သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု လုံခြုံရေးနဲ့ မြန်မာပြည် အခြေအနေ အမေရိကန် အနီးကပ် စောင့်ကြည့်


ဒေါ်စု လုံခြုံရေးနဲ့ မြန်မာပြည် အခြေအနေ အမေရိကန် အနီးကပ် စောင့်ကြည့်
ဒေါ်စု လုံခြုံရေးနဲ့ မြန်မာပြည် အခြေအနေ အမေရိကန် အနီးကပ် စောင့်ကြည့်

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် ပြည်ထောင်စု ကင်တာကီပြည်နယ်က ဝါရင့် ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် ခေါင်းဆောင် မစ်ချ် မက်ကောနဲလ် (Mitch McConnell) တို့ မနေ့ မနက်ပိုင်းမှာ တယ်လီဖုန်း ပြောဆိုခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စိတ်ဓာတ်တက်ကြွမှုနဲ့ စိတ်အားထက်သန်မှုတွေ အပြည့်ရှိနေပြီး မြန်မာပြည်သူတွေအတွက် အစွမ်းကုန် ဆောင်ရွက်ပေးမယ့် ခေါင်းဆောင်ကောင်း တဦးပါလို့ အထက်လွှတ်တော်အမတ် မစ်ချ် မက်ကောနဲလ်က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

တယ်လီဖုန်း ပြောဆိုမှုထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။

အခုရက်ပိုင်းတွေအတွင်း အစိုးရပိုင် သတင်းစာတွေကနေ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို ခြိမ်းခြောက်မှုတွေ လုပ်နေတဲ့အပေါ် သူ့အနေနဲ့ အထူးပဲ စိုးရိမ်နေတဲ့အကြောင်း၊ ဒီလို လုပ်ရပ်တွေကို ကမ္ဘာက ဝိုင်းပြီး ရှုတ်ချသင့်တယ်လို့လည်း ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးနဲ့ မြန်မာပြည် အခြေအနေတွေကို သူဆက်ပြီး အနီးကပ် စောင့်ကြည့်သွားမယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့တုန်းကလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တယ်လီဖုန်း ပြောဆိုခဲ့ကြပါသေးတယ်။ လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့ မြန်မာပြည် ဒီမိုကရေစီ ရရှိရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြိုးပမ်းမှုတွေကို အမေရိကန် ပြည်ထောင်စုက ထောက်ခံ အားပေးသွားမယ့်အကြောင်း ဝန်ကြီး ကလင်တန်က ကတိပေး ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG