစွဲတာပါ။”

ဒီအမှုကို တရားရုံးတော်က တနင်္လာနေ့မှာ လက်ခံခဲ့ပါတယ်။ ဒါကြောင့် လာမယ့် သီတင်းပတ်တွေအတွင်း တရားရုံးချုပ်က ဒီအမှုနဲ့ ပတ်သက်ပြီး ရက်ချိန်းပေးမယ်လို့ မျှော်လင့်ထားကြောင်းလည်း ပြောပါတယ်။

“ကျနော်တို့ မျှော်လင့်တာကတော့ ၂ ပတ်၊ ၃ ပတ်လောက်အတွင်း တရားရုံးက ဒီအမှုကို ဘာလုပ်မလဲဆိုတာ ထွက်မှာပဲ။ တရားရုံးချုပ်ရဲ့၊ တရားလွှတ်တော်ရဲ့ ထုံးစံအရ အမှုရက်ချိန်း သတ်မှတ်ပြီး မပေးပါဘူး။ သောကြာနေ့ထုတ် ကြိုတင်သတိပေးဟာတွေကို ကြည့်ရပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်း ပြောသွားတာ ဖြစ်ပါတယ်။

XS
SM
MD
LG